၁) တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အသံတော်ကို မည်ကဲ့သို့ သိမြင်သင့်သနည်း။ လူတစ်ဦးသည် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု အမှန်တကယ် ပြန်ကြွလာခြင်းဖြစ်ကြောင်း မည်သို့ အတည်ပြုနိုင်သနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ယော ၁၀:၂၇) “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)
0 Comments
သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေကြသူများသည် ဤမေးခွန်းကို ဧကန်မုချတွေးနေကြမည် ဖြစ်သော ညီအစ်ကို မောင်နှမများစွာ ရှိပါသည်၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ အငယ် ၁၂ တွင် သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်” ဟု ပရောဖက်ပြုတော်မူခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ သူ တစ်ဖန် ပြန်ကြွလာသည့်လာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်၊ထို့ကြောင့် ယခု သူ ပြန်ကြွလာခဲ့ပြီးဖြစ်ပါသလား။ ဤမေးခွန်းက ကျွန်တော်တို့ ခရစ်ယာန်များအတွက် အလွန်အရေးကြီးပါသည်၊ ထို့ကြောင့် သခင်က အမှန်တကယ် ပြန်ကြွပြီးသည်၊ မကြွပြီးသည်ကို ကျွန်တော်တို့ မည်သို့ အတိအကျသိရမည်နည်း။ အမှန်မှာမူ သခင်ယေရှုက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများဖြင့် ကျွန်တော်တို့ကို ပြောပြနှင့်ပြီး ဖြစ်သည်၊ ကျွန်တော်တို့က အချက်အလက်များအားလုံးကို အတူတကွယူပြီး၊ အလွန်စိတ်ထက်သန်စွာ ချင့်ချိန်စဉ်းစားသမျှ ကာလပတ်လုံး အဖြေကို ရှာတွေ့ပါလိမ့်မည်။
ဝိညာဉ်ရေးရာဝတ်ပြုခြင်းကို ဝေငှခြင်း- ခရစ်ယာန်များသည် စုဝေးပွဲများ တက်ရောက်ခြင်းကို လျစ်လျူမရှုရပါ ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။ ဟွဖေး မှ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ- စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း တစ်) ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု အယ်ဒီတော့မှတ်စု– လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းမျှဖြင့် ဖခမည်းတော်၏ အလိုတော်ကို ကျွန်တော်တို့ လုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်၊ သို့သော် သခင်ယေရှုက- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု ဆိုထားပါသည်။ သခင်ယေရှုက သူ၏ အမည်နာမ၌ လုပ်ဆောင်ဟောပြောသောသူများကို အဓမ္မအမှုကိုပြုသောသူများဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်နေခြင်း မဟုတ်သလော။ ခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုခြင်းသက်သက်နည်း။ ညီအစ်မဆင်းလျှိုး၏ အတွေ့အကြုံက ကျွန်တော်တို့ကို အဖြေတစ်ခု ပေးပါသည်။ ပိုမိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ…
ဝိညာဉ်ရေးရာ ရင့်ကျက်ကြီးထွားခြင်း- စစ်မှန်သည့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် မည်သည့်အရာပါဝင်သနည်း လီချန် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း နှင့် ဓမ္မသီချင်းများ သီဆိုခြင်းတို့ ပါဝင်သည်ဟု ကျွန်မယုံကြည်သည် ကျွန်မ ဘုရားကျောင်းသို့ သွားပြီး သင်းအုပ်ဆရာက ဒေသနာဟောကြားသည်ကို နားထောင်သည့် ပထမဆုံး အချိန်ကို သတိရမိသည်၊ ထို့နောက်တွင် ကျွန်မက သခင်ယေရှု၏ ကယ်တင်ခြင်း အကြောင်း သိကျွမ်းခြင်း အချို့ ရရှိလာခဲ့ပြီး၊ သခင့်ကို ယုံကြည်လိုသည့် ကျွန်မ ဆန္ဒကို ချက်ချင်း ထုတ်ဖော်ခဲ့သည်။ ကျွန်မထွက်ခွာလာစဉ် သင်းအုပ်ဆရာက “ ခရစ်ယာန်တစ်ယောက်လို နေဖို့ဆို တာက၊ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင် ရမယ်” ဟု ကျွန်မ့ကို သတိပေးခဲ့သည်။ ကျွန်မက သင်းအုပ်ဆရာကို “ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းဆိုတာ ဘာလဲ၊ ဆရာ။ ကျွန်မတို့ ဘယ်လို လက်တွေ့ လုပ်ဆောင်ရမလဲ” ဟု မေးခဲ့သည်။ ထို့နောက်တွင် သင်းအုပ်ဆရာက ကျွန်တော့်ကို “ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း ဆိုတာ နေ့စဉ်နေ့တိုင်း သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနဲ့ ဓမ္မသီချင်းတွေကို သီဆိုခြင်း တို့ဖြစ်တယ်။ ကျွန်မတို့ ဆုတောင်းတဲ့အချိန်မှာ ကျွန်မတို့က ကျွန်မတို့ မိသားစုတွေအတွက် ဆုတောင်းရမယ်၊ ကျွန်မတို့ အသင်းတော်က အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက် ဆုတောင်းရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အစေခံတွေအတွက် ဆုတောင်းရမယ်။ ကျွန်မတို့က နေ့စဉ် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုပြီး ဓမ္မသီချင်းတွေကိုလည်း နေ့တိုင်းသီဆိုရမယ်၊ ပြီးတော့ ကျွန်မတို့က အနှောင့်အယှက် မရှိပဲ ဆက်ပြီး လုပ်ရမယ်။ ကျွန်မတို့က ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို နေ့စဉ် လုံ့လဝီရိယနဲ့ လက်တွေ့လုပ်ဆောင် သမျှ ကာလပတ်လုံး အစ်ကို့ရဲ့ ဝိညာဉ်အနှစ်သာရ ပြည့်ဝခြင်း က တိုးတက်လာပြီး၊ အစ်ကိုလည်း သခင့်ဆီကို ပိုပို နီးကပ်လာမယ်၊ ပြီးတော့ ဘုရားသခင်ကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လိမ့်မယ်” ဟု ပြောခဲ့ပါ သည်။
ရှင်ချို နန်ယန်းမြို့၊ ဟီနန် စီရင်စု ကျွန်မ တွေးလေ့ရှိတာက ဘုရားသခင်က လူသားရဲ့ပင်ကိုယ် ဖောက်ပြန်ပျက်ဆီးမှုကို ပြသတဲ့အခါ ဒါမှမဟုတ် လူသားရဲ့နောက်ဆုံးခရီးပန်းတိုင်ကို တရားစီရင်တဲ့ ပြင်းထန်တဲ့နူတ်ကပတ်တော်တွေကို သိရှိစေတဲ့အခါမှသာ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတတ်တာလို့ပေါ့။ နောက်ပိုင်း တော်တော်ကြာမှ မတော်မဆမှုတစ်ခုကြောင့် ကျွန်မ သဘောပေါက်လာရတာက ဘုရားသခင်ရဲ့ နူးညံ့တဲ့ နူတ်ကပတ်တော်တွေကလည်း သူ့ရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေပဲဆိုတာကိုပါ။ ကျွန်မ သဘောပေါက်ခဲ့တာက ဘုရားသခင်မိန့်မြွက်တဲ့ နူတ်ကပတ်တော်တိုင်းက သူရဲ့လူသားကို တရားစီရင်ခြင်း ဖြစ်တယ် ဆိုတာကိုပါ။
လီဟန်၊ ကျင်းရှီစီရင်စု ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသော အစ်မ နှင့် ပထမဆုံး အသင်းတော်ကိစ္စရပ်များကို စီစဉ်သောအချိန်တွင်၊ ကျွန်မတို့တွင် မတူညီသော အမြင်များ ရှိသောအခါ ကျွန်မ၏အဖော်ကို ကျွန်မ အပြစ်မတင်မိဖို ကျွန်မ၏နှလုံးသား နှင့် ဝိညာဉ်ကို ကာကွယ်ဖို့တောင်းဆိုရင်း ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပါသည်။ သို့သော် ကျွန်မ၏အဖော် နှင့် ပဋိပက္ခတွေမဖြစ်အောင် ကျွန်မ၏ အပြုအမူများကို ထိန်းချုပ်သောနေရာ၌သာ ကျွန်မ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့ပါ။ ထို့ကြောင့် အချိန်ကြာလာသည် နှင့်အမျှ အစ်မ နှင့် ပိုပိုပြီး သဘောမတိုက်ဆိုင်မှုများ ရှိလာသည်။ တစ်ခါတွင်ကျွန်မသည် အစ်မတစ်ယောက်ကို ယုံကြည်သူသစ်များအား ရေလောင်းသောရာထူး တိုးပေးချင်ခဲ့၏။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသောအစ်မက ယင်းအစ်မက မကောင်းပါဟု ပြောသည်။ သင့်တော်သည့်လူကို ကျွန်မလဲပြီးနောက်တွင် သူက ဒါ မကောင်းဘူးဟု ပြောနေဆဲပင် ဖြစ်သည်။ ကျွန်မ ချက်ချင်းစိတ်တိုပြီး စိတ်ဆိုးဆိုး နှင့် “ ဘယ်သူကမှ မကောင်းဘူး။ နင်ပဲ ကောင်းတယ်” ဟု ပြောလိုက်သည်။ သို့ဖြစ်၍ ဤကိစ္စကို လုံးဝ ထပ်မပြောတော့ပါ။ သူက ထိုအကြောင်းကိုမေးသောအခါ ကျွန်မ စိတ်တိုတို နှင့်၊ “ နင်ကြိုက်တဲ့သူကိုရွေး၊ ငါ ဂရုမစိုက်ဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်းတွင် သူဘာပဲပြောပြော သဘောထားကွဲလွဲမှုရှိခဲ့လျှင် ကျွန်မ ဘာမှမပြောတော့ပါ။ ပဋိပက္ခဖြစ်ခြင်းများကို ရှောင်နိုင်မည်ဟု တွေးထင်ရင်း ကျွန်မ ရေငုံနှုတ်ပိတ်နေလိုက်သည်။ တစ်ခါတစ်လေမှာ ချုပ်တည်းရခြင်းက မခံနိုင်အောင်ဖြစ်လာသည်။ ထို့ကြောင့် ကျွန်မ မှားသွားခဲ့ပြီဟု ခံစားရင်း တစ်နေရာရာ၌ ပုန်းကာ ငို ကြွေးခဲ့သည်။ နင်က မလုပ်နိုင်ဘူးလား။ ဒါဆိုရင် နင့်ဖာသာလုပ်လေ။ ပြီးရင် နင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာကို ကြည့်မယ် ဟုပင် ကျွန်မစဉ်းစားခဲ့သည်။ နောက်ပိုင်း တစ်ခါတွင် အထက်ခေါင်းဆောင်က ကျွန်မ ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်တစ်ခု ပေးခဲ့သည်။ ကိစ္စတစ်ခုလုံးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ရသည်။ ယင်းနှင့် ပတ်သက်၍ ကျွန်မ အတော်ကျေနပ်သလို ခံစားခဲ့ရသည်။ ကျွန်မနှင့်အတူလုပ်နေသောအစ်မက ကျွန်မကို ချီးကျူးပြီး နှစ်သိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်လင့်မထားပဲ ကျွန်မ၏အဖော်က ရေအေးတစ်လုံးနှင့် ကျွန်မကို လောင်းချလိုက်သကဲ့သို့ ငြင်းလိုက်ပြီး၊ “ ဒါက လုပ်ဖို့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ဤအရာက ကျွန်မကို တကယ်ဒေါသထွက်စေပါသည်။ ရှင် တကယ့်အခြေအနေကို နားမလည်ပဲနဲ့ လုံးဝ ငြင်းပယ်လိုက်တယ်။ ဒါတော်တော် ဘဝင်မြင့်တာပဲ ဟု ကျွန်မ တွေးလိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အမြင်များကို ကိုင်စွဲထားပြီး မည်သူမျှ အချင်းချင်း လက်ခံပေးဖို့ ဆန္ဒမရှိကြပါ။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော် ဆွေးနွေးမှုများကိုပင် ကျွန်မ နားမထောင်တော့ပါ။ ယင်းကို ကျွန်မ စဉ်းစားလေလေ၊ သူမှားသည်ဟု ကျွန်မ ခံစားရလေလေဖြစ်သည်။ သူ့၏ စီနီယာဖြစ်ခြင်းကို အခွင့်ကောင်းယူပြီး ကျွန်မကို တမင်သက်သက် အခက်တွေ့စေသည်မှာ သူဖြစ်သည်။ ကျွန်မ သူ့ကို အထပ်ထပ်သည်းခံခဲ့သော်လည်း သူ ကျွန်မကို ဤသို့ ဆံဆက်လျက်ပင်ရှိသေးသည်ကိုလည်း တွေးမိပါသည်။ ကျွန်မ စဉ်းစားကြည့်လေလေ ကျွန်မ မှားခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်မှာ အမှောင်ထဲမှာ ကျွန်မ လုံးဝကျန်ရစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့သည်အထိ ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်မ သူနှင့်အလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ အနေနှင့် ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်တဲ့အတွက် ကျွန်မ ဒီကိစ္စကနေ ပုန်းပဲနေလိုက်တော့မယ်ဟု စဉ်းစားခဲ့သည်။ ထိုအချိန်က ဤအခြေအနေမျိုးက အတော်အန္တရာယ်ရှိသည်ကိုလည်း ကျွန်မ သိပါသည်။ ဆိုးဝါးသောအရာ တစ်စုံတစ်ခု လုပ်မိခြင်းကို ရှောင်ကြဉ်ဖို့ တာဝန်တွေကို အမြန်ဆုံးလဲလိုက်ဖို တောင်းခံလျှင် ပိုကောင်းမည်ဟု ကျွန်မ တွေးမိသည်။ ထိုကြောင့် နှုတ်ထွက်စာကိုရေးဖို့ ကျွန်မ၏ သိပ်အရေးမပါသော ဝိညာဉ်အသက်တာ နှင့် အရည်အချင်းမပြည့်မှီမှုတို့ကို ဆင်ခြေအဖြစ်အသုံးချခဲ့သည်။ မကြာမီမှာပင် အထက်ခေါင်းဆောင်မှ ရှုံးနိမ့်ခြင်း နှင့် နှုတ်ထွက်ခြင်းကို ဝန်ခံခြင်းနှင့် ဆိုင်သည့် အခြေခံစည်းမျဉ်းများ နှင့် လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် လုပ်ဆောင်သော ကြီးမြတ်သည့် စာနာထောက်ထားမှုအကြောင်းကို ဝေမျှခဲ့ပါသည်။ သို့သော် ကျွန်မ၏ နှလုံးသားက မာကျောနေပြီး ပျော့ပြောင်းမသွားပါ။ ဘွန်း ဖိလစ်ပိုင် ကျွန်တော်က ချမ်းသာကြွယ်ဝလိုသည် “ ကျောင်းအုပ်ကြီးရှင်၊ ကျေးဇူးပြုပြီး ကျွန်မကလေးကို အခွင့်အရေး တစ်ခုပေးပြီး၊ စာမေးပွဲဖြေခွင့်ပေးပါ” ကျွန်တော့်အမေက အနည်းငယ် တုန်ခါနေသည့် အသံဖြင့် စကားပြောနေသည့် အားလျော်စွာ သူမ၏ မျက်လုံးများက ကျောင်းအုပ်ကြီးကို အနူးအညွတ်တောင်းပန်နေခဲ့သည်။ ရုပ်တည်ကြီးဖြင့်နေရင်း ကျောင်းအုပ်ဆရာကြီးက “ မရဘူး။ ကျောင်းမှာက စည်းကမ်းတွေ ရှိတယ်လေ။ စာမေးပွဲကြေး ပေးပြီးတဲ့ အချိန်မှသာ ကလေးတစ်ယောက်ဟာ စာမေးပွဲဖြေလို့ရတယ်” ဟု ပြောလိုက်သည်။ ကျွန်တော့်အမေက ရှက်နေသည့်အသွင်ရပြီး၊ “ ကျောင်းအုပ်ကြီးရယ်၊ ကျောင်း မှာလည်း ဒါက ကျောင်းအုပ်ကြီးအတွက် အရမ်း ခက်ခဲတယ် ဆိုတာကို ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာလည်း ကလေးတွေ အများကြီးရှိပြီး၊ ကျွန်မတို့မှာ စားနိုင်သောက်နိုင်ရုံလောက်သာ ရှိတာပါရှင်။ ကျွန်မတို့ တကယ်ကို စာမေးပွဲကြေးမတတ်နိုင်လို့ပါ။ ကျွန်မ ကျောင်းကို ကြွေးမြီဝန်ခံချက်တစ်စောင် ရေးပေးရင်ရော၊ ကျောင်းအုပ်ကြီးက ကျွန်မသားကို စာမေးပွဲပေးဖြေခွင့်ပေးပြီး ကျွန်မက တတ်နိုင်သမျှ အစောဆုံး ပြန်ပေးနိုင်အောင် နည်းလမ်းရှာမယ်လေ …” ဟု ပြောရင်းဖြင့် ကျောင်းအုပ်ကြီးကို အသနားခံခဲ့ပါသည်။ ကျောင်းအုပ်ကြီးက ကျွန်တော့် အမေကို ကြည့်ပြီး၊ ခဏ တွေးလိုက်သည်။ သူ့မှာ ရွေးချယ်မှုများစွာ မရှိသည့် အသွင်ပေါက်နေခဲ့ကာ၊ သူက “ ကောင်းပြီလေ” ဟု ပြောခဲ့ပါသည်။ ………… သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူကစုစည်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ– “ ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” (ယောဟန် ၅:၃၉-၄၀) “ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆) |
Click & Join usတံဆိပ်များ
All
|