ချောင်ဝေ၊ ရှန်ဟိုင်းမြို့ လွန်ခဲ့သောအချိန်ကာလ၌ ကျွန်မနှင့်အတူ တာဝန်များအား လုပ်ဆောင်ခဲ့သော ညီအစ်မ တစ်ယောက်သည် သူမက ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဖတ်နေစဉ် ရရှိခဲ့သည့် ဉာဏ်အလင်းပေး ခြင်းများကို ဝေမျှသောအခါ လှုံ့ဆော်အားပေးခြင်းနှင့် အကျိုးအမြတ်အချို့ကို ကျွန်မ အမြဲ လက်ခံရရှိခဲ့ သော်လည်း၊ ကျွန်မထံတွင် သူမ ကြွားနေသည်ဆိုသော အသိတစ်ခု အမြဲတမ်း စွဲကျန်နေခဲ့သည်။ ကျွန်မက “အကယ်၍ ငါသူ့ကို အခုချက်ချင်းတုန့်ပြန်လိုက်ရင်၊ ငါ သူ့ဆန္ဒရိုင်းကို အလိုဖြည့်ပေးတာ မဟုတ်လား အဲဒီသဘောတရား အရဆိုရင် ငါက နိမ့်ကျနေမယ် မဟုတ်ဘူးလား” ရလဒ်အနေဖြင့် ကျွန်မသည် သူမဝေမျှသော အတွေးအမြင်တစ်ခုကိုမျှ မိမိကိုယ်ပိုင် အမြင်ရှုထောင့်ဖြင့် မိတ်ဿဟာယပြုခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းများ ပြုလုပ်ရန် ငြင်းဆန်ခဲ့ပါသည်။ တစ်ကြိမ်တွင်တော့၊ ကျွန်မ၏ညီအစ်မသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ခုအား ဖတ်ရာမှ ထိုးထွင်းအမြင်အချို့ရရှိခဲ့ပြီး၊ ကျွန်မတို့၏ အခြေအနေများ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရကာ ဘုရားသခင်၏ နှုတ်ကပတ်တော် ထိုကျမ်းပိုဒ် အတွက် သူမနှင့် မိတ်ဿဟာယဖွဲ့ဖို့ရန် ကျွန်မ၌ ဆန္ဒရှိသလောဟုမေးခဲ့ပါသည်။ သူမေးလျှင်မေးခြင်း ဤမကျေမချမ်းဖြစ်နေသည့် အတွေးအမြင်အားလုံးနှင့် ခံစားချက်များအားလုံးသည် ပေါ်ထွက်လာခဲ့သည်၊ “အစ်မက အစ်မရဲ့ အကြောင်းကိုပဲ သက်သေခံချင်တာ၊ ဟောပြောဖို့ ပရိတ်သတ်ရှိချင်တာ။ ကျွန်မက ဘာဖြစ်လို့ အစ်မနဲ့ မိတ်ဿဟာယဖွဲ့ရမှာလဲ” သူမပြောသည်ကို မကြားရဖို့ ကျွန်မသည် တွေ့ဆုံမှုမှ လစ်ပြေးဖို့ရန် အတော်ဝေးဝေးသို့ပင် သွားလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မနှလုံးသားထဲ၌ လေးလံမှု တစ်ခုကို ခံစားခဲ့ရသည်၊ ကျွန်မ၏ အခြေအနေနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေသည်ဆိုသည်ကိုသိခဲ့သော်လည်း ကျွန်မ၏ အတွင်းထဲမှဖြစ်နေသော ပဋိပက္ခကို ဖြေရှင်းဖို့ရန် နည်းလမ်းကောင်းကိုမူ ကျွန်မ မစဉ်းစားနိုင်ခဲ့ပေ။ ကျွန်မလုပ်နိုင်သည်က ကျွန်မ၏တာဝန်များထဲ၌ မိမိကိုယ်ကို အပြည့်အဝ မြှုပ်နှံဖို့ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖို့ရန်နှင့် ဤအပျက်သဘောဆောင်သော ခံစားချက်များမှ မိမိကိုယ်ကိုယ် အာရုံပြောင်းစေဖို့ရန် ဓမ္မသီချင်းများ ဆိုခြင်းတို့သာ ဖြစ်သည်။ သို့သော်လည်း၊ လက်ရှိအခြေအနေကို ကျွန်မရင်ဆိုင်ရတိုင်း ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ကျွန်မ၏ နှလုံးသားထဲ၌ ပေါ်ထွက်လာခဲ့သည်၊ အရေးကိစ္စများသည် ပို၍ဆိုးလာသည်၊ ပို၍မကောင်းလာသည့်အပြင်၊ ကျွန်မမှာ ၎င်းမှ မည်သို့ လွတ်မြောက်နိုင်မည်ကိုလည်း တစိုးတစမျှပင် မသိရှိခဲ့ပါ။ ရက်အနည်းငယ်ကြာပြီးနောက် မိတ်ဿဟာယဖွဲ့ချိန်အတွင်း၌ ညီအစ်မနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရ သည်။ ထိုညီအစ်မက “ခုနက မိတ်ဿဟာယချိန်တွင်းမှာ ညီမအရမ်းကို တိတ်ဆိတ် နေခဲ့တယ်၊ ညီမကို ကြည့်ရတာ တစ်ခုခု မကြည်သလိုပဲ” ဟု ပြောခဲ့သည်။ ထိုစကားများသည် ကျွန်မ ၏ အရှိုက်ကို ထိုးနှက်လိုက်သကဲ့သို့ ခံစားခဲ့ရသည်၊ သို့သော် ကျွန်မ မျက်နှာမပျက်ချင်သောကြောင့် ပြဿနာတစ်ခုမှ မရှိသကဲ့သို့ ငြင်းဆန်ခဲ့သည်။ ထိုအချိန်တွင် ညီအစ်မသည် အလွန်မာနထောင်လွှားသည့် အသွင်ပေါက်သည်ဟု ကျွန်မမြင်ခဲ့သည်၊ သူသည် ကျွန်မ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာအား လေးစားမှုမရှိဘဲ ပြောပုံရပြီး သူ ကျွန်မအား အထင်အမြင်သေးသည်ဟူသော ခံစားမှုကိုသာ ခံစားခဲ့ရသည်။ ဤညီအစ်မအား ဆန့်ကျင်နေသော ကျွန်မ၏ အိုဟောင်းနေသည့်အစွဲများအားလုံးသည် ကျွန်မ၏ စိတ်အတွင်းထဲ၌ ပြည့်နှက်လာခဲ့သည်။ ကျွန်မပို ရုန်းကန်လေလေ ကျွန်မ၏ ဝိညာဉ်သည် ပို၍ ဆိုးဆိုးဝါးဝါး ကြီးထွားလေဖြစ်ခဲ့၊ ကျွန်မ စိတ်ထဲ၌ ဘုရားသခင်ကို မခံစားခဲ့ရပေ။ ကျွန်မ၏ နာကျင်မှုများဖြင့် ဘုရားသခင်ရှေ့တွင် ဒူးထောက်ခဲ့ပြီး ကျွန်မ၏ အမှန်တကယ်အခြေအနေကို သူ ဉာဏ်အလင်းပေးဖို့ရန် ဆုတောင်းခဲ့သည်။ ကျွန်မ၏ ဆုတောင်းနေစဉ်အတွင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျွန်မထံသို့ ရောက်လာခဲ့သည် “သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ရပ်အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများဖြစ်ကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်”) ပြီးနောက်၊ အောက်ပါကျမ်းပိုဒ်သည်လည်း ကျွန်မကို ရိုက်ခတ်ခဲ့သည် “သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည် မဟုတ်၊ အသင်းတော်၌ သာ၍ပင် အလုပ်လုပ်သည်။ သူသည် မည်သူ့ အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို သင်ခံစားရပြီးသောအခါ၌ သူသည် အခြားလူ တစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်း လုပ်နိုင်သည်။ မြန်မြန်လိုက်ပါ၊ ပစ္စုပ္ပန်ကာလ၌ ရှိသော အလင်းနောက်သို့ သာ၍ နီးနီးကပ်ကပ် သင်လိုက်လေလေ၊ သင်၏ အသက်တာ ပိုပြီး ရင့်ကျက် ကြီးထွားနိုင်လေလေ ဖြစ်သည်။ သူ့မှာ မည်သည့် ဟန်အမူအရာ၊ အကျင့်အကြံမျိုး ရှိသည်ဖြစ်စေ၊ သူ့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသမျှ ကာလပတ်လုံး သူ့နောက်သို့ လိုက်လျှောက်ကြောင်း သေချာပါစေ။ သင့်အတွေ့အကြုံအပေါ်၌ အခြေခံပြီး သူ့အတွေ့အကြုံကို သုံးသပ်ပါ။ ထိုအခါ သင်သည် သာ၍ အဆင့်မြင့်သော အရာများကိုပင် ရရှိလိမ့်မည်။ ထိုသို့ လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျှင်မြန်စွာ တိုးတက်လာ လိမ့်မည်။ ဤသည်မှာ ပြီးပြည့်စုံသောသူ ဖြစ်ရန်အတွက် လူက လျှောက်လှမ်းရမည့်လမ်းဖြစ်ပြီး ထိုလမ်းမှတစ်ဆင့် အသက်တာ ကြီးထွားမည်ဖြစ်သည်။ ပြီးပြည့်စုံသောသူ ဖြစ်စေသည်ကို ခံရဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို သင်နာခံဖို့ လိုသည်။ သင့်ကို ပြီးပြည့်စုံသောသူ ဖြစ်စေရန်အတွက် ဘုရားသခင်သည် ဘယ်လိုလူအားဖြင့် အလုပ်လုပ်မည်ကို သင်မသိနိုင်၊ ဘယ်လိုလူ၊ ဘယ်လို အဖြစ်အပျက် (သို့မဟုတ်) ဘယ်လိုအရာအားဖြင့် သူက သင့်ကို ပိုင်ဆိုင်ခွင့်ပေးမည်၊ ထိုးထွင်းနားလည်မှုပေးမည်ကို သင် မသိနိုင်။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင် ဘုရားသခင်က ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို ခံရဖို့ မျှော်လင့်ချက် သင့်မှာ ကောင်းကောင်းရှိသည်။ သို့သော် သင်သည် လမ်းမှန်ပေါ်၌ မလျှောက်လှမ်းနိုင်လျှင် သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင် မရှိသော အနာဂတ်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်”) ဤကျမ်းပိုဒ်ကို ဖတ်ရင်း ကျွန်မ စတင် နားလည်လာခဲ့သည်၊ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်အား တစ်ချိန်လုံး ဆန့်ကျင်နေခဲ့ကြောင်း ကိုပင်ဖြစ်သည်။ ဤရက်များ၌ ကျွန်မ၏ ညီအစ်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဖတ်ရှုခြင်းမှ ဉာဏ်အလင်းမကြာခဏရခဲ့ပြီး၊ သူမမှာ သူမ၏ တာဝန်နှင့် ကျွန်မတို့၏ ညီအစ်ကို မောင်နှမများ၏ အသက်တာဝင်ခွင့်အတွက် ဝန်ထုပ်ဝန်ပိုး တချို့ ရှိခဲ့ပြီး၊ အခြားသူများအား ကူညီဖို့နှင့် ထောက်ပံဖို့ရန် ပျော်နေခဲ့သည်၊ သိသာထင်ရှားစွာပင် သန့်ရှင်းသောဝိညာဉ်တော်သည် သူမထံတွင် အလုပ်လုပ်နေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အား ကျွန်မ နာခံသင့်ပြီး သူမ၏အကူအညီကို လက်ခံသင့်သည်၊ သို့သော် ထိုအစား ကျွန်မသည် သူမနှင့်ပတ်သတ်၍ မယုံကြည်သည့်အပြင်၊ သူမကို ကြွားဝါသူတစ်ယောက် အဖြစ်လည်းကောင်း၊ သူမသည် အခြားလူများအားလုံးထက် အဘယ်မျှပိုသာ ကြောင်းကိုသာ သက်သေပြချင်နေသည်ဟုလည်းကောင်း ထင်နေမိသည်။ သူမက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ခြင်းအပေါ် ကျွန်မကို မိတ်ဿဟာယဖွဲ့ခြင်းအား ကျွန်မ လက်မခံချင်ခဲ့ပေ၊ ထို့နောက် သူမက ကျွန်မနှင့် မိတ်ဿဟာယဖွဲ့ဖို့ရန် အကြံပြုသောအခါ ကျွန်မ မတုန့်ပြန်ခဲ့ပေ။ ကျွန်မသည် အတိုက်အခံပြုမှုများနှင့် ပြည့်နေခဲ့ပြီး သူမကို အာဃာတထားခဲ့ကာ၊ သူမကို ကျွန်မ၏ ရန်သူအဖြစ် တစ်ချိန်လုံး သတ်မှတ်နေခဲ့သည်။ ကျွန်မ သမ္မာတရားအား ချစ်ပြီး လက်ခံသောသူ တစ်ယောက် အဘယ်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ အပြင်ပန်းတွင် ဤညီအစ်မသည် ကျွန်မ၏ အခြေအနေ အဘယ်နည်းဆိုသည်ကို ထောက်ပြရုံသာပင် ဟု မြင်ရသော်လည်း လက်တွေ့တွင်မူ ထိုအရာအားလုံးသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များမှ လာခဲ့ခြင်းဖြစ်သည်။ အမှန်မှာမူ ကျွန်မ၏ညီအစ်မအပေါ် ကျွန်မ၏ နက်နဲသော မကျေနပ်ခြင်းများသည် ကျွန်မ ဘုရားသခင်အား ဖက်ပြိုင်အံတုပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အား ပယ်ချခြင်း၊ ငြင်းဆန်ခြင်းနှင့် ခုခံတော်လှန်ခြင်းဖြစ်သည်။ ယခုအချိန်မှသည် အတိတ်ကိုပြန်တွေးကြည့်လျှင် ကျွန်မ ဤညီအစ်မ၏ မိတ်ဿဟာယ ပြုခြင်းအား နားထောင်ရန်ဆန္ဒ မရှိသည့် အကြောင်းအရင်းမှာ ကျွန်မ၏ မိတ်ဿဟာယဖွဲ့ခြင်းများ အောင်မြင်မှုမရ သော်လည်း သူဝေမျှသော အတွေ့အကြုံများနှင့် အသိအမြင်များ ထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် ပေါ်ထွန်းခြင်းများ ပါဝင်နေသောကြောင့် ကျွန်မသူ့အား မနာလိုဖြစ်လာသည်ပင်မဟုတ်သလော။ ထိုအရာက ကျွန်မသည် အခြားသူများ အပေါ် ဆရာလုပ်ဖို့ကိုသာ လိုလားသော်လည်း၊ အခြားသူများထက်သာလွန်အောင် လုပ်ရန်ကိုမူ ဆန္ဒမရှိခဲ့ခြင်းပင် မဟုတ်သလော။ ကျွန်မသည် မိမိကိုယ်ကိုယ် လွှတ်လိုက်ပြီး ကျွန်မ ညီအစ်မ၏ အကူအညီကို လက်ခံဖို့ရန် ဆန္ဒမရှိခဲ့ပေ၊ သို့မှသာ ကျွန်မ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အဆင့်အတန်းအား ကာကွယ်နိုင်ပြီး ကျွန်မသည် သူ့ထက်မလျော့ဘူးဆိုသည်ကို သက်သေပြနိုင်မည်ဖြစ်သည်။ ထိုအစား၊ ကျွန်မသည် သူ့၏ မိတ်ဿဟာယဖွဲ့ခြင်းအား ငြင်းပယ်၊ ပုန်းကွယ်ပြီး တရားစီရင်ခဲ့သည်။ ကျွန်မ၏ သဘာဝ သည် လုံးလုံးလျားလျား မာနထားပြီး မာကျောခက်ထန်သည်၊ ထို့အပြင် ကျွန်မထံတွင် ကိုယ်ချင်းစာမှုနှင့် နားလည်ခံစားပေးမှုများ အားလုံး ကင်းမဲ့သည်။ ဤအခြေအနေ၌ ကျွန်မ နားလည်လိုက်သည်က ကျွန်မသည် ဘုရားသခင်အား နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းများထဲ၌ မှန်ကန်စွာ အသက်မရှင်ခဲ့ပေ၊ သမ္မာတရားအား မချစ်ခဲ့ဘဲ ကျွန်မ၏ ညီအစ်မထံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အဖိုးတန်သော အမှုတော်အား မမြင်နိုင်ခဲ့ပါ။ ထိုအစား၊ ကျွန်မသည် ကျွန်မ၏ ကိုယ်ပိုင် ဂုဏ်ဒြပ်နှင့် ပကာသနကိုသာ အရာအားလုံး၏ရှေ့၌ နေရာပေးခဲ့သည်။ ကျွန်မသည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အား ရှင်းရှင်းလင်းလင်း သိနေသော်လည်း၊ ၎င်းကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်နေခဲ့သည်။ သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း ကိုသိသော်လည်း၊ မိမိတို့၏ ကျော်ကြားမှု နှင့် အဆင့်အတန်းကို ကာကွယ်ခြင်းကြောင့် ဘုရားသခင်အား ရည်ရွယ်ချက်ရှိရှိ ခုခံတော်လှန်ပြီး ပြစ်တင်ဝေဖန်သော ဂျူးလူမျိုး ဖာရိရှဲများနှင့် ကျွန်မ၏ အပြုအမူ၏ အနှစ်သာရသည် အဘယ်ကဲ့သို့ ကွာခြားမည်နည်း။ ဘုရားသခင် မိန့်တော်မူခဲ့သလိုပင်၊ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်အား ကစားပွဲတစ်ခုအနေဖြင့်သာမြင်သည့် နောက်ထပ် ပေါ့ပြက်ပြက် နိုင်သော သူတစ်ယောက်ပင် မဟုတ်သလော။ အတိတ်ကိုပြန်ကြည့်လျှင်၊ ကျွန်မနားလည်ခဲ့သည်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ညီအစ်မအတွင်း ၌သာ အလုပ်လုပ်ခြင်းမဟုတ်ဘဲ၊ သူသည် ဤညီအစ်မ၏ မိတ်ဿဟာယဖွဲ့ခြင်းအားဖြင့် ကျွန်မ၏ မပြည့်ဝခြင်းများကို ဖြည့်ပေးဖို့ရန်၊ ကျွန်မ၏ မျက်စိများအား ဖွင့်ပေးပြီး လုပ်ဆောင်ချက်မှ တစ်ခုခုရရှိဖို့ ကျွန်မကို ကူညီရန်လည်း ကြိုးစားခဲ့သည်။ ကျွန်မ အပြန်အလှန်တုန့်ပြန်သောအားဖြင့် မည်သည့် အရာကို လုပ်ခဲ့သနည်း။ ကျွန်မ မာနကြီးခဲ့ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့ပြီး အချိန်ကာလတိုင်း၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ငြင်းပယ်ခဲ့သည်၊ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်အားဖြင့် ပြည့်စုံစေမည့် များစွာသော အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။ ကျွန်မသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း၊ ပေါ်ထွန်းခြင်းနှင့် သမ္မာတရားများ မြောက်များစွာကို လက်လွှတ်ခဲ့ရသည်။ အဘယ်မျှပင် ကျွန်မ မိုက်မဲခဲ့၊ အဘယ်မျှပင် အသုံးမကျခဲ့ရသနည်း။
0 Comments
Leave a Reply. |
Click & Join usတံဆိပ်များ
All
|