ချောင်ဝေ၊ ရှန်ဟိုင်းမြို့ လွန်ခဲ့သောအချိန်ကာလ၌ ကျွန်မနှင့်အတူ တာဝန်များအား လုပ်ဆောင်ခဲ့သော ညီအစ်မ တစ်ယောက်သည် သူမက ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဖတ်နေစဉ် ရရှိခဲ့သည့် ဉာဏ်အလင်းပေး ခြင်းများကို ဝေမျှသောအခါ လှုံ့ဆော်အားပေးခြင်းနှင့် အကျိုးအမြတ်အချို့ကို ကျွန်မ အမြဲ လက်ခံရရှိခဲ့ သော်လည်း၊ ကျွန်မထံတွင် သူမ ကြွားနေသည်ဆိုသော အသိတစ်ခု အမြဲတမ်း စွဲကျန်နေခဲ့သည်။ ကျွန်မက “အကယ်၍ ငါသူ့ကို အခုချက်ချင်းတုန့်ပြန်လိုက်ရင်၊ ငါ သူ့ဆန္ဒရိုင်းကို အလိုဖြည့်ပေးတာ မဟုတ်လား အဲဒီသဘောတရား အရဆိုရင် ငါက နိမ့်ကျနေမယ် မဟုတ်ဘူးလား” ရလဒ်အနေဖြင့် ကျွန်မသည် သူမဝေမျှသော အတွေးအမြင်တစ်ခုကိုမျှ မိမိကိုယ်ပိုင် အမြင်ရှုထောင့်ဖြင့် မိတ်ဿဟာယပြုခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းများ ပြုလုပ်ရန် ငြင်းဆန်ခဲ့ပါသည်။ တစ်ကြိမ်တွင်တော့၊ ကျွန်မ၏ညီအစ်မသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ခုအား ဖတ်ရာမှ ထိုးထွင်းအမြင်အချို့ရရှိခဲ့ပြီး၊ ကျွန်မတို့၏ အခြေအနေများ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရကာ ဘုရားသခင်၏ နှုတ်ကပတ်တော် ထိုကျမ်းပိုဒ် အတွက် သူမနှင့် မိတ်ဿဟာယဖွဲ့ဖို့ရန် ကျွန်မ၌ ဆန္ဒရှိသလောဟုမေးခဲ့ပါသည်။ သူမေးလျှင်မေးခြင်း ဤမကျေမချမ်းဖြစ်နေသည့် အတွေးအမြင်အားလုံးနှင့် ခံစားချက်များအားလုံးသည် ပေါ်ထွက်လာခဲ့သည်၊ “အစ်မက အစ်မရဲ့ အကြောင်းကိုပဲ သက်သေခံချင်တာ၊ ဟောပြောဖို့ ပရိတ်သတ်ရှိချင်တာ။ ကျွန်မက ဘာဖြစ်လို့ အစ်မနဲ့ မိတ်ဿဟာယဖွဲ့ရမှာလဲ” သူမပြောသည်ကို မကြားရဖို့ ကျွန်မသည် တွေ့ဆုံမှုမှ လစ်ပြေးဖို့ရန် အတော်ဝေးဝေးသို့ပင် သွားလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မနှလုံးသားထဲ၌ လေးလံမှု တစ်ခုကို ခံစားခဲ့ရသည်၊ ကျွန်မ၏ အခြေအနေနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေသည်ဆိုသည်ကိုသိခဲ့သော်လည်း ကျွန်မ၏ အတွင်းထဲမှဖြစ်နေသော ပဋိပက္ခကို ဖြေရှင်းဖို့ရန် နည်းလမ်းကောင်းကိုမူ ကျွန်မ မစဉ်းစားနိုင်ခဲ့ပေ။ ကျွန်မလုပ်နိုင်သည်က ကျွန်မ၏တာဝန်များထဲ၌ မိမိကိုယ်ကို အပြည့်အဝ မြှုပ်နှံဖို့ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖို့ရန်နှင့် ဤအပျက်သဘောဆောင်သော ခံစားချက်များမှ မိမိကိုယ်ကိုယ် အာရုံပြောင်းစေဖို့ရန် ဓမ္မသီချင်းများ ဆိုခြင်းတို့သာ ဖြစ်သည်။ သို့သော်လည်း၊ လက်ရှိအခြေအနေကို ကျွန်မရင်ဆိုင်ရတိုင်း ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ကျွန်မ၏ နှလုံးသားထဲ၌ ပေါ်ထွက်လာခဲ့သည်၊ အရေးကိစ္စများသည် ပို၍ဆိုးလာသည်၊ ပို၍မကောင်းလာသည့်အပြင်၊ ကျွန်မမှာ ၎င်းမှ မည်သို့ လွတ်မြောက်နိုင်မည်ကိုလည်း တစိုးတစမျှပင် မသိရှိခဲ့ပါ။
0 Comments
ဝိညာဉ်ရေးရာ ရင့်ကျက်ကြီးထွားခြင်း- စစ်မှန်သည့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် မည်သည့်အရာပါဝင်သနည်း လီချန် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း နှင့် ဓမ္မသီချင်းများ သီဆိုခြင်းတို့ ပါဝင်သည်ဟု ကျွန်မယုံကြည်သည် ကျွန်မ ဘုရားကျောင်းသို့ သွားပြီး သင်းအုပ်ဆရာက ဒေသနာဟောကြားသည်ကို နားထောင်သည့် ပထမဆုံး အချိန်ကို သတိရမိသည်၊ ထို့နောက်တွင် ကျွန်မက သခင်ယေရှု၏ ကယ်တင်ခြင်း အကြောင်း သိကျွမ်းခြင်း အချို့ ရရှိလာခဲ့ပြီး၊ သခင့်ကို ယုံကြည်လိုသည့် ကျွန်မ ဆန္ဒကို ချက်ချင်း ထုတ်ဖော်ခဲ့သည်။ ကျွန်မထွက်ခွာလာစဉ် သင်းအုပ်ဆရာက “ ခရစ်ယာန်တစ်ယောက်လို နေဖို့ဆို တာက၊ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင် ရမယ်” ဟု ကျွန်မ့ကို သတိပေးခဲ့သည်။ ကျွန်မက သင်းအုပ်ဆရာကို “ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းဆိုတာ ဘာလဲ၊ ဆရာ။ ကျွန်မတို့ ဘယ်လို လက်တွေ့ လုပ်ဆောင်ရမလဲ” ဟု မေးခဲ့သည်။ ထို့နောက်တွင် သင်းအုပ်ဆရာက ကျွန်တော့်ကို “ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း ဆိုတာ နေ့စဉ်နေ့တိုင်း သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနဲ့ ဓမ္မသီချင်းတွေကို သီဆိုခြင်း တို့ဖြစ်တယ်။ ကျွန်မတို့ ဆုတောင်းတဲ့အချိန်မှာ ကျွန်မတို့က ကျွန်မတို့ မိသားစုတွေအတွက် ဆုတောင်းရမယ်၊ ကျွန်မတို့ အသင်းတော်က အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက် ဆုတောင်းရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အစေခံတွေအတွက် ဆုတောင်းရမယ်။ ကျွန်မတို့က နေ့စဉ် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုပြီး ဓမ္မသီချင်းတွေကိုလည်း နေ့တိုင်းသီဆိုရမယ်၊ ပြီးတော့ ကျွန်မတို့က အနှောင့်အယှက် မရှိပဲ ဆက်ပြီး လုပ်ရမယ်။ ကျွန်မတို့က ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို နေ့စဉ် လုံ့လဝီရိယနဲ့ လက်တွေ့လုပ်ဆောင် သမျှ ကာလပတ်လုံး အစ်ကို့ရဲ့ ဝိညာဉ်အနှစ်သာရ ပြည့်ဝခြင်း က တိုးတက်လာပြီး၊ အစ်ကိုလည်း သခင့်ဆီကို ပိုပို နီးကပ်လာမယ်၊ ပြီးတော့ ဘုရားသခင်ကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လိမ့်မယ်” ဟု ပြောခဲ့ပါ သည်။
ရှင်ချို နန်ယန်းမြို့၊ ဟီနန် စီရင်စု ကျွန်မ တွေးလေ့ရှိတာက ဘုရားသခင်က လူသားရဲ့ပင်ကိုယ် ဖောက်ပြန်ပျက်ဆီးမှုကို ပြသတဲ့အခါ ဒါမှမဟုတ် လူသားရဲ့နောက်ဆုံးခရီးပန်းတိုင်ကို တရားစီရင်တဲ့ ပြင်းထန်တဲ့နူတ်ကပတ်တော်တွေကို သိရှိစေတဲ့အခါမှသာ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတတ်တာလို့ပေါ့။ နောက်ပိုင်း တော်တော်ကြာမှ မတော်မဆမှုတစ်ခုကြောင့် ကျွန်မ သဘောပေါက်လာရတာက ဘုရားသခင်ရဲ့ နူးညံ့တဲ့ နူတ်ကပတ်တော်တွေကလည်း သူ့ရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေပဲဆိုတာကိုပါ။ ကျွန်မ သဘောပေါက်ခဲ့တာက ဘုရားသခင်မိန့်မြွက်တဲ့ နူတ်ကပတ်တော်တိုင်းက သူရဲ့လူသားကို တရားစီရင်ခြင်း ဖြစ်တယ် ဆိုတာကိုပါ။
လီဟန်၊ ကျင်းရှီစီရင်စု ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသော အစ်မ နှင့် ပထမဆုံး အသင်းတော်ကိစ္စရပ်များကို စီစဉ်သောအချိန်တွင်၊ ကျွန်မတို့တွင် မတူညီသော အမြင်များ ရှိသောအခါ ကျွန်မ၏အဖော်ကို ကျွန်မ အပြစ်မတင်မိဖို ကျွန်မ၏နှလုံးသား နှင့် ဝိညာဉ်ကို ကာကွယ်ဖို့တောင်းဆိုရင်း ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပါသည်။ သို့သော် ကျွန်မ၏အဖော် နှင့် ပဋိပက္ခတွေမဖြစ်အောင် ကျွန်မ၏ အပြုအမူများကို ထိန်းချုပ်သောနေရာ၌သာ ကျွန်မ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့ပါ။ ထို့ကြောင့် အချိန်ကြာလာသည် နှင့်အမျှ အစ်မ နှင့် ပိုပိုပြီး သဘောမတိုက်ဆိုင်မှုများ ရှိလာသည်။ တစ်ခါတွင်ကျွန်မသည် အစ်မတစ်ယောက်ကို ယုံကြည်သူသစ်များအား ရေလောင်းသောရာထူး တိုးပေးချင်ခဲ့၏။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသောအစ်မက ယင်းအစ်မက မကောင်းပါဟု ပြောသည်။ သင့်တော်သည့်လူကို ကျွန်မလဲပြီးနောက်တွင် သူက ဒါ မကောင်းဘူးဟု ပြောနေဆဲပင် ဖြစ်သည်။ ကျွန်မ ချက်ချင်းစိတ်တိုပြီး စိတ်ဆိုးဆိုး နှင့် “ ဘယ်သူကမှ မကောင်းဘူး။ နင်ပဲ ကောင်းတယ်” ဟု ပြောလိုက်သည်။ သို့ဖြစ်၍ ဤကိစ္စကို လုံးဝ ထပ်မပြောတော့ပါ။ သူက ထိုအကြောင်းကိုမေးသောအခါ ကျွန်မ စိတ်တိုတို နှင့်၊ “ နင်ကြိုက်တဲ့သူကိုရွေး၊ ငါ ဂရုမစိုက်ဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်းတွင် သူဘာပဲပြောပြော သဘောထားကွဲလွဲမှုရှိခဲ့လျှင် ကျွန်မ ဘာမှမပြောတော့ပါ။ ပဋိပက္ခဖြစ်ခြင်းများကို ရှောင်နိုင်မည်ဟု တွေးထင်ရင်း ကျွန်မ ရေငုံနှုတ်ပိတ်နေလိုက်သည်။ တစ်ခါတစ်လေမှာ ချုပ်တည်းရခြင်းက မခံနိုင်အောင်ဖြစ်လာသည်။ ထို့ကြောင့် ကျွန်မ မှားသွားခဲ့ပြီဟု ခံစားရင်း တစ်နေရာရာ၌ ပုန်းကာ ငို ကြွေးခဲ့သည်။ နင်က မလုပ်နိုင်ဘူးလား။ ဒါဆိုရင် နင့်ဖာသာလုပ်လေ။ ပြီးရင် နင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာကို ကြည့်မယ် ဟုပင် ကျွန်မစဉ်းစားခဲ့သည်။ နောက်ပိုင်း တစ်ခါတွင် အထက်ခေါင်းဆောင်က ကျွန်မ ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်တစ်ခု ပေးခဲ့သည်။ ကိစ္စတစ်ခုလုံးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ရသည်။ ယင်းနှင့် ပတ်သက်၍ ကျွန်မ အတော်ကျေနပ်သလို ခံစားခဲ့ရသည်။ ကျွန်မနှင့်အတူလုပ်နေသောအစ်မက ကျွန်မကို ချီးကျူးပြီး နှစ်သိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်လင့်မထားပဲ ကျွန်မ၏အဖော်က ရေအေးတစ်လုံးနှင့် ကျွန်မကို လောင်းချလိုက်သကဲ့သို့ ငြင်းလိုက်ပြီး၊ “ ဒါက လုပ်ဖို့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ဤအရာက ကျွန်မကို တကယ်ဒေါသထွက်စေပါသည်။ ရှင် တကယ့်အခြေအနေကို နားမလည်ပဲနဲ့ လုံးဝ ငြင်းပယ်လိုက်တယ်။ ဒါတော်တော် ဘဝင်မြင့်တာပဲ ဟု ကျွန်မ တွေးလိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အမြင်များကို ကိုင်စွဲထားပြီး မည်သူမျှ အချင်းချင်း လက်ခံပေးဖို့ ဆန္ဒမရှိကြပါ။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော် ဆွေးနွေးမှုများကိုပင် ကျွန်မ နားမထောင်တော့ပါ။ ယင်းကို ကျွန်မ စဉ်းစားလေလေ၊ သူမှားသည်ဟု ကျွန်မ ခံစားရလေလေဖြစ်သည်။ သူ့၏ စီနီယာဖြစ်ခြင်းကို အခွင့်ကောင်းယူပြီး ကျွန်မကို တမင်သက်သက် အခက်တွေ့စေသည်မှာ သူဖြစ်သည်။ ကျွန်မ သူ့ကို အထပ်ထပ်သည်းခံခဲ့သော်လည်း သူ ကျွန်မကို ဤသို့ ဆံဆက်လျက်ပင်ရှိသေးသည်ကိုလည်း တွေးမိပါသည်။ ကျွန်မ စဉ်းစားကြည့်လေလေ ကျွန်မ မှားခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်မှာ အမှောင်ထဲမှာ ကျွန်မ လုံးဝကျန်ရစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့သည်အထိ ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်မ သူနှင့်အလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ အနေနှင့် ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်တဲ့အတွက် ကျွန်မ ဒီကိစ္စကနေ ပုန်းပဲနေလိုက်တော့မယ်ဟု စဉ်းစားခဲ့သည်။ ထိုအချိန်က ဤအခြေအနေမျိုးက အတော်အန္တရာယ်ရှိသည်ကိုလည်း ကျွန်မ သိပါသည်။ ဆိုးဝါးသောအရာ တစ်စုံတစ်ခု လုပ်မိခြင်းကို ရှောင်ကြဉ်ဖို့ တာဝန်တွေကို အမြန်ဆုံးလဲလိုက်ဖို တောင်းခံလျှင် ပိုကောင်းမည်ဟု ကျွန်မ တွေးမိသည်။ ထိုကြောင့် နှုတ်ထွက်စာကိုရေးဖို့ ကျွန်မ၏ သိပ်အရေးမပါသော ဝိညာဉ်အသက်တာ နှင့် အရည်အချင်းမပြည့်မှီမှုတို့ကို ဆင်ခြေအဖြစ်အသုံးချခဲ့သည်။ မကြာမီမှာပင် အထက်ခေါင်းဆောင်မှ ရှုံးနိမ့်ခြင်း နှင့် နှုတ်ထွက်ခြင်းကို ဝန်ခံခြင်းနှင့် ဆိုင်သည့် အခြေခံစည်းမျဉ်းများ နှင့် လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် လုပ်ဆောင်သော ကြီးမြတ်သည့် စာနာထောက်ထားမှုအကြောင်းကို ဝေမျှခဲ့ပါသည်။ သို့သော် ကျွန်မ၏ နှလုံးသားက မာကျောနေပြီး ပျော့ပြောင်းမသွားပါ။ ဘွန်း ဖိလစ်ပိုင် ကျွန်တော်က ချမ်းသာကြွယ်ဝလိုသည် “ ကျောင်းအုပ်ကြီးရှင်၊ ကျေးဇူးပြုပြီး ကျွန်မကလေးကို အခွင့်အရေး တစ်ခုပေးပြီး၊ စာမေးပွဲဖြေခွင့်ပေးပါ” ကျွန်တော့်အမေက အနည်းငယ် တုန်ခါနေသည့် အသံဖြင့် စကားပြောနေသည့် အားလျော်စွာ သူမ၏ မျက်လုံးများက ကျောင်းအုပ်ကြီးကို အနူးအညွတ်တောင်းပန်နေခဲ့သည်။ ရုပ်တည်ကြီးဖြင့်နေရင်း ကျောင်းအုပ်ဆရာကြီးက “ မရဘူး။ ကျောင်းမှာက စည်းကမ်းတွေ ရှိတယ်လေ။ စာမေးပွဲကြေး ပေးပြီးတဲ့ အချိန်မှသာ ကလေးတစ်ယောက်ဟာ စာမေးပွဲဖြေလို့ရတယ်” ဟု ပြောလိုက်သည်။ ကျွန်တော့်အမေက ရှက်နေသည့်အသွင်ရပြီး၊ “ ကျောင်းအုပ်ကြီးရယ်၊ ကျောင်း မှာလည်း ဒါက ကျောင်းအုပ်ကြီးအတွက် အရမ်း ခက်ခဲတယ် ဆိုတာကို ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာလည်း ကလေးတွေ အများကြီးရှိပြီး၊ ကျွန်မတို့မှာ စားနိုင်သောက်နိုင်ရုံလောက်သာ ရှိတာပါရှင်။ ကျွန်မတို့ တကယ်ကို စာမေးပွဲကြေးမတတ်နိုင်လို့ပါ။ ကျွန်မ ကျောင်းကို ကြွေးမြီဝန်ခံချက်တစ်စောင် ရေးပေးရင်ရော၊ ကျောင်းအုပ်ကြီးက ကျွန်မသားကို စာမေးပွဲပေးဖြေခွင့်ပေးပြီး ကျွန်မက တတ်နိုင်သမျှ အစောဆုံး ပြန်ပေးနိုင်အောင် နည်းလမ်းရှာမယ်လေ …” ဟု ပြောရင်းဖြင့် ကျောင်းအုပ်ကြီးကို အသနားခံခဲ့ပါသည်။ ကျောင်းအုပ်ကြီးက ကျွန်တော့် အမေကို ကြည့်ပြီး၊ ခဏ တွေးလိုက်သည်။ သူ့မှာ ရွေးချယ်မှုများစွာ မရှိသည့် အသွင်ပေါက်နေခဲ့ကာ၊ သူက “ ကောင်းပြီလေ” ဟု ပြောခဲ့ပါသည်။ ………… ရှောက်မိုး တရုတ်ပြည် “သခင်ယေရှု၏ ရွေးနှုတ်ခြင်း” အကြောင်း ပြောခြင်းသည် ကျွန်မတို့အား သခင့်ကို ကျေးဇူးတင်ခြင်း ဖြင့် အမြဲတမ်း ပြည့်နှက်စေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်က စာတန်၏ လက်များထဲမှ ကျွန်မတို့ကို ရွေးနှုတ်ရန် သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် ကားစင်တင်ခံပြီး ယဇ်ပူဇော်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျွန်မတို့၏ အပြစ်များအားလုံးကို လွှတ်ပေးခဲ့ပါသည်။ ကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင် ကျွန်မတို့က နောင်တရပြီး၊ မိမိတို့အပြစ်များကို သခင့်ကို ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်မတို့အပြစ်များလွှတ်ခံရပြီး၊ ကျွန်မတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နှစ်သက်ခံစားရပါသည်။ သို့သော်လည်း လတ်တလောတွင် ညီအစ်ကိုမောင်နှမအချို့က စိတ်ရှုပ်ထွေးလျက်ရှိသည်၊ ကျွန်မတို့အပြစ်များကို သခင်က ခွင့်လွှတ်ခဲ့သော်လည်း ကျွန်မတို့က အပြစ်၏ချည်နှောင်မှုမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါ၊ ကျွန်မတို့သည် မကြာခဏ လိမ်လည်ပြီး လှည့်စားကြကာ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေကြ၍၊ သခင့်သွန်သင်ချက်များကို ကျွန်မတို့ မထိန်းသိမ်းနိုင်ပါ။ သမ္မာကျမ်းစာက ကျွန်မတို့အား “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ” (ဟေဗြဲ ၁၀:၂၆) ဟု ရှင်းလင်းစွာပြောထားသည်။ ကျွန်မတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို သိစေကာမူ ကျွန်မတို့သည် တမင် သက်သက် အပြစ်ကျူးလွန်နိုင်ကြောင်းနှင့် ကျွန်မတို့က ပြောင်းလဲခြင်းမရှိပဲ နောင်တရရုံမျှသာရှိပါက၊ ကျွန်မတို့ အပ ြစ်များအတွက် စတေးမှုသည် အလဟဿ ဖြစ်သည်ကို ကျွန်မတို့ ရှင်းလင်းစွာ သိကြသည်။ ဤကဲ့သို့ပင် ကျွန်မတို့က သခင်ပြန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက်ချီဆောင် ခံရနိုင်ပါသလား။ သို့သော်၊ ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်သော်လည်း၊ သခင်က ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဟု ယုံကြည်ကြသော ညီအစ်ကို မောင်နှမအချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မတို့က ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်ခံရမလား။ ထိုပြဿနာကို အတူတကွ လေ့လာကြပါစို့။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ - လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ ခံယူခြင်းကို ဆိုလိုသည်၊ ဘုရားသခင် ဇာတိခန္ဓာ ဖြစ်လာခြင်းပင် ဖြစ်သည်၊ လူ့ဇာတိတွင် သူပြုသော အလုပ်မှာ ဇာတိခန္ဓာတွင် ဖော်ဆောင်သော၊ ဇာတိခန္ဓာအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိခန္ဓာမှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ သာသနာကို ဖြည့်စွမ်းနိုင်ခြင်း မရှိပါ၊ ဆိုလိုသည်မှာ အခြားအရာ တစ်ခုမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိ တစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ" မှ |
Click & Join usတံဆိပ်များ
All
|