ဘုရားသခင်သည် စကြဝဋ္ဌာတစ်ဝှမ်းလုံးထဲတွင် အလုပ်စတင် ဆောင်ရွက်ကတည်းက အတန်းအစား အားလုံးမှ လူများအပါအဝင် များစွာသော သူများကို သူ့အား အစေခံဖို့ရန် ခွဲခန့်မှတ်သားထားပြီး ဖြစ်ပါသည်။ ဘုရားသခင်၏ အကြံအစည်တော်သည် မိမိကိုယ်တိုင်၏ အလိုတော် ပြည့်စုံစေရန်နှင့် ဤကမ္ဘာမြေကြီးပေါ်၌ သူပြုလုပ်သမျှ ချောမွေ့စွာ အသီးသီးစေရန်ဖြစ်သည်။ လူတွေကို သူ့အား အစေခံရန် ရွေးချယ်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤအရာပင်ဖြစ်သည်။ ဘုရာသခင်အား အစေခံသောသူတိုင်း ဘုရားသခင်၏ ဤအလိုတော်ကို နားလည်ထားရမည် ဖြစ်သည်။ ဘုရားသခင်၏ ဤအလုပ်တစ်လျှောက် လူသားတို့သည် ဘုရားသခင်၏ ဉာဏ်ပညာတော်နှင့် အနန္တတန်ခိုးတော်ကို ပိုမိုကောင်းမွန်စွာ သိရှိလာကြကာ ကမ္ဘာပေါ်ရှိ သူ့အလုပ်၏ နိယာမများကို ပိုမိုကောင်းမွန်စွာ မြင်တွေ့လာကြသည်။ ဘုရားသခင်သည် ဤကမ္ဘာမြေကြီးသို့ သူ့အလုပ်လုပ်ဆောင်ရန် ဧကန်အမှန် ကြွဆင်းလာပြီး လူများနှင့် ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ၎င်းတို့သည် သူ့လုပ်ဆောင်မှုများအကြောင်း ပိုမိုရှင်းလင်းစွာ သိလာကြရန်ဖြစ်ပါသည်။ ယနေ့တွင် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံနိုင်ရခြင်းသည် သင်တို့အုပ်စုအတွက် ကံကောင်းခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်။ အမှန်တကယ်ပင် ဘုရားသခင်သည် သင့်ကို မစနေခြင်း ဖြစ်သည်။ သူ့အား အစေခံမည့်သူများကို ရွေးချယ်ရာတွင် ဘုရားသခင်၌ အစဉ်အမြဲ မိမိကိုယ်တိုင်၏ နိယာမများရှိသည်။ ဘုရားသခင်အား အစေခံခြင်းမှာ လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန် တက်ကြွမှုဖြင့် လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ယနေ့ ဘုရားသခင်၏ မျက်မှောက်တော်တွင် သူ့အား အစေခံသော မည်သူမဆို ထိုသို့ ဆောင်ရွက်ကြသည်မှာ သင်တို့မျက်မြင်ဖြစ်သည်၊ အကြောင်းမှာ သူတို့တွင် ဘုရားသခင်၏ စောင့်မမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ ရှိပြီး သူတို့သည် သမ္မာတရားနောက်သို့ လိုက်သောသူများ ဖြစ်ကြသောကြောင့်ပင် ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်အား အစေခံသောသူတိုင်းတွင် ရှိရမည့် အနိမ့်ပါးဆုံးသော သတ်မှတ်ချက်များ ဖြစ်ပေသည်။
0 Comments
|
Click & Join usတံဆိပ်များ
All
|