ဝိညာဉ်ရေးရာဝတ်ပြုခြင်းကို ဝေငှခြင်း- ခရစ်ယာန်များသည် စုဝေးပွဲများ တက်ရောက်ခြင်းကို လျစ်လျူမရှုရပါ ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။
0 Comments
၃။ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုရှိသနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက ... သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊" (ထွက်မြောက်ရာကျမ်း ၃၃:၁၈-၂၀) "ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။ ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။" (ထွက်မြောက်ရာကျမ်း ၁၉: ၂၀-၂၁) "လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။" (ထွက်မြောက်ရာကျမ်း ၂၀:၁၈-၁၉) "ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။" (ရှင်ယောဟန်ခရစ်ဝင် ၁၂:၂၈-၂၉) လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သည်နှင့်တစ်ပြိုင်နက် ရရှိခဲ့သည့်အရာသည် မည်သည့်အရာနည်း။ ဘုရားသခင်၏ အကြောင်းကို သင်ဘာတွေ သိရှိခဲ့ပြီးဖြစ်သနည်း။ ဘုရားသခင်ကို ယုံကြည်သည့်အတွက် သင်ဘယ်လောက် ပြောင်းလဲခဲ့သနည်း။ ယခုဆိုလျှင် သင်တို့အားလုံး လူသားမှဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် စိတ်နှလုံးဝိဉာဉ်ကို ကယ်ဆယ်တော်မူခြင်း တစ်ခုအတွက်သာမဟုတ်မှန်းနှင့် ခန္ဓာ၏ ကြွယ်ဝခြင်း အတွက် သော်လည်းကောင်း၊ ဘုရားသခင်၏ချစ်ခြင်း မေတ္တာအားဖြင့် မိမိ၏အသက်တာအား ပြည့်စုံကြွယ်ဝစေရန် သော်လည်းကောင်း အစရှိသဖြင့် များစွာသော အကြောင်းပြချက်များလည်း ရှိမှန်းသိပြီးကြမည် ဖြစ်သည်။ ထို့ကြောင့် ခန္ဓာ၏ကြွယ်ဝခြင်း သို့မဟုတ် တခဏတာ ပျော်ရွှင်ခြင်း အတွက်ဘုရား သခင်ကို ချစ်ခြင်းဖြစ်နေပါသလား၊ ပြီးလျှင် အဆုံး၌ သင်၏ ဘုရားသခင်ကို ချစ်ခြင်းသည် အထွဋ်အထိပ် ရောက်ရှိပြီး ဘုရားသခင်ထံ သင်ဘာမှမတောင်းဆိုမနေလျှင် သင်ရှာဖွေနေသော ချစ်ခြင်းသည် မသန့်ရှင်းသော ချစ်ခြင်းသာဖြစ်ပြီး ဘုရားသခင်နှစ်သက်သော ချစ်ခြင်းမျိုး မဟုတ်ပေ။ ဘုရားသခင်ကို ချစ်ခြင်းကို မိမိတို့၏ ခြောက်သွေ့သောအသက်တာများနှင့် မိမိတို့နှလုံးသားတွင် ဖြစ်နေသော ဟာကွက်ကို ဖြည့်ဆည်းရန် အသုံးပြုသူများသည် သက်တောင့်သက်သာရှိစွာဖြင့် ဘဝကိုရှင်သန်နေထိုင်လိုသူသာ ဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ရှာဖွေနေသောသူ မဟုတ်ပါ။ ဤချစ်ခြင်းမျိုးသည် မိမိ၏သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး စိတ်ခံစားမှု ဆိုင်ရာသာယာမှုအားဖွေရှာခြင်း ဖြစ်ပြီး ဘုရားသခင်သည် ဤကဲ့သို့ ချစ်ခြင်းမျိူးကို အလိုမရှိပေ။ ထို့ကြောင့် သင်၏ချစ်ခြင်းသည် မည်ကဲ့သို့သော ချစ်ခြင်းမျိုး ဖြစ်သနည်း။ ဘုရားသခင်ကို မည်သည့်အတွက်ကြောင့် ချစ်သနည်း။ ဘုရားသခင်အတွက် မည်မျှစစ်မှန်သော ချစ်ခြင်း သင့်တွင်ရှိ သနည်း။ သင်တို့အတွင်း၌ရှိသော ချစ်ခြင်း အများစုကို အထက်တွင် ဖော်ပြခဲ့ ပြီးဖြစ်သည်။ ဤချစ်ခြင်းမျိုးသည် လက်ရှိအခြေအနေကိုသာလျှင် ထိန်းသိမ်း နိုင်မည်ဖြစ်ပြီး ထာဝရတည်မြဲမှုကို ရရှိနိုင်မည်မဟုတ်သည့်အပြင် လူသား၌ လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပါ။ ဤချစ်ခြင်းမျိုးသည် ပွင့်လန်းပြီး ညှိုးနွမ်းကာ အသီးမသီးသော ပန်းမျိုးဖြစ်သည်။ ထပ်မံဖွင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့တစ်ခါသာ ချစ်ပြီး ရှေ့၌ရှိသောလမ်းသို့ ဦးဆောင်မည့် သူမရှိပါက သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။ ဘုရားသခင်အား ချစ်သည့် အချိန်တွင် ချစ်ပြီး နောက်ဆက်တွဲသင်၏ဘဝဖြစ်တည်မှုတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ မပြုလုပ်ပါက သင်သည်အမှောင်ထု၏ ဖုံးလွှမ်းခြင်းတွင် ဆက်လက်တည်ရှိနေပြီး မလွတ်မြောက်နိုင် စာတန်မာရ်နတ်၏ အရူးလုပ် အသုံးချခြင်းများမှ လည်း ရုန်းထွက်နိုင်မည်မဟုတ်ပါ။ ထိုကဲ့သို့သော လူမျိုးကို ဘုရားသခင်မှ အပြည့်အဝရရှိနိုင်မည့်သူမဟုတ်ပဲ အဆုံး၌ သူ၏ဝိညာဉ်၊ စိတ်နှင့်ခန္ဓာသည် စာတန်မာရ်နတ်သာ ပိုင်ဆိုင်နေမည်သာဖြစ်သည်။ ဤအရာမှာ မေးခွန်းထုတ် စရာ ပင်မလိုပေ။ ဘုရားသခင်ကို အပြည့်အဝ မရယူနိုင်သောသူများသည် သူတို့၏မူလနေရာ စာတန်မာရ်နတ်ထံသို့ ပြန်လည်သွားရောက်ပြီး မီးနှင့်ကန့် အစဉ်မပြတ်လောင်ကျွမ်းနေသော အိုင်သို့ရောက်ရှိ ဆင်းသက်ကာ ဘုရားသခင်၏ အပြစ်ပေးခြင်းအဆင့် နောက်တစ်ဆင့်ကိုခံယူရန် စောင့်ဆိုင်းနေရမည်ဖြစ်သည်။ ထာဝရဘုရားကိုအပြည့်ဝရရှိသောသူသည် စာတန်မာရ်နတ်အား တော်လှန်ပြီး သူ၏ လက်အောက်ခံများမှလည်း လွတ်မြောက်မည်ဖြစ်သည်။ ထိုသူများသည် ဘုရားသခင်၏နိုင်ငံတော်မှ လူများအဖြစ် အသိအမှတ်ပြုခံရမည် ဖြစ်သည်။ ၎င်းသည်ထာဝရဘုရား၏ လူများမည်ကဲ့သို့ဖြစ်လာခြင်းအကြောင်း ဖြစ်ပါသည်။ သင်သည်ဤကဲ့သို့ လူမျိုးဖြစ်ချင်ပါသလား၊ သင့်ကိုဘုရားသခင်ကအပြည့်အဝပိုင်ဆိုင်ခြင်းကို ခံစားချင်ပါသလား၊ စာတန်မာရ်နတ်၏ လက်အောက်မှရုန်းထွက်၍ ဘုရားသခင်ထံ ပြန်လာမည်လား။ သင့်ကို စာတန်မာရ်နတ်မှ ပိုင်ဆိုင်စေလို သလား (သို့) ဘုရားသခင်၏နိုင်ငံတော်၌ အမည်စာရင်းသွင်း မှတ်ကျောက်တင်ခံရသောသူ ဖြစ်လိုပါသလား။ ဤအရာများကို ရှင်းရှင်းလင်းလင်းသိရှိသင့်ပြီး အခြားသောရှင်းပြချက်များ မလိုအပ် တော့ပေ။
|
Click & Join usတံဆိပ်များ
All
|