လီဟန်၊ ကျင်းရှီစီရင်စု ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသော အစ်မ နှင့် ပထမဆုံး အသင်းတော်ကိစ္စရပ်များကို စီစဉ်သောအချိန်တွင်၊ ကျွန်မတို့တွင် မတူညီသော အမြင်များ ရှိသောအခါ ကျွန်မ၏အဖော်ကို ကျွန်မ အပြစ်မတင်မိဖို ကျွန်မ၏နှလုံးသား နှင့် ဝိညာဉ်ကို ကာကွယ်ဖို့တောင်းဆိုရင်း ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပါသည်။ သို့သော် ကျွန်မ၏အဖော် နှင့် ပဋိပက္ခတွေမဖြစ်အောင် ကျွန်မ၏ အပြုအမူများကို ထိန်းချုပ်သောနေရာ၌သာ ကျွန်မ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့ပါ။ ထို့ကြောင့် အချိန်ကြာလာသည် နှင့်အမျှ အစ်မ နှင့် ပိုပိုပြီး သဘောမတိုက်ဆိုင်မှုများ ရှိလာသည်။ တစ်ခါတွင်ကျွန်မသည် အစ်မတစ်ယောက်ကို ယုံကြည်သူသစ်များအား ရေလောင်းသောရာထူး တိုးပေးချင်ခဲ့၏။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသောအစ်မက ယင်းအစ်မက မကောင်းပါဟု ပြောသည်။ သင့်တော်သည့်လူကို ကျွန်မလဲပြီးနောက်တွင် သူက ဒါ မကောင်းဘူးဟု ပြောနေဆဲပင် ဖြစ်သည်။ ကျွန်မ ချက်ချင်းစိတ်တိုပြီး စိတ်ဆိုးဆိုး နှင့် “ ဘယ်သူကမှ မကောင်းဘူး။ နင်ပဲ ကောင်းတယ်” ဟု ပြောလိုက်သည်။ သို့ဖြစ်၍ ဤကိစ္စကို လုံးဝ ထပ်မပြောတော့ပါ။ သူက ထိုအကြောင်းကိုမေးသောအခါ ကျွန်မ စိတ်တိုတို နှင့်၊ “ နင်ကြိုက်တဲ့သူကိုရွေး၊ ငါ ဂရုမစိုက်ဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်းတွင် သူဘာပဲပြောပြော သဘောထားကွဲလွဲမှုရှိခဲ့လျှင် ကျွန်မ ဘာမှမပြောတော့ပါ။ ပဋိပက္ခဖြစ်ခြင်းများကို ရှောင်နိုင်မည်ဟု တွေးထင်ရင်း ကျွန်မ ရေငုံနှုတ်ပိတ်နေလိုက်သည်။ တစ်ခါတစ်လေမှာ ချုပ်တည်းရခြင်းက မခံနိုင်အောင်ဖြစ်လာသည်။ ထို့ကြောင့် ကျွန်မ မှားသွားခဲ့ပြီဟု ခံစားရင်း တစ်နေရာရာ၌ ပုန်းကာ ငို ကြွေးခဲ့သည်။ နင်က မလုပ်နိုင်ဘူးလား။ ဒါဆိုရင် နင့်ဖာသာလုပ်လေ။ ပြီးရင် နင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာကို ကြည့်မယ် ဟုပင် ကျွန်မစဉ်းစားခဲ့သည်။ နောက်ပိုင်း တစ်ခါတွင် အထက်ခေါင်းဆောင်က ကျွန်မ ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်တစ်ခု ပေးခဲ့သည်။ ကိစ္စတစ်ခုလုံးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ရသည်။ ယင်းနှင့် ပတ်သက်၍ ကျွန်မ အတော်ကျေနပ်သလို ခံစားခဲ့ရသည်။ ကျွန်မနှင့်အတူလုပ်နေသောအစ်မက ကျွန်မကို ချီးကျူးပြီး နှစ်သိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်လင့်မထားပဲ ကျွန်မ၏အဖော်က ရေအေးတစ်လုံးနှင့် ကျွန်မကို လောင်းချလိုက်သကဲ့သို့ ငြင်းလိုက်ပြီး၊ “ ဒါက လုပ်ဖို့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ဤအရာက ကျွန်မကို တကယ်ဒေါသထွက်စေပါသည်။ ရှင် တကယ့်အခြေအနေကို နားမလည်ပဲနဲ့ လုံးဝ ငြင်းပယ်လိုက်တယ်။ ဒါတော်တော် ဘဝင်မြင့်တာပဲ ဟု ကျွန်မ တွေးလိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အမြင်များကို ကိုင်စွဲထားပြီး မည်သူမျှ အချင်းချင်း လက်ခံပေးဖို့ ဆန္ဒမရှိကြပါ။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော် ဆွေးနွေးမှုများကိုပင် ကျွန်မ နားမထောင်တော့ပါ။ ယင်းကို ကျွန်မ စဉ်းစားလေလေ၊ သူမှားသည်ဟု ကျွန်မ ခံစားရလေလေဖြစ်သည်။ သူ့၏ စီနီယာဖြစ်ခြင်းကို အခွင့်ကောင်းယူပြီး ကျွန်မကို တမင်သက်သက် အခက်တွေ့စေသည်မှာ သူဖြစ်သည်။ ကျွန်မ သူ့ကို အထပ်ထပ်သည်းခံခဲ့သော်လည်း သူ ကျွန်မကို ဤသို့ ဆံဆက်လျက်ပင်ရှိသေးသည်ကိုလည်း တွေးမိပါသည်။ ကျွန်မ စဉ်းစားကြည့်လေလေ ကျွန်မ မှားခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်မှာ အမှောင်ထဲမှာ ကျွန်မ လုံးဝကျန်ရစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့သည်အထိ ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်မ သူနှင့်အလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ အနေနှင့် ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်တဲ့အတွက် ကျွန်မ ဒီကိစ္စကနေ ပုန်းပဲနေလိုက်တော့မယ်ဟု စဉ်းစားခဲ့သည်။ ထိုအချိန်က ဤအခြေအနေမျိုးက အတော်အန္တရာယ်ရှိသည်ကိုလည်း ကျွန်မ သိပါသည်။ ဆိုးဝါးသောအရာ တစ်စုံတစ်ခု လုပ်မိခြင်းကို ရှောင်ကြဉ်ဖို့ တာဝန်တွေကို အမြန်ဆုံးလဲလိုက်ဖို တောင်းခံလျှင် ပိုကောင်းမည်ဟု ကျွန်မ တွေးမိသည်။ ထိုကြောင့် နှုတ်ထွက်စာကိုရေးဖို့ ကျွန်မ၏ သိပ်အရေးမပါသော ဝိညာဉ်အသက်တာ နှင့် အရည်အချင်းမပြည့်မှီမှုတို့ကို ဆင်ခြေအဖြစ်အသုံးချခဲ့သည်။ မကြာမီမှာပင် အထက်ခေါင်းဆောင်မှ ရှုံးနိမ့်ခြင်း နှင့် နှုတ်ထွက်ခြင်းကို ဝန်ခံခြင်းနှင့် ဆိုင်သည့် အခြေခံစည်းမျဉ်းများ နှင့် လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် လုပ်ဆောင်သော ကြီးမြတ်သည့် စာနာထောက်ထားမှုအကြောင်းကို ဝေမျှခဲ့ပါသည်။ သို့သော် ကျွန်မ၏ နှလုံးသားက မာကျောနေပြီး ပျော့ပြောင်းမသွားပါ။
0 Comments
ဘွန်း ဖိလစ်ပိုင် ကျွန်တော်က ချမ်းသာကြွယ်ဝလိုသည် “ ကျောင်းအုပ်ကြီးရှင်၊ ကျေးဇူးပြုပြီး ကျွန်မကလေးကို အခွင့်အရေး တစ်ခုပေးပြီး၊ စာမေးပွဲဖြေခွင့်ပေးပါ” ကျွန်တော့်အမေက အနည်းငယ် တုန်ခါနေသည့် အသံဖြင့် စကားပြောနေသည့် အားလျော်စွာ သူမ၏ မျက်လုံးများက ကျောင်းအုပ်ကြီးကို အနူးအညွတ်တောင်းပန်နေခဲ့သည်။ ရုပ်တည်ကြီးဖြင့်နေရင်း ကျောင်းအုပ်ဆရာကြီးက “ မရဘူး။ ကျောင်းမှာက စည်းကမ်းတွေ ရှိတယ်လေ။ စာမေးပွဲကြေး ပေးပြီးတဲ့ အချိန်မှသာ ကလေးတစ်ယောက်ဟာ စာမေးပွဲဖြေလို့ရတယ်” ဟု ပြောလိုက်သည်။ ကျွန်တော့်အမေက ရှက်နေသည့်အသွင်ရပြီး၊ “ ကျောင်းအုပ်ကြီးရယ်၊ ကျောင်း မှာလည်း ဒါက ကျောင်းအုပ်ကြီးအတွက် အရမ်း ခက်ခဲတယ် ဆိုတာကို ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာလည်း ကလေးတွေ အများကြီးရှိပြီး၊ ကျွန်မတို့မှာ စားနိုင်သောက်နိုင်ရုံလောက်သာ ရှိတာပါရှင်။ ကျွန်မတို့ တကယ်ကို စာမေးပွဲကြေးမတတ်နိုင်လို့ပါ။ ကျွန်မ ကျောင်းကို ကြွေးမြီဝန်ခံချက်တစ်စောင် ရေးပေးရင်ရော၊ ကျောင်းအုပ်ကြီးက ကျွန်မသားကို စာမေးပွဲပေးဖြေခွင့်ပေးပြီး ကျွန်မက တတ်နိုင်သမျှ အစောဆုံး ပြန်ပေးနိုင်အောင် နည်းလမ်းရှာမယ်လေ …” ဟု ပြောရင်းဖြင့် ကျောင်းအုပ်ကြီးကို အသနားခံခဲ့ပါသည်။ ကျောင်းအုပ်ကြီးက ကျွန်တော့် အမေကို ကြည့်ပြီး၊ ခဏ တွေးလိုက်သည်။ သူ့မှာ ရွေးချယ်မှုများစွာ မရှိသည့် အသွင်ပေါက်နေခဲ့ကာ၊ သူက “ ကောင်းပြီလေ” ဟု ပြောခဲ့ပါသည်။ ………… သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူကစုစည်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ ![]() ကိုးကားရန် သမ္မာကျမ်းပိုဒ်များ– “ ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” (ယောဟန် ၅:၃၉-၄၀) “ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆) Myanmar Gospel Song (ဘုရား၏စီမံခန့်ခွဲမှုအလုပ် လူသားများအား ရွေးနုတ်ကယ်တင်ဖို့) ခရစ်တော် ကချစ်ခြင်းဖြစ်သည် ကိုယ်တော့်မေတ္တာနှင့်ကရုဏာ
သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့ အစမှအဆုံး အသေးစိတ်ထိ လူတွေ သူ့ကြင်နာမှု ခံစားစား၊ မခံစားစား ဆောင်ရွက်စရာများ မမောမပန်း သူဆက်လက်လုပ်ဆောင် လူတွေ သူ့စီမံချက်ကို နားလည်လည်၊ မလည်လည် ဘုရားအလုပ်သည် လူတိုင်းခံစားသိနိုင်သည့် ထောက်ပံ့ကူညီမှုပေး ဘုရား၏စီမံဆောင်ရွက်မှု အကြံအစည်သည် လူသားများ နတ်ဆိုးပိုင်နက်မှ ဆွဲခေါ်ရန် မာရ်နတ်ပျက်စီးခံရသူများနှင့် သူ့အလိုတော်ဆန့်ကျင်သူများကို မပစ်ပယ်ရန် ကိုယ်တော့်မေတ္တာနှင့်ကရုဏာ သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့ အစမှအဆုံး အသေးစိတ်ထိ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့ ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
နှစ်ပေါင်းခြောက်ထောင်ကျော်ကြာမြင့်သောအကြံအစည်တော်ဖြစ်သည့် ငါ၏စီမံခွဲခန့်တော်မူခြင်း အစီအစဉ်၌ အဆင့်သုံးခု (သို့) ကာလသုံးပိုင်းပါရှိသည်။ ယင်းတို့မှာ အစအဦး၌ဖြစ်သော ပညတ်တော် ကာလ၊ ကျေးဇူးတော်ကာလ(ရွေးနှုတ်ခြင်းကာလဟူ၍လည်းခေါ်ဆိုသည်။) နှင့် နောက်ဆုံးသောနေ့ ရက်များ၏နိုင်ငံတော်ကာလ တို့ဖြစ်ကြသည်။ အဆိုပါကာလသုံးပိုင်းရှိ ငါ၏အမှုတော်တွင် ပါဝင်သော အရာများသည် ကာလတစ်ခုချင်းစီ၏ သဘောသဘာဝများအရ ခြားနားမှုများရှိနေသည်။ သို့သော် အဆင့်တိုင်း၌လူသား၏ လိုအပ်မှုများအရ (သို့) ပိုမိုတိကျစွာဆိုရပါက စာတန်မာရ်နတ်အား ငါဆင်နွဲ သည့် စစ်ပွဲ၌ စာတန်ကျင့်သုံးသည့်လှည့်စားမှုများနှင့်လျော်ညီစွာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ ငါလုပ်ဆောင်သော အလုပ်၏ရည်ရွယ်ချက်မှာ စာတန်မာရ်နတ်အား ချေမှုန်းရန်၊ ငါ၏ပညတ်တော်နှင့် အရာခပ်သိမ်းအားသိမြင်တော်မူခြင်းအား ထင်ရှားစွာမြင်တွေ့ကြစေရန်၊ စာတန်၏လှည့်စားမှုမှန်သမျှ အား ဖော်ထုတ်ရန်နှင့် ထိုသို့အားဖြင့် စာတန်၏ထိမ်းချုပ်မှုအောက်တွင် ရှိနေသည့် လူသားမျိုး နွယ်တစ်ရပ်လုံးအား ရွေးနှုတ်ကယ်တင်ရန်ဖြစ်သည်။ ၎င်းသည်ငါ၏ပညာတော်နှင့် အရာခပ်သိမ်း အား သိမြင်တော်မူခြင်းအား ဖော်ထုတ်ပြသရန်နှင့် စာတန်မာရ်နတ်၏ ဆိုးရွားသည့် သွင်ပြင် လက္ခဏာအား တချိန်တည်းဖော်ထုတ်ရန်ဖြစ်သည်။ ထို့အပြင် ကောင်းမြတ်ခြင်းနှင့်ဆိုးညစ်ခြင်းတို့ကို ငါဖန်ဆင်းတော် မူသောသူများခွဲခြားတတ်စေရန်သင်ကြားပေးခြင်း၊ငါသည်အရာခပ်သိမ်းတို့အား အုပ်စိုးတော်မူသောသူ ဖြစ်ကြောင်းသိစေရန်၊စာတန်သည်လူသားမျိုးနွယ်၏ရန်သူဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ စေနိုင်ရန်၊ အနိမ့်ဆုံးသောအရာထက် နိမ့်ကျသောသောသူဖြစ်ကြောင်း သိစေရန်၊ ဆိုးညစ်သောသူဖြစ်ကြောင်း သိစေရန်၊ကောင်းသောအရာနှင့်ဆိုးသောအရာတို့၏ခြားနားမှု၊ သမ္မာတရားနှင့် မှားယွင်းခြင်းတို့၏ ခြားနားမှု၊ သန့်ရှင်းခြင်းနှင့်ညစ်ညူးခြင်းတို့၏ခြားနားမှု၊ ကြီးမြတ်သောအရာနှင့်ဂုဏ်သိက္ခာကင်းမဲ့ခြင်း တို့၏ခြားနားမှုအားသေချာတိကျစွာပြောဆိုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ဂရုမမူလျက် ရှိနေကြသော လူသားမျိုးနွယ်အား ငါသည်လူသားမျိုးနွယ်ကို ပျက်စီးစေသောသူမဟုတ်ကြောင်း၊ ဖန်ဆင်းခြင်း၏အရှင်သခင်ဖြစ်သောငါတစ်ပါးတည်းသာလျင် လူသားမျိုးနွယ်အားကယ်တင်နိုင်ကြောင်း၊ ငါသာလျင်လူသားများ၏ ပျော်ရွှင်ခြင်းအား ပေးအပ်နိုင်သောသူဖြစ်ကြောင်းနှင့် လူသားများသည် ငါ့အား အရာခပ်သိမ်းအားအုပ်စိုးသောသူအဖြစ် သိစေရန်နှင့် စာတန်မာရ်နတ်သည် ငါဖန်ဆင်းထားခဲ့သောသူ၊ နောက်ပိုင်းတွင်ငါ့အားပုန်ကန်၍ဆန့်ကျင်ဘက်ပြုသောသူဖြစ်ကြောင်း လူသားများ သက်သေခံနိုင် လာကြစေရန်ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကြာမြင့်သော ငါ၏အစီအစဉ်အား အောက်ပါ အကျိုးရလဒ်များရရှိစေရန်အလို့ငှာ အဆင့်သုံးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားသည်။ ယင်းတို့မှာ ငါဖန်ဆင်းသောအရာများသည် ငါ၏သက်သေခံများဖြစ်လာကြစေရန်၊ ငါ၏အလိုတော်အား နားလည်စေရန်နှင့် ငါသည်သမ္မာတရားဖြစ်တော်မူကြောင်း သိလာကြစေရန်ဖြစ်သည်။ နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်း- ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာကျမ်းစာထဲ၌ အမှန်တကယ် ရှိပါသလား ရှီရူ တရုတ်ပြည် “ ရှီရူ၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၃ အငယ် ၂၂ မှာ သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်။” လို့ အကြိမ် ပေါင်းများစွာ ပရောဖက်ပြုခဲ့တယ်။ ကျွန်မတို့က သခင်ယေရှု ပြန်ကြွလာဖို့ကို နှစ်ပေါင်းများစွာ တောင့်တခဲ့ကြပြီး၊ အခုတော့ ကိုယ်တော်ဟာ သူ့နှုတ်ကပတ်တော်တွေကို ပြောဖို့နဲ့ အမှုတော် အဆင့်သစ်ကို ပြုဖို့တို့အတွက် ပြန်ကြွလာခဲ့ပြီ …”
ရှီရူက ပြတင်းပေါက်တွင် မတ်တပ်ရပ်ပြီး၊ မျက်မှောင်ကြုတ် ကာ သူမအိမ်နီးချင်း အစ်မဂျိုး၏ စကားများက သူမနားထဲတွင် ထပ်ကာတလဲလဲ ပဲ့တင်ထပ်နေသည်။ သို့သော်လည်း သင်းအုပ် ဆရာများနှင့် အကြီးအကဲများက “ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ အားလုံးဟာ သမ္မာ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပြီး၊ သမ္မာကျမ်းစာပြင်ပမှာ လုံးဝ မရှိဘူး။ သခင့်ကြွလာခြင်းကို ကျွန်တော်တို့ စောင့်ချင်တယ် ဆိုရင်၊ ကျွန်တော်တို့က သမ္မာကျမ်းစာကို ဆုပ်ကိုင်ထားရမယ်” ဟု မကြာခဏ တရားဟောကြသည်ကို သူမ တွေးမိသည်။ ရှီရူက သူမဘာသာ “ သခင်က နောက်ဆုံးသော ကာလမှာ အတိအကျကို ပြန်ကြွလာမယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်အားလုံးက သမ္မာကျမ်းစာထဲမှာ ရှိတယ်ဆိုရင်၊ သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန်ကျရင် နောက်ထပ်နှုတ်ကပတ်တော်တွေကို ပြောတာ၊ ဒါမှမဟုတ် အမှုတော်အသစ်တစ်ခုတစ်လေကိုပြုတာကို ဘယ်လိုလုပ်နိုင်မှာလဲ။” ဟု တွေးမိသည်။ ဤအချက်ကိုတွေးရင်းဖြင့် ရှီရူသည် အလွန်စိတ်ရှုပ်ထွေးခဲ့သည်။ သူမက စားပွဲဆီသို့ ပြန်လျှောက်သွားခဲ့ပြီး၊ ထို့နောက် ဘုရား သခင်ထံ ဆုတောင်းကာ၊ အဖြေများ ရှာဖွေခဲ့သည်။ ထို့နောက် ရှီယူက သမ္မာကျမ်းစာကို ဖွင့်လိုက်ပြီး၊ ထိုအခိုက်အတန့်တွင်ပင် သူမသည် ဗျာဒိတ်ကျမ်း အခန်းကြီး ၂ အငယ် ၇ကို စိတ်ဝင်စား သွားခဲ့သည်။ သူမက တိုးညှင်းသောအသံဖြင့် ဖတ်ရှုလိုက်သည်။ “ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” “ ဝိညာဉ်တော်က အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူ သည်ကို” ဟု သူမက တွေးခဲ့သည်။ “ နားရှိသောသူမည်သည်ကား ကြားပါစေ ဟုတ်လား။ ဗျာဒိတ်ကျမ်းကသခင့်ပြန်ကြွလာခြင်းနဲ႔ ပတ်သက်တဲ့ ပရောဖက်ပြုခြင်းကျမ်းတစ်ခုဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာသခင်ပြန်ကြွလာတဲ့အချိန်မှာ ကိုယ်တော်က နှုတ်ကပတ်တော်တွေကိုတကယ်ပဲ ထပ်ပြောနိုင်သလား။ ဒါပေမဲ့လည်း သင်းအုပ်ဆရာတွေ နဲ့ အကြီးအကဲတွေက သခင့်နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ က အားလုံး သမ္မာကျမ်းစာထဲမှာလို့ ပြောကြတယ်။ ဒီကိစ္စရဲ့ သမ္မာတရား အတိအကျက ဘာလဲ” ရှီရူက ဤအကြောင်းကို အချိန်ကြာမြင့်စွာ စဉ်းစားချင့်ချိန်သော်လည်း အတော်အတန် နားမလည်နိုင်သေးပဲ ဖြစ်ခဲ့သည်။ ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား ဟီးဂျွန်း ဆီချွမ်းမြို့ ၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည် ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို လာရောက်ရှာဖွေရာ၊ သူ့မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူက လူများအနေဖြင့် သန့်စင်ခံရန် ဘုရားသခင်က အလိုရှိကြောင်း၊ သို့သော်လည်း သူသည် မကြာခဏ အမှုမဲ့အမှတ်မဲ့ အပြစ်ကျူးလွန်မိကြောင်း နှင့် သူက အမြဲတမ်း ဤကဲ့သို့ အပြစ်၌ အသက်ရှင်နေထိုင်နေပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပါမည်လား ဟု ပြောခဲ့သည်။ သခင်ယေရှုက ကားတိုင်တင်ခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များအားလုံးကို သူ့ပေါ်သို့ယူတော်မူခဲ့ကာ၊ သူ့အသက်ဖြင့် ပေးဆပ်မှုများပြုခဲ့ကြောင်း ကျွန်တော် သူ့ကို ပြောခဲ့သည်။ သခင်ယေရှုကို ကျွန်တော်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့၏ အပြစ်များလွှတ်ခြင်းခံရသည့်အကြောင်း နှင့် သခင်သည် ကျွန်တော်တို့ကို အပြစ်သားများအဖြစ် နောက်ထပ် မမြင်တော့ကြောင်း၊ ပြီးလျှင် ကျွန်တော်တို့က အရာအားလုံးကို စွန့်လွှတ်ပြီး၊ မိမိကိုယ်ကို အသုံးခံကာ၊ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး၊ အဆုံးအထိ သည်းခံသမျှ ကာလပတ်လုံး သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဖြစ်ကြောင်းတို့ကို ကျွန်တော် ပြောခဲ့သည်။ ကျွန်တော် ဤသို့ပြောသည်ကို ထိုအစ်ကိုက ကြားပြီးနောက်၊ သူလိုချင်သည့် အဖြေကိုမရသည့် အသွင်ပေါက်နေခဲ့ပြီး အတော်အတန် စိတ်ပျက်သည့် ပုံစံဖြင့် ထွက်သွားခဲ့သည်။ သူထွက်သွားသည်ကို ကျွန်တော်ကြည့်ရင်း ကျွန်တော့်မှာ အလွန်ခက်ခဲရှုပ်ထွေးသော စိတ်ခံစားချက်အချို့ကို ခံစားခဲ့ရသည်။ အမှန်ပြောရပါလျှင် ကျွန်တော်ရော ဤအစ်ကိုကဲ့သို့ပင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မရှိခဲ့ပါသလား။ ကျွန်တော်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မကြာခဏ အပြစ်၏ ချည်နှောင်ခြင်းခံရပုံနှင့် နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ညပိုင်းတွင် ဝန်ခံသည့် အနေအထားတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပုံတို့ကို တွေးရင်းဖြင့် ကျွန်တော်သည်လည်း ထိုနည်းလမ်းဖြင့် ဆက်ပြီး အသက်ရှင်နေထိုင်လိုစိတ်မရှိခဲ့ပါ။ သို့သော်လည်း ကျွန်တော်က အမှန်တကယ်ပင် အပြစ်ကို မအောင်နိုင်သောကြောင့် သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့်နှုတ်ကပတ်တော် ဖတ်ရှုခြင်းကို အားဖြည့်ခဲ့ပါသည်။ သို့သော် ကျွန်တော့်အပြစ်များနှင့်ဆိုင်သော ပြဿနာများကို လုံးဝ မဖြေရှင်းခဲ့ပါ။ သခင်က သန့်ရှင်းသောကြောင့် ကျွန်တော့်ကဲ့သို့ အပြစ်ဖြင့် အလွန်အမင်း ပြည့်နှက်နေသည့် လူမျိုးကို ကိုယ်တော်က လက်ခံပါ့မလား။
ရှောက်မိုး တရုတ်ပြည် “သခင်ယေရှု၏ ရွေးနှုတ်ခြင်း” အကြောင်း ပြောခြင်းသည် ကျွန်မတို့အား သခင့်ကို ကျေးဇူးတင်ခြင်း ဖြင့် အမြဲတမ်း ပြည့်နှက်စေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်က စာတန်၏ လက်များထဲမှ ကျွန်မတို့ကို ရွေးနှုတ်ရန် သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် ကားစင်တင်ခံပြီး ယဇ်ပူဇော်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျွန်မတို့၏ အပြစ်များအားလုံးကို လွှတ်ပေးခဲ့ပါသည်။ ကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင် ကျွန်မတို့က နောင်တရပြီး၊ မိမိတို့အပြစ်များကို သခင့်ကို ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်မတို့အပြစ်များလွှတ်ခံရပြီး၊ ကျွန်မတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နှစ်သက်ခံစားရပါသည်။ သို့သော်လည်း လတ်တလောတွင် ညီအစ်ကိုမောင်နှမအချို့က စိတ်ရှုပ်ထွေးလျက်ရှိသည်၊ ကျွန်မတို့အပြစ်များကို သခင်က ခွင့်လွှတ်ခဲ့သော်လည်း ကျွန်မတို့က အပြစ်၏ချည်နှောင်မှုမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါ၊ ကျွန်မတို့သည် မကြာခဏ လိမ်လည်ပြီး လှည့်စားကြကာ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေကြ၍၊ သခင့်သွန်သင်ချက်များကို ကျွန်မတို့ မထိန်းသိမ်းနိုင်ပါ။ သမ္မာကျမ်းစာက ကျွန်မတို့အား “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ” (ဟေဗြဲ ၁၀:၂၆) ဟု ရှင်းလင်းစွာပြောထားသည်။ ကျွန်မတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို သိစေကာမူ ကျွန်မတို့သည် တမင် သက်သက် အပြစ်ကျူးလွန်နိုင်ကြောင်းနှင့် ကျွန်မတို့က ပြောင်းလဲခြင်းမရှိပဲ နောင်တရရုံမျှသာရှိပါက၊ ကျွန်မတို့ အပ ြစ်များအတွက် စတေးမှုသည် အလဟဿ ဖြစ်သည်ကို ကျွန်မတို့ ရှင်းလင်းစွာ သိကြသည်။ ဤကဲ့သို့ပင် ကျွန်မတို့က သခင်ပြန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက်ချီဆောင် ခံရနိုင်ပါသလား။ သို့သော်၊ ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်သော်လည်း၊ သခင်က ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဟု ယုံကြည်ကြသော ညီအစ်ကို မောင်နှမအချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မတို့က ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်ခံရမလား။ ထိုပြဿနာကို အတူတကွ လေ့လာကြပါစို့။
"တစ်ကြိမ် ကယ်တင်ခံရပါက၊ အမြဲတမ်း ကယ်တင်ခံရသည်" ဆိုသည့် ဖော်ပြချက်အတွက် သမ္မာကျမ်းစာဆိုင်ရာ အထောက်အထား တစ်စုံတစ်ခု ရှိပါသလား ရန်းစင်း ရှန်ဒေါင်း ပြည်နယ် ![]() နေက အနောက်ဖက်သို့ ဝင်ရောက်သွားပြီး၊ ဝင်သည့် နေ၏ နောက်ဆုံးအလင်းရောင်က ကမ္ဘာလောကအနှံ့ ဖြန့်ကျက်လျက်ရှိစဉ်၊ ကျွန်တော် အစည်းအဝေးတစ်ခုပြီးနောက် အိမ်သို့ လမ်းလျှောက် လာရင်း သင်းအုပ်ဆရာ “ သမ္မာကျမ်းစာမှာ ‘အဘယ်သို့ နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေ တော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်း သို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်း ငှါ နှုတ်ဖြင့် ဝန်ခံရ၏။’ (ရောမ ၁၀:၉-၁၁) လို့ ပြောထားတဲ့အတွက် တစ်ခါကယ်တင်ခံရဖူးရင် ကျွန်တော် တို့တွေဟာ အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တာနဲ့အညီ၊ ကျွန်တော်တို့ နှလုံးသားထဲက ယုံကြည်ပြီး၊ ကိုယ်တော့်ကို ကျွန်တော်တို့ နှုတ်တွေနဲ့ အသိအမှတ်ပြုသမျှကာလပတ်လုံး၊ ကျွန်တော်တို့က ကယ်တင်ခံရပြီး၊ ကျွန်တော်တို့ တစ်ကြိမ် ကယ်တင်ခံရရင် အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင့် အတွက် အလုပ်ဆက်လုပ်နေပြီး၊ အသုံးခံနေတဲ့အပြင် အဆုံးသတ်အထိ သည်းခံသမျှကာလပတ်လုံး၊ သခင်ပြန်ကြွ လာတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ချက်ခြင်း ချီဆောင်ခံရလိမ့်မယ်” ဟု ပြောခဲ့သည်ကို တွေးနေမိသည်။ ကျွန်တော်က သင်းအုပ်ဆရာ၏ စကားများကို အာမင်ဟု ပြောခဲ့ သည်၊” ဟုတ်ပါတယ်၊ ကျွန်တော်တို့ ရွေးနှုတ်ခံရဖို့အတွက် သခင်ယေရှုက ကားတိုင်မှာ သံမှိုစွဲခံခဲ့ရတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က သခင့်နာမတော်ကို ခေါ်၊ သခင့်ဆီမှာ ကျွန်တော်တို့အပြစ်တွေကို ဝန်ခံပြီး၊ နောင်တရရင်၊ ကျွန်တော်တို့ အပြစ်တွေလည်း လွတ်ငြိမ်းမှာဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရလိမ့်မယ်၊ တစ်ခါကယ်တင်ခံရဖူးရင်၊ အမြဲတမ်းကယ်တင်ခံရတယ်၊ ပြီးတော့ နောက်ပိုင်းမှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ဧကန်မုချ ချီဆောင်ခံရမယ်” ကျွန်တော်၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များအတွင်း ဤအမြင်ရှုထောင့်သည် မှန်ကန်သည်ဟု ကျွန်တော် အမြဲတမ်း ခိုင်မာစွာ ယုံကြည်ခဲ့သည့်အပြင်၊ တစ်ခါမျှ လုံးဝ သံသယ မဖြစ်ခဲ့ဖူးပါ။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
"သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊… အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။" (ရှင်မဿဲခရစ်ဝင် ၂၅:၆၊၁၀) "ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း ၃:၂၀) |
Click & Join usတံဆိပ်များ
All
|