ဖန်ဟောက် တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့မလဲ။ ကိုယ့်ချစ်ခြင်းကို ဘယ်လိုခိုင်မြဲစေမလဲ။ ပြီးရင် ကိုယ့်မိတ်ဆွေတွေနဲ့ဘယ်လိုဆက်သွယ်မလဲ။ စကားနဲ့လား။ ထားလိုက်ပါ။ လူတွက ဒီလိုလုပ်ဖို့အတွက် အချိန်မရှိဘူး။” ငွေဖက်သို့သာ လုံးလုံးပြောင်းကုန်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် အရာအားလုံးကို ထိုသို့သော လက်တွေ့ကျသည့် သုံးသပ်ခြင်းများဖြင့် စိုးမိုးခြယ်လှယ်နေသည်၊ ရုပ်ဝထ္ထုဆိုင်ရာ နှင့် ရုပ်ဝထ္ထုဆိုင်ရာ မဟုတ်သည့် အရာများအားလုံးတို့သည် ငွေအတွက် အလဲအလှယ်လုပ်နိုင်သည့် အရာများဖြစ်ပြီး၊ သင့်အိတ်ထဲမှ ငွေစက္ကူအရေအတွက်က သင့်တန်ဖိုးနှင့် အဆင့်အတန်းတို့ကို ဆုံးဖြတ်ပေး သည်။ သင့်ထံတွင် ငွေများစွာရှိပါက၊ အခြားသူများက သင့်ကို အလုပ်အကျွေး ပြုဖို့နှင့် မြှောက်ပင့်ဖို့ အလုအယက်တိုးဝှေ့ကြိုးပမ်းကြမည်၊ သို့သော်လည်း ငွေမရှိပါက အခြားသူများက သင့်ကို အထင်သေးစေပြီး၊ မိတ်ဆွေများနှင့် ဆွေမျိုးများက သင့်ကို ရှောင်ရှားစေသည်။ “ ချမ်းသာဝပြောသည့်အချိန်တွင် မိတ်ဆွေများလိမ့်မည်၊ ဘေးဒုက္ခဆင်းရဲရောက်ချိန်တွင် အယောက်နှစ်ဆယ် တွင် တစ်ယောက်မှမရှိပါ” ဆိုသည့် ဆိုရိုးစကားနှင့်အညီပင် ဖြစ်သည်။ အရာအားလုံးကို အကဲဖြတ်ဖို့ ငွေကို အသုံးပြုကြသည့် လူများ ပိုပို၍ များလာသည်။ ချမ်းသာကြွယ်ဝသူများသာလျှင် သူတို့တစ်ဦးချင်းစီ၏ တန်ဖိုးကို ဖော်ပြနိုင်ပြီး၊ သာလွန်သောဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ခွင့် ရသည် ဟူ၍ ယုံကြည်ကြသည်။ ထို့ကြောင့် လူများစွာတို့က ငွေ၏ကျေးကျွန်ဖြစ်လာကာ၊ ငွေပိုရရှိရန် အရာအားလုံး ကို စတေးရန်လိုလားကြသည်။ သူတို့၏ ဘဝများ၊ ကျန်းမာရေးများနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာများကိုပင် စတေးရန် လိုလားကြသည်၊ တစ်ခါက ကျွန်မက အဓိပ္ပါယ်အရှိဆုံး ဘဝမှာ မည်သည့်အရာဖြစ်မှန်း မသိခဲ့သောကြောင့် ငွေရှာရန် အလုပ်လုပ်ခြင်းသည် ကျွန်မ၏ ပန်းတိုင်ဖြစ်လာခဲ့သည်။ စိုးရိမ်ရသည့် နာမကျန်းဖြစ်ခြင်း က ရုတ်တရက် နားလည်သဘောပေါက်မှုကို သယ်ဆောင် လာပြီး၊ ငွေနောက်မှ မှောင်မိုက်သည့် ဇတ်ကောင်ကို သတိပြုမိစေသည့်အပြင်၊ ငွေရှာခြင်းထက် ပိုပြီး အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုကို ကူညီရှာဖွေပေးခဲ့သည့် နေ့ရက်အထိပင် ဖြစ်ပါသည်။
0 Comments
ဝိညာဉ်ရေးရာဝတ်ပြုခြင်းကို ဝေငှခြင်း- ခရစ်ယာန်များသည် စုဝေးပွဲများ တက်ရောက်ခြင်းကို လျစ်လျူမရှုရပါ ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။ ဟွဖေး မှ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ- စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။ လီဟန်၊ ကျင်းရှီစီရင်စု ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသော အစ်မ နှင့် ပထမဆုံး အသင်းတော်ကိစ္စရပ်များကို စီစဉ်သောအချိန်တွင်၊ ကျွန်မတို့တွင် မတူညီသော အမြင်များ ရှိသောအခါ ကျွန်မ၏အဖော်ကို ကျွန်မ အပြစ်မတင်မိဖို ကျွန်မ၏နှလုံးသား နှင့် ဝိညာဉ်ကို ကာကွယ်ဖို့တောင်းဆိုရင်း ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပါသည်။ သို့သော် ကျွန်မ၏အဖော် နှင့် ပဋိပက္ခတွေမဖြစ်အောင် ကျွန်မ၏ အပြုအမူများကို ထိန်းချုပ်သောနေရာ၌သာ ကျွန်မ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့ပါ။ ထို့ကြောင့် အချိန်ကြာလာသည် နှင့်အမျှ အစ်မ နှင့် ပိုပိုပြီး သဘောမတိုက်ဆိုင်မှုများ ရှိလာသည်။ တစ်ခါတွင်ကျွန်မသည် အစ်မတစ်ယောက်ကို ယုံကြည်သူသစ်များအား ရေလောင်းသောရာထူး တိုးပေးချင်ခဲ့၏။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသောအစ်မက ယင်းအစ်မက မကောင်းပါဟု ပြောသည်။ သင့်တော်သည့်လူကို ကျွန်မလဲပြီးနောက်တွင် သူက ဒါ မကောင်းဘူးဟု ပြောနေဆဲပင် ဖြစ်သည်။ ကျွန်မ ချက်ချင်းစိတ်တိုပြီး စိတ်ဆိုးဆိုး နှင့် “ ဘယ်သူကမှ မကောင်းဘူး။ နင်ပဲ ကောင်းတယ်” ဟု ပြောလိုက်သည်။ သို့ဖြစ်၍ ဤကိစ္စကို လုံးဝ ထပ်မပြောတော့ပါ။ သူက ထိုအကြောင်းကိုမေးသောအခါ ကျွန်မ စိတ်တိုတို နှင့်၊ “ နင်ကြိုက်တဲ့သူကိုရွေး၊ ငါ ဂရုမစိုက်ဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်းတွင် သူဘာပဲပြောပြော သဘောထားကွဲလွဲမှုရှိခဲ့လျှင် ကျွန်မ ဘာမှမပြောတော့ပါ။ ပဋိပက္ခဖြစ်ခြင်းများကို ရှောင်နိုင်မည်ဟု တွေးထင်ရင်း ကျွန်မ ရေငုံနှုတ်ပိတ်နေလိုက်သည်။ တစ်ခါတစ်လေမှာ ချုပ်တည်းရခြင်းက မခံနိုင်အောင်ဖြစ်လာသည်။ ထို့ကြောင့် ကျွန်မ မှားသွားခဲ့ပြီဟု ခံစားရင်း တစ်နေရာရာ၌ ပုန်းကာ ငို ကြွေးခဲ့သည်။ နင်က မလုပ်နိုင်ဘူးလား။ ဒါဆိုရင် နင့်ဖာသာလုပ်လေ။ ပြီးရင် နင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာကို ကြည့်မယ် ဟုပင် ကျွန်မစဉ်းစားခဲ့သည်။ နောက်ပိုင်း တစ်ခါတွင် အထက်ခေါင်းဆောင်က ကျွန်မ ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်တစ်ခု ပေးခဲ့သည်။ ကိစ္စတစ်ခုလုံးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ရသည်။ ယင်းနှင့် ပတ်သက်၍ ကျွန်မ အတော်ကျေနပ်သလို ခံစားခဲ့ရသည်။ ကျွန်မနှင့်အတူလုပ်နေသောအစ်မက ကျွန်မကို ချီးကျူးပြီး နှစ်သိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်လင့်မထားပဲ ကျွန်မ၏အဖော်က ရေအေးတစ်လုံးနှင့် ကျွန်မကို လောင်းချလိုက်သကဲ့သို့ ငြင်းလိုက်ပြီး၊ “ ဒါက လုပ်ဖို့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ဤအရာက ကျွန်မကို တကယ်ဒေါသထွက်စေပါသည်။ ရှင် တကယ့်အခြေအနေကို နားမလည်ပဲနဲ့ လုံးဝ ငြင်းပယ်လိုက်တယ်။ ဒါတော်တော် ဘဝင်မြင့်တာပဲ ဟု ကျွန်မ တွေးလိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အမြင်များကို ကိုင်စွဲထားပြီး မည်သူမျှ အချင်းချင်း လက်ခံပေးဖို့ ဆန္ဒမရှိကြပါ။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော် ဆွေးနွေးမှုများကိုပင် ကျွန်မ နားမထောင်တော့ပါ။ ယင်းကို ကျွန်မ စဉ်းစားလေလေ၊ သူမှားသည်ဟု ကျွန်မ ခံစားရလေလေဖြစ်သည်။ သူ့၏ စီနီယာဖြစ်ခြင်းကို အခွင့်ကောင်းယူပြီး ကျွန်မကို တမင်သက်သက် အခက်တွေ့စေသည်မှာ သူဖြစ်သည်။ ကျွန်မ သူ့ကို အထပ်ထပ်သည်းခံခဲ့သော်လည်း သူ ကျွန်မကို ဤသို့ ဆံဆက်လျက်ပင်ရှိသေးသည်ကိုလည်း တွေးမိပါသည်။ ကျွန်မ စဉ်းစားကြည့်လေလေ ကျွန်မ မှားခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်မှာ အမှောင်ထဲမှာ ကျွန်မ လုံးဝကျန်ရစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့သည်အထိ ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်မ သူနှင့်အလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ အနေနှင့် ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်တဲ့အတွက် ကျွန်မ ဒီကိစ္စကနေ ပုန်းပဲနေလိုက်တော့မယ်ဟု စဉ်းစားခဲ့သည်။ ထိုအချိန်က ဤအခြေအနေမျိုးက အတော်အန္တရာယ်ရှိသည်ကိုလည်း ကျွန်မ သိပါသည်။ ဆိုးဝါးသောအရာ တစ်စုံတစ်ခု လုပ်မိခြင်းကို ရှောင်ကြဉ်ဖို့ တာဝန်တွေကို အမြန်ဆုံးလဲလိုက်ဖို တောင်းခံလျှင် ပိုကောင်းမည်ဟု ကျွန်မ တွေးမိသည်။ ထိုကြောင့် နှုတ်ထွက်စာကိုရေးဖို့ ကျွန်မ၏ သိပ်အရေးမပါသော ဝိညာဉ်အသက်တာ နှင့် အရည်အချင်းမပြည့်မှီမှုတို့ကို ဆင်ခြေအဖြစ်အသုံးချခဲ့သည်။ မကြာမီမှာပင် အထက်ခေါင်းဆောင်မှ ရှုံးနိမ့်ခြင်း နှင့် နှုတ်ထွက်ခြင်းကို ဝန်ခံခြင်းနှင့် ဆိုင်သည့် အခြေခံစည်းမျဉ်းများ နှင့် လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် လုပ်ဆောင်သော ကြီးမြတ်သည့် စာနာထောက်ထားမှုအကြောင်းကို ဝေမျှခဲ့ပါသည်။ သို့သော် ကျွန်မ၏ နှလုံးသားက မာကျောနေပြီး ပျော့ပြောင်းမသွားပါ။ သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူကစုစည်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ– “ ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” (ယောဟန် ၅:၃၉-၄၀) “ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆) Myanmar Gospel Song (ဘုရား၏စီမံခန့်ခွဲမှုအလုပ် လူသားများအား ရွေးနုတ်ကယ်တင်ဖို့) ခရစ်တော် ကချစ်ခြင်းဖြစ်သည် ကိုယ်တော့်မေတ္တာနှင့်ကရုဏာ
သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့ အစမှအဆုံး အသေးစိတ်ထိ လူတွေ သူ့ကြင်နာမှု ခံစားစား၊ မခံစားစား ဆောင်ရွက်စရာများ မမောမပန်း သူဆက်လက်လုပ်ဆောင် လူတွေ သူ့စီမံချက်ကို နားလည်လည်၊ မလည်လည် ဘုရားအလုပ်သည် လူတိုင်းခံစားသိနိုင်သည့် ထောက်ပံ့ကူညီမှုပေး ဘုရား၏စီမံဆောင်ရွက်မှု အကြံအစည်သည် လူသားများ နတ်ဆိုးပိုင်နက်မှ ဆွဲခေါ်ရန် မာရ်နတ်ပျက်စီးခံရသူများနှင့် သူ့အလိုတော်ဆန့်ကျင်သူများကို မပစ်ပယ်ရန် ကိုယ်တော့်မေတ္တာနှင့်ကရုဏာ သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့ အစမှအဆုံး အသေးစိတ်ထိ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့ ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -
နှစ်ပေါင်းခြောက်ထောင်ကျော်ကြာမြင့်သောအကြံအစည်တော်ဖြစ်သည့် ငါ၏စီမံခွဲခန့်တော်မူခြင်း အစီအစဉ်၌ အဆင့်သုံးခု (သို့) ကာလသုံးပိုင်းပါရှိသည်။ ယင်းတို့မှာ အစအဦး၌ဖြစ်သော ပညတ်တော် ကာလ၊ ကျေးဇူးတော်ကာလ(ရွေးနှုတ်ခြင်းကာလဟူ၍လည်းခေါ်ဆိုသည်။) နှင့် နောက်ဆုံးသောနေ့ ရက်များ၏နိုင်ငံတော်ကာလ တို့ဖြစ်ကြသည်။ အဆိုပါကာလသုံးပိုင်းရှိ ငါ၏အမှုတော်တွင် ပါဝင်သော အရာများသည် ကာလတစ်ခုချင်းစီ၏ သဘောသဘာဝများအရ ခြားနားမှုများရှိနေသည်။ သို့သော် အဆင့်တိုင်း၌လူသား၏ လိုအပ်မှုများအရ (သို့) ပိုမိုတိကျစွာဆိုရပါက စာတန်မာရ်နတ်အား ငါဆင်နွဲ သည့် စစ်ပွဲ၌ စာတန်ကျင့်သုံးသည့်လှည့်စားမှုများနှင့်လျော်ညီစွာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ ငါလုပ်ဆောင်သော အလုပ်၏ရည်ရွယ်ချက်မှာ စာတန်မာရ်နတ်အား ချေမှုန်းရန်၊ ငါ၏ပညတ်တော်နှင့် အရာခပ်သိမ်းအားသိမြင်တော်မူခြင်းအား ထင်ရှားစွာမြင်တွေ့ကြစေရန်၊ စာတန်၏လှည့်စားမှုမှန်သမျှ အား ဖော်ထုတ်ရန်နှင့် ထိုသို့အားဖြင့် စာတန်၏ထိမ်းချုပ်မှုအောက်တွင် ရှိနေသည့် လူသားမျိုး နွယ်တစ်ရပ်လုံးအား ရွေးနှုတ်ကယ်တင်ရန်ဖြစ်သည်။ ၎င်းသည်ငါ၏ပညာတော်နှင့် အရာခပ်သိမ်း အား သိမြင်တော်မူခြင်းအား ဖော်ထုတ်ပြသရန်နှင့် စာတန်မာရ်နတ်၏ ဆိုးရွားသည့် သွင်ပြင် လက္ခဏာအား တချိန်တည်းဖော်ထုတ်ရန်ဖြစ်သည်။ ထို့အပြင် ကောင်းမြတ်ခြင်းနှင့်ဆိုးညစ်ခြင်းတို့ကို ငါဖန်ဆင်းတော် မူသောသူများခွဲခြားတတ်စေရန်သင်ကြားပေးခြင်း၊ငါသည်အရာခပ်သိမ်းတို့အား အုပ်စိုးတော်မူသောသူ ဖြစ်ကြောင်းသိစေရန်၊စာတန်သည်လူသားမျိုးနွယ်၏ရန်သူဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ စေနိုင်ရန်၊ အနိမ့်ဆုံးသောအရာထက် နိမ့်ကျသောသောသူဖြစ်ကြောင်း သိစေရန်၊ ဆိုးညစ်သောသူဖြစ်ကြောင်း သိစေရန်၊ကောင်းသောအရာနှင့်ဆိုးသောအရာတို့၏ခြားနားမှု၊ သမ္မာတရားနှင့် မှားယွင်းခြင်းတို့၏ ခြားနားမှု၊ သန့်ရှင်းခြင်းနှင့်ညစ်ညူးခြင်းတို့၏ခြားနားမှု၊ ကြီးမြတ်သောအရာနှင့်ဂုဏ်သိက္ခာကင်းမဲ့ခြင်း တို့၏ခြားနားမှုအားသေချာတိကျစွာပြောဆိုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ဂရုမမူလျက် ရှိနေကြသော လူသားမျိုးနွယ်အား ငါသည်လူသားမျိုးနွယ်ကို ပျက်စီးစေသောသူမဟုတ်ကြောင်း၊ ဖန်ဆင်းခြင်း၏အရှင်သခင်ဖြစ်သောငါတစ်ပါးတည်းသာလျင် လူသားမျိုးနွယ်အားကယ်တင်နိုင်ကြောင်း၊ ငါသာလျင်လူသားများ၏ ပျော်ရွှင်ခြင်းအား ပေးအပ်နိုင်သောသူဖြစ်ကြောင်းနှင့် လူသားများသည် ငါ့အား အရာခပ်သိမ်းအားအုပ်စိုးသောသူအဖြစ် သိစေရန်နှင့် စာတန်မာရ်နတ်သည် ငါဖန်ဆင်းထားခဲ့သောသူ၊ နောက်ပိုင်းတွင်ငါ့အားပုန်ကန်၍ဆန့်ကျင်ဘက်ပြုသောသူဖြစ်ကြောင်း လူသားများ သက်သေခံနိုင် လာကြစေရန်ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကြာမြင့်သော ငါ၏အစီအစဉ်အား အောက်ပါ အကျိုးရလဒ်များရရှိစေရန်အလို့ငှာ အဆင့်သုံးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားသည်။ ယင်းတို့မှာ ငါဖန်ဆင်းသောအရာများသည် ငါ၏သက်သေခံများဖြစ်လာကြစေရန်၊ ငါ၏အလိုတော်အား နားလည်စေရန်နှင့် ငါသည်သမ္မာတရားဖြစ်တော်မူကြောင်း သိလာကြစေရန်ဖြစ်သည်။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
"သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊… အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။" (ရှင်မဿဲခရစ်ဝင် ၂၅:၆၊၁၀) "ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း ၃:၂၀) မေးခွန်း (၂)- နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် လူ့ဇာတိခံယူရတာလဲ။ ပညတ်တော်ခေတ်မှာဆိုရင်၊ ဘုရားသခင်ဟာ အမှုတော်ကိုဆောင်ရွက်ဖို့အတွက် မောရှေကို အသုံးပြုခဲ့တယ်၊ ဒါကြောင့် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက်လည်း ဘုရားသခင်ဟာ ဘာကြောင့် လူကို အသုံးမပြုနိုင်ရတာလဲ။ အဖြေ- ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် ဘာကြောင့် လူ့ဇာတိခံယူရတာလဲဆိုတာက လူတော်တော်များများ အဓိကအလေးထားကြတဲ့ မေးခွန်းတစ်ခုပါပဲ။ အဲဒီလိုလူတွေဟာလည်း ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ သမ္မာတရားကို အမှန်တကယ်တောင့်တနေကြသူတွေပါ။ ဒီမေးခွန်းက ကျွန်တော်တို့အနေနဲ့ ကောင်းကင်နိုင်ငံဆီ ချီဆောင်ခံရပါ့မလားဆိုတာနဲ့လည်း ပတ်သက်ပါတယ်။ ဒါကြောင့် ဒီအကြောင်းရင်းမှန်ကို နားလည်ဖို့က တော်တော်အရေးကြီးပါတယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် လူတစ်ယောက်ကိုအသုံးပြုမယ့်အစား၊ ဘာကြောင့် ကိုယ်တော်တိုင် လူ့ဇာတိခံရတာလဲပေါ့။ ဒီကိစ္စကိုတော့ တရားစီရင်ခြင်းအမှုရဲ့သဘောသဘာဝနဲ့ စိစစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားစီရင်ခြင်းအမှုဟာ ဘုရားသခင်က သမ္မာတရားကို ဖော်ထုတ်ပြခြင်းဖြစ်ပြီး၊ လူတွေကို သိမ်းပိုက်ဖို့၊ သန့်စင်ဖို့၊ ကယ်တင်ဖို့အတွက် ကိုယ်တော်ရဲ့ စိတ်သဘောထားကို ဖော်ပြခြင်းလည်း ဖြစ်လို့ပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ခုကို ဖတ်ကြည့်ကြရအောင်။
ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည် ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။" (ရှင်လုကာခရစ်ဝင် ၁၂:၄၀) "ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။" (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊" (ရှင်မဿဲခရစ်ဝင် ၂၅:၆) "ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း ၃:၂၀) "အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။" (ဗျာဒိတ်ကျမ်း ၁၆:၁၆) "ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း၊ ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။" (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆) |
Click & Join usတံဆိပ်များ
All
|