ဖန်ဟောက် တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့မလဲ။ ကိုယ့်ချစ်ခြင်းကို ဘယ်လိုခိုင်မြဲစေမလဲ။ ပြီးရင် ကိုယ့်မိတ်ဆွေတွေနဲ့ဘယ်လိုဆက်သွယ်မလဲ။ စကားနဲ့လား။ ထားလိုက်ပါ။ လူတွက ဒီလိုလုပ်ဖို့အတွက် အချိန်မရှိဘူး။” ငွေဖက်သို့သာ လုံးလုံးပြောင်းကုန်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် အရာအားလုံးကို ထိုသို့သော လက်တွေ့ကျသည့် သုံးသပ်ခြင်းများဖြင့် စိုးမိုးခြယ်လှယ်နေသည်၊ ရုပ်ဝထ္ထုဆိုင်ရာ နှင့် ရုပ်ဝထ္ထုဆိုင်ရာ မဟုတ်သည့် အရာများအားလုံးတို့သည် ငွေအတွက် အလဲအလှယ်လုပ်နိုင်သည့် အရာများဖြစ်ပြီး၊ သင့်အိတ်ထဲမှ ငွေစက္ကူအရေအတွက်က သင့်တန်ဖိုးနှင့် အဆင့်အတန်းတို့ကို ဆုံးဖြတ်ပေး သည်။ သင့်ထံတွင် ငွေများစွာရှိပါက၊ အခြားသူများက သင့်ကို အလုပ်အကျွေး ပြုဖို့နှင့် မြှောက်ပင့်ဖို့ အလုအယက်တိုးဝှေ့ကြိုးပမ်းကြမည်၊ သို့သော်လည်း ငွေမရှိပါက အခြားသူများက သင့်ကို အထင်သေးစေပြီး၊ မိတ်ဆွေများနှင့် ဆွေမျိုးများက သင့်ကို ရှောင်ရှားစေသည်။ “ ချမ်းသာဝပြောသည့်အချိန်တွင် မိတ်ဆွေများလိမ့်မည်၊ ဘေးဒုက္ခဆင်းရဲရောက်ချိန်တွင် အယောက်နှစ်ဆယ် တွင် တစ်ယောက်မှမရှိပါ” ဆိုသည့် ဆိုရိုးစကားနှင့်အညီပင် ဖြစ်သည်။ အရာအားလုံးကို အကဲဖြတ်ဖို့ ငွေကို အသုံးပြုကြသည့် လူများ ပိုပို၍ များလာသည်။ ချမ်းသာကြွယ်ဝသူများသာလျှင် သူတို့တစ်ဦးချင်းစီ၏ တန်ဖိုးကို ဖော်ပြနိုင်ပြီး၊ သာလွန်သောဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ခွင့် ရသည် ဟူ၍ ယုံကြည်ကြသည်။ ထို့ကြောင့် လူများစွာတို့က ငွေ၏ကျေးကျွန်ဖြစ်လာကာ၊ ငွေပိုရရှိရန် အရာအားလုံး ကို စတေးရန်လိုလားကြသည်။ သူတို့၏ ဘဝများ၊ ကျန်းမာရေးများနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာများကိုပင် စတေးရန် လိုလားကြသည်၊ တစ်ခါက ကျွန်မက အဓိပ္ပါယ်အရှိဆုံး ဘဝမှာ မည်သည့်အရာဖြစ်မှန်း မသိခဲ့သောကြောင့် ငွေရှာရန် အလုပ်လုပ်ခြင်းသည် ကျွန်မ၏ ပန်းတိုင်ဖြစ်လာခဲ့သည်။ စိုးရိမ်ရသည့် နာမကျန်းဖြစ်ခြင်း က ရုတ်တရက် နားလည်သဘောပေါက်မှုကို သယ်ဆောင် လာပြီး၊ ငွေနောက်မှ မှောင်မိုက်သည့် ဇတ်ကောင်ကို သတိပြုမိစေသည့်အပြင်၊ ငွေရှာခြင်းထက် ပိုပြီး အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုကို ကူညီရှာဖွေပေးခဲ့သည့် နေ့ရက်အထိပင် ဖြစ်ပါသည်။
0 Comments
|
Click & Join usတံဆိပ်များ
All
|