ဖန်ဟောက် တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့မလဲ။ ကိုယ့်ချစ်ခြင်းကို ဘယ်လိုခိုင်မြဲစေမလဲ။ ပြီးရင် ကိုယ့်မိတ်ဆွေတွေနဲ့ဘယ်လိုဆက်သွယ်မလဲ။ စကားနဲ့လား။ ထားလိုက်ပါ။ လူတွက ဒီလိုလုပ်ဖို့အတွက် အချိန်မရှိဘူး။” ငွေဖက်သို့သာ လုံးလုံးပြောင်းကုန်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် အရာအားလုံးကို ထိုသို့သော လက်တွေ့ကျသည့် သုံးသပ်ခြင်းများဖြင့် စိုးမိုးခြယ်လှယ်နေသည်၊ ရုပ်ဝထ္ထုဆိုင်ရာ နှင့် ရုပ်ဝထ္ထုဆိုင်ရာ မဟုတ်သည့် အရာများအားလုံးတို့သည် ငွေအတွက် အလဲအလှယ်လုပ်နိုင်သည့် အရာများဖြစ်ပြီး၊ သင့်အိတ်ထဲမှ ငွေစက္ကူအရေအတွက်က သင့်တန်ဖိုးနှင့် အဆင့်အတန်းတို့ကို ဆုံးဖြတ်ပေး သည်။ သင့်ထံတွင် ငွေများစွာရှိပါက၊ အခြားသူများက သင့်ကို အလုပ်အကျွေး ပြုဖို့နှင့် မြှောက်ပင့်ဖို့ အလုအယက်တိုးဝှေ့ကြိုးပမ်းကြမည်၊ သို့သော်လည်း ငွေမရှိပါက အခြားသူများက သင့်ကို အထင်သေးစေပြီး၊ မိတ်ဆွေများနှင့် ဆွေမျိုးများက သင့်ကို ရှောင်ရှားစေသည်။ “ ချမ်းသာဝပြောသည့်အချိန်တွင် မိတ်ဆွေများလိမ့်မည်၊ ဘေးဒုက္ခဆင်းရဲရောက်ချိန်တွင် အယောက်နှစ်ဆယ် တွင် တစ်ယောက်မှမရှိပါ” ဆိုသည့် ဆိုရိုးစကားနှင့်အညီပင် ဖြစ်သည်။ အရာအားလုံးကို အကဲဖြတ်ဖို့ ငွေကို အသုံးပြုကြသည့် လူများ ပိုပို၍ များလာသည်။ ချမ်းသာကြွယ်ဝသူများသာလျှင် သူတို့တစ်ဦးချင်းစီ၏ တန်ဖိုးကို ဖော်ပြနိုင်ပြီး၊ သာလွန်သောဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ခွင့် ရသည် ဟူ၍ ယုံကြည်ကြသည်။ ထို့ကြောင့် လူများစွာတို့က ငွေ၏ကျေးကျွန်ဖြစ်လာကာ၊ ငွေပိုရရှိရန် အရာအားလုံး ကို စတေးရန်လိုလားကြသည်။ သူတို့၏ ဘဝများ၊ ကျန်းမာရေးများနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာများကိုပင် စတေးရန် လိုလားကြသည်၊ တစ်ခါက ကျွန်မက အဓိပ္ပါယ်အရှိဆုံး ဘဝမှာ မည်သည့်အရာဖြစ်မှန်း မသိခဲ့သောကြောင့် ငွေရှာရန် အလုပ်လုပ်ခြင်းသည် ကျွန်မ၏ ပန်းတိုင်ဖြစ်လာခဲ့သည်။ စိုးရိမ်ရသည့် နာမကျန်းဖြစ်ခြင်း က ရုတ်တရက် နားလည်သဘောပေါက်မှုကို သယ်ဆောင် လာပြီး၊ ငွေနောက်မှ မှောင်မိုက်သည့် ဇတ်ကောင်ကို သတိပြုမိစေသည့်အပြင်၊ ငွေရှာခြင်းထက် ပိုပြီး အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုကို ကူညီရှာဖွေပေးခဲ့သည့် နေ့ရက်အထိပင် ဖြစ်ပါသည်။
0 Comments
ချောင်ဝေ၊ ရှန်ဟိုင်းမြို့ လွန်ခဲ့သောအချိန်ကာလ၌ ကျွန်မနှင့်အတူ တာဝန်များအား လုပ်ဆောင်ခဲ့သော ညီအစ်မ တစ်ယောက်သည် သူမက ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဖတ်နေစဉ် ရရှိခဲ့သည့် ဉာဏ်အလင်းပေး ခြင်းများကို ဝေမျှသောအခါ လှုံ့ဆော်အားပေးခြင်းနှင့် အကျိုးအမြတ်အချို့ကို ကျွန်မ အမြဲ လက်ခံရရှိခဲ့ သော်လည်း၊ ကျွန်မထံတွင် သူမ ကြွားနေသည်ဆိုသော အသိတစ်ခု အမြဲတမ်း စွဲကျန်နေခဲ့သည်။ ကျွန်မက “အကယ်၍ ငါသူ့ကို အခုချက်ချင်းတုန့်ပြန်လိုက်ရင်၊ ငါ သူ့ဆန္ဒရိုင်းကို အလိုဖြည့်ပေးတာ မဟုတ်လား အဲဒီသဘောတရား အရဆိုရင် ငါက နိမ့်ကျနေမယ် မဟုတ်ဘူးလား” ရလဒ်အနေဖြင့် ကျွန်မသည် သူမဝေမျှသော အတွေးအမြင်တစ်ခုကိုမျှ မိမိကိုယ်ပိုင် အမြင်ရှုထောင့်ဖြင့် မိတ်ဿဟာယပြုခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းများ ပြုလုပ်ရန် ငြင်းဆန်ခဲ့ပါသည်။ တစ်ကြိမ်တွင်တော့၊ ကျွန်မ၏ညီအစ်မသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ခုအား ဖတ်ရာမှ ထိုးထွင်းအမြင်အချို့ရရှိခဲ့ပြီး၊ ကျွန်မတို့၏ အခြေအနေများ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရကာ ဘုရားသခင်၏ နှုတ်ကပတ်တော် ထိုကျမ်းပိုဒ် အတွက် သူမနှင့် မိတ်ဿဟာယဖွဲ့ဖို့ရန် ကျွန်မ၌ ဆန္ဒရှိသလောဟုမေးခဲ့ပါသည်။ သူမေးလျှင်မေးခြင်း ဤမကျေမချမ်းဖြစ်နေသည့် အတွေးအမြင်အားလုံးနှင့် ခံစားချက်များအားလုံးသည် ပေါ်ထွက်လာခဲ့သည်၊ “အစ်မက အစ်မရဲ့ အကြောင်းကိုပဲ သက်သေခံချင်တာ၊ ဟောပြောဖို့ ပရိတ်သတ်ရှိချင်တာ။ ကျွန်မက ဘာဖြစ်လို့ အစ်မနဲ့ မိတ်ဿဟာယဖွဲ့ရမှာလဲ” သူမပြောသည်ကို မကြားရဖို့ ကျွန်မသည် တွေ့ဆုံမှုမှ လစ်ပြေးဖို့ရန် အတော်ဝေးဝေးသို့ပင် သွားလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မနှလုံးသားထဲ၌ လေးလံမှု တစ်ခုကို ခံစားခဲ့ရသည်၊ ကျွန်မ၏ အခြေအနေနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေသည်ဆိုသည်ကိုသိခဲ့သော်လည်း ကျွန်မ၏ အတွင်းထဲမှဖြစ်နေသော ပဋိပက္ခကို ဖြေရှင်းဖို့ရန် နည်းလမ်းကောင်းကိုမူ ကျွန်မ မစဉ်းစားနိုင်ခဲ့ပေ။ ကျွန်မလုပ်နိုင်သည်က ကျွန်မ၏တာဝန်များထဲ၌ မိမိကိုယ်ကို အပြည့်အဝ မြှုပ်နှံဖို့ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖို့ရန်နှင့် ဤအပျက်သဘောဆောင်သော ခံစားချက်များမှ မိမိကိုယ်ကိုယ် အာရုံပြောင်းစေဖို့ရန် ဓမ္မသီချင်းများ ဆိုခြင်းတို့သာ ဖြစ်သည်။ သို့သော်လည်း၊ လက်ရှိအခြေအနေကို ကျွန်မရင်ဆိုင်ရတိုင်း ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ကျွန်မ၏ နှလုံးသားထဲ၌ ပေါ်ထွက်လာခဲ့သည်၊ အရေးကိစ္စများသည် ပို၍ဆိုးလာသည်၊ ပို၍မကောင်းလာသည့်အပြင်၊ ကျွန်မမှာ ၎င်းမှ မည်သို့ လွတ်မြောက်နိုင်မည်ကိုလည်း တစိုးတစမျှပင် မသိရှိခဲ့ပါ။
|
Click & Join usတံဆိပ်များ
All
|