၁) တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အသံတော်ကို မည်ကဲ့သို့ သိမြင်သင့်သနည်း။ လူတစ်ဦးသည် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု အမှန်တကယ် ပြန်ကြွလာခြင်းဖြစ်ကြောင်း မည်သို့ အတည်ပြုနိုင်သနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ယော ၁၀:၂၇) “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)
0 Comments
သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေကြသူများသည် ဤမေးခွန်းကို ဧကန်မုချတွေးနေကြမည် ဖြစ်သော ညီအစ်ကို မောင်နှမများစွာ ရှိပါသည်၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ အငယ် ၁၂ တွင် သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်” ဟု ပရောဖက်ပြုတော်မူခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ သူ တစ်ဖန် ပြန်ကြွလာသည့်လာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်၊ထို့ကြောင့် ယခု သူ ပြန်ကြွလာခဲ့ပြီးဖြစ်ပါသလား။ ဤမေးခွန်းက ကျွန်တော်တို့ ခရစ်ယာန်များအတွက် အလွန်အရေးကြီးပါသည်၊ ထို့ကြောင့် သခင်က အမှန်တကယ် ပြန်ကြွပြီးသည်၊ မကြွပြီးသည်ကို ကျွန်တော်တို့ မည်သို့ အတိအကျသိရမည်နည်း။ အမှန်မှာမူ သခင်ယေရှုက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများဖြင့် ကျွန်တော်တို့ကို ပြောပြနှင့်ပြီး ဖြစ်သည်၊ ကျွန်တော်တို့က အချက်အလက်များအားလုံးကို အတူတကွယူပြီး၊ အလွန်စိတ်ထက်သန်စွာ ချင့်ချိန်စဉ်းစားသမျှ ကာလပတ်လုံး အဖြေကို ရှာတွေ့ပါလိမ့်မည်။
ဖန်ဟောက် တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့မလဲ။ ကိုယ့်ချစ်ခြင်းကို ဘယ်လိုခိုင်မြဲစေမလဲ။ ပြီးရင် ကိုယ့်မိတ်ဆွေတွေနဲ့ဘယ်လိုဆက်သွယ်မလဲ။ စကားနဲ့လား။ ထားလိုက်ပါ။ လူတွက ဒီလိုလုပ်ဖို့အတွက် အချိန်မရှိဘူး။” ငွေဖက်သို့သာ လုံးလုံးပြောင်းကုန်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် အရာအားလုံးကို ထိုသို့သော လက်တွေ့ကျသည့် သုံးသပ်ခြင်းများဖြင့် စိုးမိုးခြယ်လှယ်နေသည်၊ ရုပ်ဝထ္ထုဆိုင်ရာ နှင့် ရုပ်ဝထ္ထုဆိုင်ရာ မဟုတ်သည့် အရာများအားလုံးတို့သည် ငွေအတွက် အလဲအလှယ်လုပ်နိုင်သည့် အရာများဖြစ်ပြီး၊ သင့်အိတ်ထဲမှ ငွေစက္ကူအရေအတွက်က သင့်တန်ဖိုးနှင့် အဆင့်အတန်းတို့ကို ဆုံးဖြတ်ပေး သည်။ သင့်ထံတွင် ငွေများစွာရှိပါက၊ အခြားသူများက သင့်ကို အလုပ်အကျွေး ပြုဖို့နှင့် မြှောက်ပင့်ဖို့ အလုအယက်တိုးဝှေ့ကြိုးပမ်းကြမည်၊ သို့သော်လည်း ငွေမရှိပါက အခြားသူများက သင့်ကို အထင်သေးစေပြီး၊ မိတ်ဆွေများနှင့် ဆွေမျိုးများက သင့်ကို ရှောင်ရှားစေသည်။ “ ချမ်းသာဝပြောသည့်အချိန်တွင် မိတ်ဆွေများလိမ့်မည်၊ ဘေးဒုက္ခဆင်းရဲရောက်ချိန်တွင် အယောက်နှစ်ဆယ် တွင် တစ်ယောက်မှမရှိပါ” ဆိုသည့် ဆိုရိုးစကားနှင့်အညီပင် ဖြစ်သည်။ အရာအားလုံးကို အကဲဖြတ်ဖို့ ငွေကို အသုံးပြုကြသည့် လူများ ပိုပို၍ များလာသည်။ ချမ်းသာကြွယ်ဝသူများသာလျှင် သူတို့တစ်ဦးချင်းစီ၏ တန်ဖိုးကို ဖော်ပြနိုင်ပြီး၊ သာလွန်သောဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ခွင့် ရသည် ဟူ၍ ယုံကြည်ကြသည်။ ထို့ကြောင့် လူများစွာတို့က ငွေ၏ကျေးကျွန်ဖြစ်လာကာ၊ ငွေပိုရရှိရန် အရာအားလုံး ကို စတေးရန်လိုလားကြသည်။ သူတို့၏ ဘဝများ၊ ကျန်းမာရေးများနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာများကိုပင် စတေးရန် လိုလားကြသည်၊ တစ်ခါက ကျွန်မက အဓိပ္ပါယ်အရှိဆုံး ဘဝမှာ မည်သည့်အရာဖြစ်မှန်း မသိခဲ့သောကြောင့် ငွေရှာရန် အလုပ်လုပ်ခြင်းသည် ကျွန်မ၏ ပန်းတိုင်ဖြစ်လာခဲ့သည်။ စိုးရိမ်ရသည့် နာမကျန်းဖြစ်ခြင်း က ရုတ်တရက် နားလည်သဘောပေါက်မှုကို သယ်ဆောင် လာပြီး၊ ငွေနောက်မှ မှောင်မိုက်သည့် ဇတ်ကောင်ကို သတိပြုမိစေသည့်အပြင်၊ ငွေရှာခြင်းထက် ပိုပြီး အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုကို ကူညီရှာဖွေပေးခဲ့သည့် နေ့ရက်အထိပင် ဖြစ်ပါသည်။
ဝိညာဉ်ရေးရာဝတ်ပြုခြင်းကို ဝေငှခြင်း- ခရစ်ယာန်များသည် စုဝေးပွဲများ တက်ရောက်ခြင်းကို လျစ်လျူမရှုရပါ ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။ ချောင်ဝေ၊ ရှန်ဟိုင်းမြို့ လွန်ခဲ့သောအချိန်ကာလ၌ ကျွန်မနှင့်အတူ တာဝန်များအား လုပ်ဆောင်ခဲ့သော ညီအစ်မ တစ်ယောက်သည် သူမက ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဖတ်နေစဉ် ရရှိခဲ့သည့် ဉာဏ်အလင်းပေး ခြင်းများကို ဝေမျှသောအခါ လှုံ့ဆော်အားပေးခြင်းနှင့် အကျိုးအမြတ်အချို့ကို ကျွန်မ အမြဲ လက်ခံရရှိခဲ့ သော်လည်း၊ ကျွန်မထံတွင် သူမ ကြွားနေသည်ဆိုသော အသိတစ်ခု အမြဲတမ်း စွဲကျန်နေခဲ့သည်။ ကျွန်မက “အကယ်၍ ငါသူ့ကို အခုချက်ချင်းတုန့်ပြန်လိုက်ရင်၊ ငါ သူ့ဆန္ဒရိုင်းကို အလိုဖြည့်ပေးတာ မဟုတ်လား အဲဒီသဘောတရား အရဆိုရင် ငါက နိမ့်ကျနေမယ် မဟုတ်ဘူးလား” ရလဒ်အနေဖြင့် ကျွန်မသည် သူမဝေမျှသော အတွေးအမြင်တစ်ခုကိုမျှ မိမိကိုယ်ပိုင် အမြင်ရှုထောင့်ဖြင့် မိတ်ဿဟာယပြုခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းများ ပြုလုပ်ရန် ငြင်းဆန်ခဲ့ပါသည်။ တစ်ကြိမ်တွင်တော့၊ ကျွန်မ၏ညီအစ်မသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ခုအား ဖတ်ရာမှ ထိုးထွင်းအမြင်အချို့ရရှိခဲ့ပြီး၊ ကျွန်မတို့၏ အခြေအနေများ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရကာ ဘုရားသခင်၏ နှုတ်ကပတ်တော် ထိုကျမ်းပိုဒ် အတွက် သူမနှင့် မိတ်ဿဟာယဖွဲ့ဖို့ရန် ကျွန်မ၌ ဆန္ဒရှိသလောဟုမေးခဲ့ပါသည်။ သူမေးလျှင်မေးခြင်း ဤမကျေမချမ်းဖြစ်နေသည့် အတွေးအမြင်အားလုံးနှင့် ခံစားချက်များအားလုံးသည် ပေါ်ထွက်လာခဲ့သည်၊ “အစ်မက အစ်မရဲ့ အကြောင်းကိုပဲ သက်သေခံချင်တာ၊ ဟောပြောဖို့ ပရိတ်သတ်ရှိချင်တာ။ ကျွန်မက ဘာဖြစ်လို့ အစ်မနဲ့ မိတ်ဿဟာယဖွဲ့ရမှာလဲ” သူမပြောသည်ကို မကြားရဖို့ ကျွန်မသည် တွေ့ဆုံမှုမှ လစ်ပြေးဖို့ရန် အတော်ဝေးဝေးသို့ပင် သွားလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မနှလုံးသားထဲ၌ လေးလံမှု တစ်ခုကို ခံစားခဲ့ရသည်၊ ကျွန်မ၏ အခြေအနေနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေသည်ဆိုသည်ကိုသိခဲ့သော်လည်း ကျွန်မ၏ အတွင်းထဲမှဖြစ်နေသော ပဋိပက္ခကို ဖြေရှင်းဖို့ရန် နည်းလမ်းကောင်းကိုမူ ကျွန်မ မစဉ်းစားနိုင်ခဲ့ပေ။ ကျွန်မလုပ်နိုင်သည်က ကျွန်မ၏တာဝန်များထဲ၌ မိမိကိုယ်ကို အပြည့်အဝ မြှုပ်နှံဖို့ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖို့ရန်နှင့် ဤအပျက်သဘောဆောင်သော ခံစားချက်များမှ မိမိကိုယ်ကိုယ် အာရုံပြောင်းစေဖို့ရန် ဓမ္မသီချင်းများ ဆိုခြင်းတို့သာ ဖြစ်သည်။ သို့သော်လည်း၊ လက်ရှိအခြေအနေကို ကျွန်မရင်ဆိုင်ရတိုင်း ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ကျွန်မ၏ နှလုံးသားထဲ၌ ပေါ်ထွက်လာခဲ့သည်၊ အရေးကိစ္စများသည် ပို၍ဆိုးလာသည်၊ ပို၍မကောင်းလာသည့်အပြင်၊ ကျွန်မမှာ ၎င်းမှ မည်သို့ လွတ်မြောက်နိုင်မည်ကိုလည်း တစိုးတစမျှပင် မသိရှိခဲ့ပါ။
ဟွဖေး မှ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ- စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း နှစ်) ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု ညီအစ်မလီက နားထောင်ပြီးနောက် ပြုံးလိုက်ပြီး- “ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ၊ အလွန်အရေးပါတဲ့မေးခွန်းကို ရှင်မေးလိုက်တာပဲ။ ကျွန်မတို့ဟာ ခမည်းတော်ရဲ့အလိုတော်ကို လုပ်ဆောင်တဲ့လူတွေ ဖြစ်လာနိုင်၊ ဖြစ်မလာနိုင်ဆိုတာက ကျွန်မတို့ရဲ့ ကိုယ်ပိုင်အဆုံးသတ်တွေနဲ့ ခရီးဆုံးပန်းတိုင်တွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်၊ ပြီးတော့ ဒီမေးခွန်းအပေါ် မိတ်သဟာယပြုဖို့ သိပ်လိုအပ်တာပေါ့။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုက ဒီမေးခွန်းနဲ့ နှီးနွှယ်ပတ်သက်နေတဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေကို ကျွန်မတို့ဆီ ထုတ်ဖော်ပြခဲ့ပြီးပါပြီ။ ပထမဦးဆုံး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်အချို့ကို ဖတ်လိုက်ရအောင်။” ဟု ပြောလိုက်သည်။ သူမစကားပြောပြီးနောက်တွင် ညီအစ်မလီက ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ဖွင့်လိုက်ပြီး စတင်ဖတ်ရှုလိုက်သည်- “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍”) ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း တစ်) ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု အယ်ဒီတော့မှတ်စု– လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းမျှဖြင့် ဖခမည်းတော်၏ အလိုတော်ကို ကျွန်တော်တို့ လုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်၊ သို့သော် သခင်ယေရှုက- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု ဆိုထားပါသည်။ သခင်ယေရှုက သူ၏ အမည်နာမ၌ လုပ်ဆောင်ဟောပြောသောသူများကို အဓမ္မအမှုကိုပြုသောသူများဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်နေခြင်း မဟုတ်သလော။ ခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုခြင်းသက်သက်နည်း။ ညီအစ်မဆင်းလျှိုး၏ အတွေ့အကြုံက ကျွန်တော်တို့ကို အဖြေတစ်ခု ပေးပါသည်။ ပိုမိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ…
ဝိညာဉ်ရေးရာ ရင့်ကျက်ကြီးထွားခြင်း- စစ်မှန်သည့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် မည်သည့်အရာပါဝင်သနည်း လီချန် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း နှင့် ဓမ္မသီချင်းများ သီဆိုခြင်းတို့ ပါဝင်သည်ဟု ကျွန်မယုံကြည်သည် ကျွန်မ ဘုရားကျောင်းသို့ သွားပြီး သင်းအုပ်ဆရာက ဒေသနာဟောကြားသည်ကို နားထောင်သည့် ပထမဆုံး အချိန်ကို သတိရမိသည်၊ ထို့နောက်တွင် ကျွန်မက သခင်ယေရှု၏ ကယ်တင်ခြင်း အကြောင်း သိကျွမ်းခြင်း အချို့ ရရှိလာခဲ့ပြီး၊ သခင့်ကို ယုံကြည်လိုသည့် ကျွန်မ ဆန္ဒကို ချက်ချင်း ထုတ်ဖော်ခဲ့သည်။ ကျွန်မထွက်ခွာလာစဉ် သင်းအုပ်ဆရာက “ ခရစ်ယာန်တစ်ယောက်လို နေဖို့ဆို တာက၊ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင် ရမယ်” ဟု ကျွန်မ့ကို သတိပေးခဲ့သည်။ ကျွန်မက သင်းအုပ်ဆရာကို “ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းဆိုတာ ဘာလဲ၊ ဆရာ။ ကျွန်မတို့ ဘယ်လို လက်တွေ့ လုပ်ဆောင်ရမလဲ” ဟု မေးခဲ့သည်။ ထို့နောက်တွင် သင်းအုပ်ဆရာက ကျွန်တော့်ကို “ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း ဆိုတာ နေ့စဉ်နေ့တိုင်း သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနဲ့ ဓမ္မသီချင်းတွေကို သီဆိုခြင်း တို့ဖြစ်တယ်။ ကျွန်မတို့ ဆုတောင်းတဲ့အချိန်မှာ ကျွန်မတို့က ကျွန်မတို့ မိသားစုတွေအတွက် ဆုတောင်းရမယ်၊ ကျွန်မတို့ အသင်းတော်က အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက် ဆုတောင်းရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အစေခံတွေအတွက် ဆုတောင်းရမယ်။ ကျွန်မတို့က နေ့စဉ် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုပြီး ဓမ္မသီချင်းတွေကိုလည်း နေ့တိုင်းသီဆိုရမယ်၊ ပြီးတော့ ကျွန်မတို့က အနှောင့်အယှက် မရှိပဲ ဆက်ပြီး လုပ်ရမယ်။ ကျွန်မတို့က ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို နေ့စဉ် လုံ့လဝီရိယနဲ့ လက်တွေ့လုပ်ဆောင် သမျှ ကာလပတ်လုံး အစ်ကို့ရဲ့ ဝိညာဉ်အနှစ်သာရ ပြည့်ဝခြင်း က တိုးတက်လာပြီး၊ အစ်ကိုလည်း သခင့်ဆီကို ပိုပို နီးကပ်လာမယ်၊ ပြီးတော့ ဘုရားသခင်ကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လိမ့်မယ်” ဟု ပြောခဲ့ပါ သည်။
ရှင်ချို နန်ယန်းမြို့၊ ဟီနန် စီရင်စု ကျွန်မ တွေးလေ့ရှိတာက ဘုရားသခင်က လူသားရဲ့ပင်ကိုယ် ဖောက်ပြန်ပျက်ဆီးမှုကို ပြသတဲ့အခါ ဒါမှမဟုတ် လူသားရဲ့နောက်ဆုံးခရီးပန်းတိုင်ကို တရားစီရင်တဲ့ ပြင်းထန်တဲ့နူတ်ကပတ်တော်တွေကို သိရှိစေတဲ့အခါမှသာ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတတ်တာလို့ပေါ့။ နောက်ပိုင်း တော်တော်ကြာမှ မတော်မဆမှုတစ်ခုကြောင့် ကျွန်မ သဘောပေါက်လာရတာက ဘုရားသခင်ရဲ့ နူးညံ့တဲ့ နူတ်ကပတ်တော်တွေကလည်း သူ့ရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေပဲဆိုတာကိုပါ။ ကျွန်မ သဘောပေါက်ခဲ့တာက ဘုရားသခင်မိန့်မြွက်တဲ့ နူတ်ကပတ်တော်တိုင်းက သူရဲ့လူသားကို တရားစီရင်ခြင်း ဖြစ်တယ် ဆိုတာကိုပါ။
|
Click & Join usတံဆိပ်များ
All
|