၁) တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အသံတော်ကို မည်ကဲ့သို့ သိမြင်သင့်သနည်း။ လူတစ်ဦးသည် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု အမှန်တကယ် ပြန်ကြွလာခြင်းဖြစ်ကြောင်း မည်သို့ အတည်ပြုနိုင်သနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ယော ၁၀:၂၇) “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)
0 Comments
သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေကြသူများသည် ဤမေးခွန်းကို ဧကန်မုချတွေးနေကြမည် ဖြစ်သော ညီအစ်ကို မောင်နှမများစွာ ရှိပါသည်၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ အငယ် ၁၂ တွင် သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်” ဟု ပရောဖက်ပြုတော်မူခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ သူ တစ်ဖန် ပြန်ကြွလာသည့်လာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်၊ထို့ကြောင့် ယခု သူ ပြန်ကြွလာခဲ့ပြီးဖြစ်ပါသလား။ ဤမေးခွန်းက ကျွန်တော်တို့ ခရစ်ယာန်များအတွက် အလွန်အရေးကြီးပါသည်၊ ထို့ကြောင့် သခင်က အမှန်တကယ် ပြန်ကြွပြီးသည်၊ မကြွပြီးသည်ကို ကျွန်တော်တို့ မည်သို့ အတိအကျသိရမည်နည်း။ အမှန်မှာမူ သခင်ယေရှုက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများဖြင့် ကျွန်တော်တို့ကို ပြောပြနှင့်ပြီး ဖြစ်သည်၊ ကျွန်တော်တို့က အချက်အလက်များအားလုံးကို အတူတကွယူပြီး၊ အလွန်စိတ်ထက်သန်စွာ ချင့်ချိန်စဉ်းစားသမျှ ကာလပတ်လုံး အဖြေကို ရှာတွေ့ပါလိမ့်မည်။
ဝိညာဉ်ရေးရာဝတ်ပြုခြင်းကို ဝေငှခြင်း- ခရစ်ယာန်များသည် စုဝေးပွဲများ တက်ရောက်ခြင်းကို လျစ်လျူမရှုရပါ ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း နှစ်) ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု ညီအစ်မလီက နားထောင်ပြီးနောက် ပြုံးလိုက်ပြီး- “ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ၊ အလွန်အရေးပါတဲ့မေးခွန်းကို ရှင်မေးလိုက်တာပဲ။ ကျွန်မတို့ဟာ ခမည်းတော်ရဲ့အလိုတော်ကို လုပ်ဆောင်တဲ့လူတွေ ဖြစ်လာနိုင်၊ ဖြစ်မလာနိုင်ဆိုတာက ကျွန်မတို့ရဲ့ ကိုယ်ပိုင်အဆုံးသတ်တွေနဲ့ ခရီးဆုံးပန်းတိုင်တွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်၊ ပြီးတော့ ဒီမေးခွန်းအပေါ် မိတ်သဟာယပြုဖို့ သိပ်လိုအပ်တာပေါ့။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုက ဒီမေးခွန်းနဲ့ နှီးနွှယ်ပတ်သက်နေတဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေကို ကျွန်မတို့ဆီ ထုတ်ဖော်ပြခဲ့ပြီးပါပြီ။ ပထမဦးဆုံး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်အချို့ကို ဖတ်လိုက်ရအောင်။” ဟု ပြောလိုက်သည်။ သူမစကားပြောပြီးနောက်တွင် ညီအစ်မလီက ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ဖွင့်လိုက်ပြီး စတင်ဖတ်ရှုလိုက်သည်- “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍”) ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း တစ်) ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု အယ်ဒီတော့မှတ်စု– လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းမျှဖြင့် ဖခမည်းတော်၏ အလိုတော်ကို ကျွန်တော်တို့ လုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်၊ သို့သော် သခင်ယေရှုက- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု ဆိုထားပါသည်။ သခင်ယေရှုက သူ၏ အမည်နာမ၌ လုပ်ဆောင်ဟောပြောသောသူများကို အဓမ္မအမှုကိုပြုသောသူများဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်နေခြင်း မဟုတ်သလော။ ခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုခြင်းသက်သက်နည်း။ ညီအစ်မဆင်းလျှိုး၏ အတွေ့အကြုံက ကျွန်တော်တို့ကို အဖြေတစ်ခု ပေးပါသည်။ ပိုမိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ…
"တစ်ကြိမ် ကယ်တင်ခံရပါက၊ အမြဲတမ်း ကယ်တင်ခံရသည်" ဆိုသည့် ဖော်ပြချက်အတွက် သမ္မာကျမ်းစာဆိုင်ရာ အထောက်အထား တစ်စုံတစ်ခု ရှိပါသလား ရန်းစင်း ရှန်ဒေါင်း ပြည်နယ် ![]() နေက အနောက်ဖက်သို့ ဝင်ရောက်သွားပြီး၊ ဝင်သည့် နေ၏ နောက်ဆုံးအလင်းရောင်က ကမ္ဘာလောကအနှံ့ ဖြန့်ကျက်လျက်ရှိစဉ်၊ ကျွန်တော် အစည်းအဝေးတစ်ခုပြီးနောက် အိမ်သို့ လမ်းလျှောက် လာရင်း သင်းအုပ်ဆရာ “ သမ္မာကျမ်းစာမှာ ‘အဘယ်သို့ နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေ တော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်း သို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်း ငှါ နှုတ်ဖြင့် ဝန်ခံရ၏။’ (ရောမ ၁၀:၉-၁၁) လို့ ပြောထားတဲ့အတွက် တစ်ခါကယ်တင်ခံရဖူးရင် ကျွန်တော် တို့တွေဟာ အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တာနဲ့အညီ၊ ကျွန်တော်တို့ နှလုံးသားထဲက ယုံကြည်ပြီး၊ ကိုယ်တော့်ကို ကျွန်တော်တို့ နှုတ်တွေနဲ့ အသိအမှတ်ပြုသမျှကာလပတ်လုံး၊ ကျွန်တော်တို့က ကယ်တင်ခံရပြီး၊ ကျွန်တော်တို့ တစ်ကြိမ် ကယ်တင်ခံရရင် အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင့် အတွက် အလုပ်ဆက်လုပ်နေပြီး၊ အသုံးခံနေတဲ့အပြင် အဆုံးသတ်အထိ သည်းခံသမျှကာလပတ်လုံး၊ သခင်ပြန်ကြွ လာတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ချက်ခြင်း ချီဆောင်ခံရလိမ့်မယ်” ဟု ပြောခဲ့သည်ကို တွေးနေမိသည်။ ကျွန်တော်က သင်းအုပ်ဆရာ၏ စကားများကို အာမင်ဟု ပြောခဲ့ သည်၊” ဟုတ်ပါတယ်၊ ကျွန်တော်တို့ ရွေးနှုတ်ခံရဖို့အတွက် သခင်ယေရှုက ကားတိုင်မှာ သံမှိုစွဲခံခဲ့ရတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က သခင့်နာမတော်ကို ခေါ်၊ သခင့်ဆီမှာ ကျွန်တော်တို့အပြစ်တွေကို ဝန်ခံပြီး၊ နောင်တရရင်၊ ကျွန်တော်တို့ အပြစ်တွေလည်း လွတ်ငြိမ်းမှာဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရလိမ့်မယ်၊ တစ်ခါကယ်တင်ခံရဖူးရင်၊ အမြဲတမ်းကယ်တင်ခံရတယ်၊ ပြီးတော့ နောက်ပိုင်းမှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ဧကန်မုချ ချီဆောင်ခံရမယ်” ကျွန်တော်၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များအတွင်း ဤအမြင်ရှုထောင့်သည် မှန်ကန်သည်ဟု ကျွန်တော် အမြဲတမ်း ခိုင်မာစွာ ယုံကြည်ခဲ့သည့်အပြင်၊ တစ်ခါမျှ လုံးဝ သံသယ မဖြစ်ခဲ့ဖူးပါ။ ၆။ ဖောက်ပြန်ပျက်ဆီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည ![]() ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ် သို့မဟုတ် လက်ဆုပ်လက်ကိုင်မပြနိုင်သော အရာမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အတွက် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည်လူသားကို သူ့ကယ်တင်ခြင်း၏ အဆင့်အားလုံးတောက်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့တူညီသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်သည့် လူ့ဇာတိကိုခံယူရန်ဖြစ်လာသည်။ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို တိကျစွာဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှု ရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန်၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ ကွဲပြားမှုကို သိနိုင်မည်မဟုတ်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူတို့အကြားတွင် သူ၏ ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန်လူ့သဘာဝတွင် သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်။ ထို့အပြင် သူ၏ သာမန်လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန်လူ့သဘာဝသည် လူတို့ကြား များစွာသော အုတ်အော်သောင်းနင်းကို ဖြစ်စေခဲ့သော်လည်း ထိုအုတ်အော်သောင်းနင်းဖြစ်မှုသည် သူ့အမှု၏ ပုံမှန် အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံသော်လည်း သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊ သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်းဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။ ဇာတိခန္ဓာရှိ သူ၏အမှုမှတဆင့် ဘုရားသခင်၏ သာမန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့ကြား၌ရှိနေသော အယူအဆများထက် လူသားတို့သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာ ပိုသောအရာတို့ကို လက်ခံရရှိပါသည်။ ထိုအယူအဆများအားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှုတော်၏ ၀ါးမြိုခြင်းကို ခံရလိမ့်မည်။ သူ့အမှုကရရှိသော အကျိုးသက်ရောက်မှုများ၊ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူ၏အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏အယူအဆများထက် သာလွန် များပြားလာမည်။ ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန် သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် လူသား၏ဇာတိခန္ဓာနှင့် တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်။ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်။ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် လူတို့ကိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း ရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူပါသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် ဤဘုရားသခင်က ပြုလုပ်ရန် အလိုအရှိဆုံး အရာဖြစ်သော မိမိ၏ ကိုယ်ပိုင်ဘုရားသခင်ကို စိတ်အကျေနပ်ဆုံးဖြစ်စေသည့် မည်သည့်အရာကိုမဆို လူသည် သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိ၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာ ဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်။ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။ ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ - ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ
|
Click & Join usတံဆိပ်များ
All
|