ဟွဖေး မှ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ- စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။
0 Comments
ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း တစ်) ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု အယ်ဒီတော့မှတ်စု– လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းမျှဖြင့် ဖခမည်းတော်၏ အလိုတော်ကို ကျွန်တော်တို့ လုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်၊ သို့သော် သခင်ယေရှုက- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု ဆိုထားပါသည်။ သခင်ယေရှုက သူ၏ အမည်နာမ၌ လုပ်ဆောင်ဟောပြောသောသူများကို အဓမ္မအမှုကိုပြုသောသူများဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်နေခြင်း မဟုတ်သလော။ ခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုခြင်းသက်သက်နည်း။ ညီအစ်မဆင်းလျှိုး၏ အတွေ့အကြုံက ကျွန်တော်တို့ကို အဖြေတစ်ခု ပေးပါသည်။ ပိုမိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ…
ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား ဟီးဂျွန်း ဆီချွမ်းမြို့ ၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည် ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို လာရောက်ရှာဖွေရာ၊ သူ့မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူက လူများအနေဖြင့် သန့်စင်ခံရန် ဘုရားသခင်က အလိုရှိကြောင်း၊ သို့သော်လည်း သူသည် မကြာခဏ အမှုမဲ့အမှတ်မဲ့ အပြစ်ကျူးလွန်မိကြောင်း နှင့် သူက အမြဲတမ်း ဤကဲ့သို့ အပြစ်၌ အသက်ရှင်နေထိုင်နေပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပါမည်လား ဟု ပြောခဲ့သည်။ သခင်ယေရှုက ကားတိုင်တင်ခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များအားလုံးကို သူ့ပေါ်သို့ယူတော်မူခဲ့ကာ၊ သူ့အသက်ဖြင့် ပေးဆပ်မှုများပြုခဲ့ကြောင်း ကျွန်တော် သူ့ကို ပြောခဲ့သည်။ သခင်ယေရှုကို ကျွန်တော်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့၏ အပြစ်များလွှတ်ခြင်းခံရသည့်အကြောင်း နှင့် သခင်သည် ကျွန်တော်တို့ကို အပြစ်သားများအဖြစ် နောက်ထပ် မမြင်တော့ကြောင်း၊ ပြီးလျှင် ကျွန်တော်တို့က အရာအားလုံးကို စွန့်လွှတ်ပြီး၊ မိမိကိုယ်ကို အသုံးခံကာ၊ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး၊ အဆုံးအထိ သည်းခံသမျှ ကာလပတ်လုံး သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဖြစ်ကြောင်းတို့ကို ကျွန်တော် ပြောခဲ့သည်။ ကျွန်တော် ဤသို့ပြောသည်ကို ထိုအစ်ကိုက ကြားပြီးနောက်၊ သူလိုချင်သည့် အဖြေကိုမရသည့် အသွင်ပေါက်နေခဲ့ပြီး အတော်အတန် စိတ်ပျက်သည့် ပုံစံဖြင့် ထွက်သွားခဲ့သည်။ သူထွက်သွားသည်ကို ကျွန်တော်ကြည့်ရင်း ကျွန်တော့်မှာ အလွန်ခက်ခဲရှုပ်ထွေးသော စိတ်ခံစားချက်အချို့ကို ခံစားခဲ့ရသည်။ အမှန်ပြောရပါလျှင် ကျွန်တော်ရော ဤအစ်ကိုကဲ့သို့ပင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မရှိခဲ့ပါသလား။ ကျွန်တော်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မကြာခဏ အပြစ်၏ ချည်နှောင်ခြင်းခံရပုံနှင့် နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ညပိုင်းတွင် ဝန်ခံသည့် အနေအထားတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပုံတို့ကို တွေးရင်းဖြင့် ကျွန်တော်သည်လည်း ထိုနည်းလမ်းဖြင့် ဆက်ပြီး အသက်ရှင်နေထိုင်လိုစိတ်မရှိခဲ့ပါ။ သို့သော်လည်း ကျွန်တော်က အမှန်တကယ်ပင် အပြစ်ကို မအောင်နိုင်သောကြောင့် သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့်နှုတ်ကပတ်တော် ဖတ်ရှုခြင်းကို အားဖြည့်ခဲ့ပါသည်။ သို့သော် ကျွန်တော့်အပြစ်များနှင့်ဆိုင်သော ပြဿနာများကို လုံးဝ မဖြေရှင်းခဲ့ပါ။ သခင်က သန့်ရှင်းသောကြောင့် ကျွန်တော့်ကဲ့သို့ အပြစ်ဖြင့် အလွန်အမင်း ပြည့်နှက်နေသည့် လူမျိုးကို ကိုယ်တော်က လက်ခံပါ့မလား။
|
Click & Join usတံဆိပ်များ
All
|