Myanmar Gospel Song (ဘုရား၏စီမံခန့်ခွဲမှုအလုပ် လူသားများအား ရွေးနုတ်ကယ်တင်ဖို့) ခရစ်တော် ကချစ်ခြင်းဖြစ်သည် ကိုယ်တော့်မေတ္တာနှင့်ကရုဏာ
သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့ အစမှအဆုံး အသေးစိတ်ထိ လူတွေ သူ့ကြင်နာမှု ခံစားစား၊ မခံစားစား ဆောင်ရွက်စရာများ မမောမပန်း သူဆက်လက်လုပ်ဆောင် လူတွေ သူ့စီမံချက်ကို နားလည်လည်၊ မလည်လည် ဘုရားအလုပ်သည် လူတိုင်းခံစားသိနိုင်သည့် ထောက်ပံ့ကူညီမှုပေး ဘုရား၏စီမံဆောင်ရွက်မှု အကြံအစည်သည် လူသားများ နတ်ဆိုးပိုင်နက်မှ ဆွဲခေါ်ရန် မာရ်နတ်ပျက်စီးခံရသူများနှင့် သူ့အလိုတော်ဆန့်ကျင်သူများကို မပစ်ပယ်ရန် ကိုယ်တော့်မေတ္တာနှင့်ကရုဏာ သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့ အစမှအဆုံး အသေးစိတ်ထိ
0 Comments
ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့ ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
နှစ်ပေါင်းခြောက်ထောင်ကျော်ကြာမြင့်သောအကြံအစည်တော်ဖြစ်သည့် ငါ၏စီမံခွဲခန့်တော်မူခြင်း အစီအစဉ်၌ အဆင့်သုံးခု (သို့) ကာလသုံးပိုင်းပါရှိသည်။ ယင်းတို့မှာ အစအဦး၌ဖြစ်သော ပညတ်တော် ကာလ၊ ကျေးဇူးတော်ကာလ(ရွေးနှုတ်ခြင်းကာလဟူ၍လည်းခေါ်ဆိုသည်။) နှင့် နောက်ဆုံးသောနေ့ ရက်များ၏နိုင်ငံတော်ကာလ တို့ဖြစ်ကြသည်။ အဆိုပါကာလသုံးပိုင်းရှိ ငါ၏အမှုတော်တွင် ပါဝင်သော အရာများသည် ကာလတစ်ခုချင်းစီ၏ သဘောသဘာဝများအရ ခြားနားမှုများရှိနေသည်။ သို့သော် အဆင့်တိုင်း၌လူသား၏ လိုအပ်မှုများအရ (သို့) ပိုမိုတိကျစွာဆိုရပါက စာတန်မာရ်နတ်အား ငါဆင်နွဲ သည့် စစ်ပွဲ၌ စာတန်ကျင့်သုံးသည့်လှည့်စားမှုများနှင့်လျော်ညီစွာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ ငါလုပ်ဆောင်သော အလုပ်၏ရည်ရွယ်ချက်မှာ စာတန်မာရ်နတ်အား ချေမှုန်းရန်၊ ငါ၏ပညတ်တော်နှင့် အရာခပ်သိမ်းအားသိမြင်တော်မူခြင်းအား ထင်ရှားစွာမြင်တွေ့ကြစေရန်၊ စာတန်၏လှည့်စားမှုမှန်သမျှ အား ဖော်ထုတ်ရန်နှင့် ထိုသို့အားဖြင့် စာတန်၏ထိမ်းချုပ်မှုအောက်တွင် ရှိနေသည့် လူသားမျိုး နွယ်တစ်ရပ်လုံးအား ရွေးနှုတ်ကယ်တင်ရန်ဖြစ်သည်။ ၎င်းသည်ငါ၏ပညာတော်နှင့် အရာခပ်သိမ်း အား သိမြင်တော်မူခြင်းအား ဖော်ထုတ်ပြသရန်နှင့် စာတန်မာရ်နတ်၏ ဆိုးရွားသည့် သွင်ပြင် လက္ခဏာအား တချိန်တည်းဖော်ထုတ်ရန်ဖြစ်သည်။ ထို့အပြင် ကောင်းမြတ်ခြင်းနှင့်ဆိုးညစ်ခြင်းတို့ကို ငါဖန်ဆင်းတော် မူသောသူများခွဲခြားတတ်စေရန်သင်ကြားပေးခြင်း၊ငါသည်အရာခပ်သိမ်းတို့အား အုပ်စိုးတော်မူသောသူ ဖြစ်ကြောင်းသိစေရန်၊စာတန်သည်လူသားမျိုးနွယ်၏ရန်သူဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ စေနိုင်ရန်၊ အနိမ့်ဆုံးသောအရာထက် နိမ့်ကျသောသောသူဖြစ်ကြောင်း သိစေရန်၊ ဆိုးညစ်သောသူဖြစ်ကြောင်း သိစေရန်၊ကောင်းသောအရာနှင့်ဆိုးသောအရာတို့၏ခြားနားမှု၊ သမ္မာတရားနှင့် မှားယွင်းခြင်းတို့၏ ခြားနားမှု၊ သန့်ရှင်းခြင်းနှင့်ညစ်ညူးခြင်းတို့၏ခြားနားမှု၊ ကြီးမြတ်သောအရာနှင့်ဂုဏ်သိက္ခာကင်းမဲ့ခြင်း တို့၏ခြားနားမှုအားသေချာတိကျစွာပြောဆိုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ဂရုမမူလျက် ရှိနေကြသော လူသားမျိုးနွယ်အား ငါသည်လူသားမျိုးနွယ်ကို ပျက်စီးစေသောသူမဟုတ်ကြောင်း၊ ဖန်ဆင်းခြင်း၏အရှင်သခင်ဖြစ်သောငါတစ်ပါးတည်းသာလျင် လူသားမျိုးနွယ်အားကယ်တင်နိုင်ကြောင်း၊ ငါသာလျင်လူသားများ၏ ပျော်ရွှင်ခြင်းအား ပေးအပ်နိုင်သောသူဖြစ်ကြောင်းနှင့် လူသားများသည် ငါ့အား အရာခပ်သိမ်းအားအုပ်စိုးသောသူအဖြစ် သိစေရန်နှင့် စာတန်မာရ်နတ်သည် ငါဖန်ဆင်းထားခဲ့သောသူ၊ နောက်ပိုင်းတွင်ငါ့အားပုန်ကန်၍ဆန့်ကျင်ဘက်ပြုသောသူဖြစ်ကြောင်း လူသားများ သက်သေခံနိုင် လာကြစေရန်ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကြာမြင့်သော ငါ၏အစီအစဉ်အား အောက်ပါ အကျိုးရလဒ်များရရှိစေရန်အလို့ငှာ အဆင့်သုံးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားသည်။ ယင်းတို့မှာ ငါဖန်ဆင်းသောအရာများသည် ငါ၏သက်သေခံများဖြစ်လာကြစေရန်၊ ငါ၏အလိုတော်အား နားလည်စေရန်နှင့် ငါသည်သမ္မာတရားဖြစ်တော်မူကြောင်း သိလာကြစေရန်ဖြစ်သည်။ ဘုရားသခင်သည် စကြဝဋ္ဌာတစ်ဝှမ်းလုံးထဲတွင် အလုပ်စတင် ဆောင်ရွက်ကတည်းက အတန်းအစား အားလုံးမှ လူများအပါအဝင် များစွာသော သူများကို သူ့အား အစေခံဖို့ရန် ခွဲခန့်မှတ်သားထားပြီး ဖြစ်ပါသည်။ ဘုရားသခင်၏ အကြံအစည်တော်သည် မိမိကိုယ်တိုင်၏ အလိုတော် ပြည့်စုံစေရန်နှင့် ဤကမ္ဘာမြေကြီးပေါ်၌ သူပြုလုပ်သမျှ ချောမွေ့စွာ အသီးသီးစေရန်ဖြစ်သည်။ လူတွေကို သူ့အား အစေခံရန် ရွေးချယ်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤအရာပင်ဖြစ်သည်။ ဘုရာသခင်အား အစေခံသောသူတိုင်း ဘုရားသခင်၏ ဤအလိုတော်ကို နားလည်ထားရမည် ဖြစ်သည်။ ဘုရားသခင်၏ ဤအလုပ်တစ်လျှောက် လူသားတို့သည် ဘုရားသခင်၏ ဉာဏ်ပညာတော်နှင့် အနန္တတန်ခိုးတော်ကို ပိုမိုကောင်းမွန်စွာ သိရှိလာကြကာ ကမ္ဘာပေါ်ရှိ သူ့အလုပ်၏ နိယာမများကို ပိုမိုကောင်းမွန်စွာ မြင်တွေ့လာကြသည်။ ဘုရားသခင်သည် ဤကမ္ဘာမြေကြီးသို့ သူ့အလုပ်လုပ်ဆောင်ရန် ဧကန်အမှန် ကြွဆင်းလာပြီး လူများနှင့် ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ၎င်းတို့သည် သူ့လုပ်ဆောင်မှုများအကြောင်း ပိုမိုရှင်းလင်းစွာ သိလာကြရန်ဖြစ်ပါသည်။ ယနေ့တွင် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံနိုင်ရခြင်းသည် သင်တို့အုပ်စုအတွက် ကံကောင်းခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်။ အမှန်တကယ်ပင် ဘုရားသခင်သည် သင့်ကို မစနေခြင်း ဖြစ်သည်။ သူ့အား အစေခံမည့်သူများကို ရွေးချယ်ရာတွင် ဘုရားသခင်၌ အစဉ်အမြဲ မိမိကိုယ်တိုင်၏ နိယာမများရှိသည်။ ဘုရားသခင်အား အစေခံခြင်းမှာ လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန် တက်ကြွမှုဖြင့် လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ယနေ့ ဘုရားသခင်၏ မျက်မှောက်တော်တွင် သူ့အား အစေခံသော မည်သူမဆို ထိုသို့ ဆောင်ရွက်ကြသည်မှာ သင်တို့မျက်မြင်ဖြစ်သည်၊ အကြောင်းမှာ သူတို့တွင် ဘုရားသခင်၏ စောင့်မမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ ရှိပြီး သူတို့သည် သမ္မာတရားနောက်သို့ လိုက်သောသူများ ဖြစ်ကြသောကြောင့်ပင် ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်အား အစေခံသောသူတိုင်းတွင် ရှိရမည့် အနိမ့်ပါးဆုံးသော သတ်မှတ်ချက်များ ဖြစ်ပေသည်။
|
Click & Join usတံဆိပ်များ
All
|