(ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) တရုတ်ကွန်မြူနစ်ပါတီသည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ညဉ်းပန်းနှိပ်စက်ကြသနည် - အပိုင်း (၆) တရုတ်ကွန်မြုနစ်ပါတီ သည် သမ္မာတရားနှင့် ဘုရားသခင်အား အမှန်တကယ် မုန်းသော ဆိုးယုတ်သော အစိုးရ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် သည်သာ၊ သမ္မာတရားကို ဖေါ်ပြနိုင်သည့် ဤလောက၌ တစ်ခုတည်းသော မျက်မြင်ထင်ရှားဖြစ်နေသော အရာ ဖြစ်ကြောင်း ၎င်းတို့သိသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် သည် နောက်ဆုံးသောကာလ၏ ကယ်တင်ခြင်းအမှုတော်ကို ဆောင်ရွက်နေဆဲဖြစ်သည်။ အကယ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူများကြားတွင်ပြန့်နှံ့ နေလျှင်၊သမ္မာတရားကို ချစ်မြတ်နိုးသော လူတိုင်း ၊ အနန္တတန်ခိုးရှင် ဘုရားသခင် ထံ ပြန်လာမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ၏ ဆိုးယုတ်သော မျက်နှာသည်၊ ၎င်း၏ မျက်နှာအမှန်ဖြစ်ပြီး၊ သမ္မာတရား ကိုမုန်းတီးပြီး၊ ဘုရားသခင်အား ခုခံတော်လှန်နေခြင်းသည် ထုတ်ဖော်ခံရမည်ဖြစ်သည်။ ထိုနောက် လူသားမျိုးနွယ်တစ်ခုလုံး သည် တရုတ်ကွန်မြုနစ်ပါတီအား ကျောခိုင်းစွန့်ခွာသွားလိမ့်မည်။ ၎င်းသည် တရုတ်ပြည် တွင် ခြေကုပ် ယူနိုင်လိမ့်မည် မဟုတ်တော့ပေ။ ၎င်းသည် လောကီနိုင်ငံသားတို့အား ဆက်လက်ပြီး မပျက်ဆီးစေနိုင်သလို ထောင်ချောက်မဆင်နိုင်တော့ပေ။ ထို့ကြောင့်ပင် တရုတ်ကွန်မြူနစ်ပါတီ သည် အနန္တတန်ခိုးရှင် ဘုရားသခင်အား မုန်းတီး ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်အား ထိတ်ထိတ်ပျာပျာ ညှဉ်းဆဲ နေခြင်းဖြစ်သည်။
0 Comments
(ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အဘယ်ကြောင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပြစ်ဒဏ်ချမှတ်ကြသနည်း - အပိုင်း (၇)အဘယ့်ကြောင့် သင်းအုပ်ဆရာများနှင့် ဘာသာရေးလောကမှ အကြီးအကဲများ သည် အနန္တတန်ခိုးရှင် ဘုရားသခင်အား ဆန့်ကျင်ပြီး၊ ပြစ်ဒဏ်ချ မှတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသော သမ္မာတရားအား မုန်းတီးကာ ရန်လိုကြပြီး လက်မခံနိုင်ခြင်းကြခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ ခရစ်တော်ကို သူတို့ ငြင်းပယ်၊ ပြစ်ဒဏ်ချမှတ်ပြီး ဆန့်ကျင်ကြသည့် အကြောင်းရင်းဖြစ်သည်။ ဤအရာကသမ္မာတရားကို မုန်းတီးသော သူတို့တွင်ရှိသည့် ဆိုးယုတ်သည့်အနှစ်သာရကို ထုတ်ဖော် ပြသသည်။ ခရစ်တော် ဖော်ပြသော သမ္မာတရားသည် အလွန်တရာ တန်ခိုးကြီးမားပြီး၊ သြဇာအာဏာရှိပေသည်။ ၎င်းသည် လူသားမျိုးနွယ်အား နိုးထစေနိုင်ပြီး၊ ကယ်တင်နိုင်သကဲ့သို့ လူတို့အား စာတန်၏ စွမ်းအားများမှ ထွက်ပြေးလွတ်မြောက်ကာ ဘုရားသခင်ထံ ပြန်လှည့်လာစေနိုင်သည်။ ထို့ကြောင့်ပင်၊ သူတို့၏ ကိုယ်ပိုင်ကျော်ကြားမှုများ၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းများကို ကာကွယ်ရန်အတွက်၊ ဘာသာရေးလောကမှ ခေါင်းဆောင်များ သည်၊ ခရစ်တော်အား နောက်တကြိမ်၊ကားတိုင်တင် သံရိုက်စီရင်ကြခြင်းဖြစ်သည်။ ဤအရာများ သည် မှန်ကန်သော အချက်အလက် ဖြစ်ပြီး ဘုရားသခင်အား အစေခံသော်လည်း၊ တပြိုင်နက်ထဲ ခုခံနေသော ဘာသာရေး ခေါင်းဆောင်များ၏ အနှစ်သာရပင်ဖြစ်သည်။
အသိပညာမျာ: ဒီလောက် သာယာလိုက်တဲ့ အသံ - သခင်ယေရှုပြန်လာမည့်ပရောဖက်ပြုချက်ဟာ ဘယ်လိုမျိုးမှန်လာမှာလဲ (အပိုင်း ၁/၅) ဇာတ်လမ်းတို (၆) သခင်ယေရှုဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဘုရားသခင်ကိုယ်တော်တိုင်လားသခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်၊ သူဟာ ဘုရားသခင်ရဲ့သားတော် ဖြစ်တယ်လို့ သမ္မာကျမ်းမှာ ရှင်းလင်းစွာ မှတ်တမ်းပြုထားပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့ထင်ရှားပြခြင်းဖြစ်တယ်၊ သူဟာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်လို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သက်သေခံပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဒါမှမဟုတ် သူဟာ ဘုရားသခင်ကိုယ်တော်တိုင်လား။ အနန္တတန်ခိုးရှင် ပြောသည် “ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း’... ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ “ခမည်းတော် သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏” ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) များပြားသောအကြံပြုချက်များဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ Myanmar Subtitle movie | ဇာတ်လမ်းတို (၅) ဘုရားသခင်ရဲ့နှစ်ကြိမ်တိတိ လူ့ဇာတိခံခြင်း အဓိပ္ပာယ်ကို နားလည်ခြင်း ဘုရားသခင်ရဲ့ပထမအကြိမ် လူ့ဇာတိခံခြင်းဟာ ကားတိုင်ထက်မှာ အသေခံရင်းနဲ့၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ပေးခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ရဲ့ဒုတိယအကြိမ် လူ့ဇာတိခံခြင်းဟာ သမ္မာတရားကို ဖော်ပြပြီး၊ တရားစီရင်ခြင်း ပြစ်တင်ဆုံးမခြင်းအမှုကို ပြုရင်းနဲ့၊ လူတွေကို စာတန်ရဲ့အုပ်စိုးမှုအောက်ကနေ အလုံးစုံကယ်တင်ပေးပါတယ်။ ဘုရားသခင်ရဲ့နှစ်ကြိမ်တိတိ လူ့ဇာတိခံခြင်းဟာ ကြီးမားတဲ့အနက်အဓိပ္ပာယ်ရှိနေတယ်။ အနန္တတန်ခိုးရှင် ပြောသလိုပေါ့ “ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏”၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည့် အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး ဘုရား သခင်၏ ဝိညာဉ်မှာ ဇာတိပကတိနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်နှင့် အတူရှိကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏”၏ အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏”အား သာ၍ နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)
အသိပညာမျာ: သခင် ဒုတိယအကြိမ်ကြွလာခြင်းကို သင်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ ဇာတ်လမ်းတို (၄) ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဘာကြောင့် လူ့ဇာတိနှစ်ကြိမ် ခံယူတာလဲကျေးဇူးတော်ခေတ်မှာ လူ့ဇာတိခံဘုရားသခင်ဟာ လူတွေရဲ့အပြစ်တွေကို တာဝန်ခံပြီး၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှု ပြည့်စုံသွားအောင်၊ ကားတိုင်ထက်မှာ အသေခံခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြဖို့နဲ့ လူတွေကို အလုံးစုံ သန့်စင် ကယ်တင်ဖို့အတွက် နောက်တစ်ကြိမ် လူ့ဇာတိခံယူထားပါပြီ။ ဒါဆိုရင် လူတွေအပေါ် ကယ်တင်ခြင်းအမှု ပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံဖို့လိုတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “ပထမဆုံး လူ့ဇာတိခံယူခြင်းသည် ယေရှု၏ ဇာတိခန္ဓာမှ တစ်ဆင့် လူသားကို အပြစ်မှ ရွေးနှုတ်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိ ယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကို လုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့သည် သူတို့၏ အပြစ်များမှ လွတ်ပြီး အလုံးစုံ သန့်ရှင်းစေရန် ဖြစ်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လည် ရောက်ရှိရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် အလုံးစုံ သန့်ရှင်းစင်ကြယ်စေနိုင်သည်။ ... ဒုတိယ လူ့ဇာတိခံယူခြင်းသည် လူ၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူကို အလုံးစုံ သန့်စင်စေရန် လုံလောက်သည်။ သို့ဖြစ်ရာ ဒုတိယ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာတွင် ရှိသော အလုပ်အားလုံးကို အဆုံးသတ်စေရန် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံ စေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)
အကြံပြုစာမျာ:Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည် ဇာတ်လမ်းတို (၃) ခရစ်တော်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာဝကြား ခြားနားမှုဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့ လူ့ဇာတိခံယူပါတယ်။ အပြင်ပန်းအရတော့ လူ့ဇာတိခံဘုရားသခင်ဟာ သာမန်လူတစ်ယောက်လိုပဲ ထင်ရပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံဘုရားသခင်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာဝကြား အဓိကခြားနားမှုကို သင် သိပါသလား။ အနန္တတန်ခိုးရှင် ပြောသည် “ဘုရား၏ ဝိညာဉ်တော်က ဝတ်ဆင်သော ဇာတိသည် ဘုရား၏ ဇာတိပကတိဖြစ်သည်။ ဘုရား၏ ဝိညာဉ်သည် အကြီးမြတ်ဆုံးဖြစ်သည်။ တန်ခိုး အလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏သွေးသားသည်လည်း အကြီးမြတ်ဆုံး ဖြစ်သည်။ တန်ခိုးအလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ ... လူနှင့်ခရစ်တော်သည် တစ်နေရာတည်းတွင် ရှိနေကြသည်မှန်သော်လည်း၊ လူသာလျှင် စာတန်၏ လွှမ်းမိုးခြင်း၊ အသုံးပြုခြင်းနှင့် ထောင်ချောက် ဆင်ဖမ်းခြင်းကို ခံရသည်။ ဆန့်ကျင်ဖက်အားဖြင့်၊ ခရစ်တော်မှာမူ စာတန်၏ စာရိတ္တဖျက်ဆီးခြင်းမှ ထာဝရ ကင်းလွတ်သည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသောဘုရား စံမြန်းရာသို့ရောက်အောင် ဆန်တက် နိုင်စွမ်း မရှိသည့်အပြင် ဘုရားအပါးသို့ ချဉ်းကပ်နိုင်စွမ်းလည်း ဘယ်တော့မှရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)
များပြားသောအကြံပြုချက်များ ချီဆောင်ခြင်း ဆိုသည် မှာ အဘယ်နည်း Myanmar Subtitle movie | ဇာတ်လမ်းတို (၂) လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲနောက်ဆုံးသောကာလမှာ၊ ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့အတွက် အမှုတော်ပြုဖို့ လူ့ဇာတိခံယူလိုက်ပါပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့က လူ့ဇာတိခံခြင်းသမ္မာတရားကို နားမလည်တာကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်ကို ပုံမှန်လူတစ်ယောက်လိုပဲ သဘောထားကြတယ်။ ဘုရားသခင်ရဲ့အသံတော်ကို အသိအမှတ်မပြုနိုင်ကြသလို၊ သခင့်ကို ဘယ်လိုကြိုဆိုရမလဲဆိုတာကိုလည်း ပိုလို့တောင် မသိကြဘူး။ ဘုရားသခင်ကို အာခံရှုတ်ချဖို့အတွက် ဘာသာရေးလောကနဲ့ ကြီးစိုးနေတဲ့ ဩဇာတွေနောက် လိုက်နိုင်တဲ့အဆင့်မျိုးအထိတောင် ရောက်နေကြပါပြီ။ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံပြီး ကျေးဇူးတော်ခေတ်ရဲ့အမှုတော်ကို ပြုခဲ့ချိန်တုန်းက အခြေအနေမျိုးနဲ့ မကွာခြားတော့ပါဘူး။ ဒါကြောင့် လူ့ဇာတိခံခြင်းသမ္မာတရားကို နားလည်ခြင်းဆိုတာ ဘုရားသခင်ကို သိနားလည်ခြင်းမှာ သော့ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခြင်းဆိုတာ အတိအကျပြောရရင် ဘာလဲ။ လူ့ဇာတိခံခြင်းရဲ့အနှစ်သာရက ဘာလဲ။ အကြံပြုစာမျာ: သခင် ဒုတိယအကြိမ်ကြွလာခြင်းကို သင်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ Myanmar Subtitle movie (မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) လူသားကြွရောက်လာခြင်း၏ နက်နဲမှု - ဇာတ်လမ်းတို ၁သခင် ပြန်လည်ကြွရောက်ခြင်းအကြောင်း ပြောမယ်ဆိုရင်၊ သခင်ယေရှုက အခုလိုမိန့်ခဲ့ပါတယ်။ "ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်" (ရှင်လုကာခရစ်ဝင် ၁၂:၄၀)။ "ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြားထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်" (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)။ ဒီဟောကိန်းတွေထဲမှာ "လူသား ကြွလာလိမ့်မည်" "လူသား ကြွရောက်လာခြင်း" ဆိုတာတွေကို ပြောထားပါတယ်။ ဒါကြောင့် "လူသား ကြွရောက်လာခြင်း" ဆိုတဲ့အဓိပ္ပာယ်အတိအကျဟာ ဘာလဲ။ သခင်ယေရှုဟာ ဘယ်လိုနည်းလမ်းနဲ့ ပြန်ပြီးကြွရောက်လာမှာလဲ။ ဒီ ရုပ်ရှင်ဇာတ်ကားတိုဟာ သင့်အတွက် သမ္မာတရားကို ဖော်ထုတ်ပြပါလိမ့်မယ်။
အကြံပြုစာမျာ: သခင် ဒုတိယအကြိမ်ကြွလာခြင်းကို သင်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ Myanmar new Movie | ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ - ရုပ်ရှင်ကလစ် ၄ - ဘာသာရေးဖာရိရှဲတို့၏ ချည်နှောင်ခြင်းမှလွတ်မြောက်ပြီး ဘုရားသခင်ဆီသို့ ဦးလှည့်ပါဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးက သင်းအုပ်ဆရာတွေဟာ သမ္မာကျမ်းစာကို အရှေ့ရော အနောက်ရောသိကျွမ်းကြတဲ့သူတွေဖြစ်ပြီးတော့၊ သမ္မာကျမ်းစာထဲက ကျမ်းပိုဒ်တွေကို မကြာခဏလူတွေကို ရှင်းပြလေ့ရှိတယ်။ ကျွန်ုပ်တို့မျက်စိထဲမှာတော့၊ သူတို့ဟာ ဘုရားသခင်ကိုသိကျွမ်းတဲ့သူတွေလို့ ထင်ရပေမဲ့၊ ဘာသာရေးလောကထဲက အများစုက နောက်ဆုံးသောကာလထဲမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ဘာလို့ရှုတ်ချပြီးဆန့်ကျင်နေကြတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် "ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရွတ်နေသည့်တိုင်
ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်သေးပဲ၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် တန်ဖိုးမဲ့၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီ ရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏ နာမကို ကိုင်ဆောင်ပြတတ်သော်လည်း စိတ်ဆန္ဒမှာမူ ဘုရားသခင်ကို ဆန့်ကျင်တတ်ကြ၏။......" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အကြံပြုစာမျာ:ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ - ရုပ်ရှင်ကလစ် ၃- သမ္မာကျမ်းစာကို ကျော်လွန်သွားပါ ကောင်းကင်နိုင်ငံတော်ရဲ့ စားပွဲကို သခင်နှင့်အတူတက်ရောက်ပါဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာရှိတယ်၊ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းဟာ ပြီးပြည့်စုံပြီ၊ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ သမ္မာကျမ်းစာပေါ်မှာပဲအခြေခံရမယ်၊ ပြီးတော့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းသာ သမ္မာကျမ်းစာပေါ် အခြေခံမယ်ဆိုရင်၊ ကျွန်ုပ်တို့ဟာ သေချာပေါက် ကောင်းကင်နိုင်ငံတော်ကို ချီဆောင်သွားခြင်းခံရမယ်။ ဒီဘာသာရေးအတွေးအခေါ်တွေဟာ မမြင်ရတဲ့ကြိုးတွေလို သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ကို မရှာဖွေအောင်နဲ့ ဘုရားသခင်ရဲ့လက်ရှိအမှုတော်တွေကို မနာခံနိုင်အောင် ကျွန်ုပ်တို့ရဲ့အတွေးတွေကို တင်းတင်းကြပ်ကြပ်ချည်နှောင်ထား၊ ချုပ်နှောင်ထားကြတယ်။ ဒီလိုသာဆိုရင် ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာနဲ့ ဘုရားသခင်၊ ပြီးတော့ သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့အမှုတော်ကြားက ဆက်သွယ်မှုကို ကျွန်ုပ်တို့ဘယ်လိုနားလည်နိုင်ကြမလဲ။ သခင်ယေရှုက၊ "ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည်အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။" (ယော ၅:၃၉-၄၀) လို့ပြောခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က၊ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။" လို့ပြောထားပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒါဟာ သမ္မာကျမ်းစာကို စွန့်ခွာမှသာလျှင် ဘုရားသခင်ရှေ့တော်ကိုလာပြီး ကိုယ်တော့်ကယ်တင်ခြင်းကိုလက်ခံဖို့နဲ့ ကောင်းကင်နိုင်ငံတော်ရဲ့စားပွဲကို သူနဲ့အတူတက်ရောက်ဖို့ဖြစ်တယ်။
အကြံပြုစာမျာ: Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည် |