ဖန်ဟောက် တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့မလဲ။ ကိုယ့်ချစ်ခြင်းကို ဘယ်လိုခိုင်မြဲစေမလဲ။ ပြီးရင် ကိုယ့်မိတ်ဆွေတွေနဲ့ဘယ်လိုဆက်သွယ်မလဲ။ စကားနဲ့လား။ ထားလိုက်ပါ။ လူတွက ဒီလိုလုပ်ဖို့အတွက် အချိန်မရှိဘူး။” ငွေဖက်သို့သာ လုံးလုံးပြောင်းကုန်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် အရာအားလုံးကို ထိုသို့သော လက်တွေ့ကျသည့် သုံးသပ်ခြင်းများဖြင့် စိုးမိုးခြယ်လှယ်နေသည်၊ ရုပ်ဝထ္ထုဆိုင်ရာ နှင့် ရုပ်ဝထ္ထုဆိုင်ရာ မဟုတ်သည့် အရာများအားလုံးတို့သည် ငွေအတွက် အလဲအလှယ်လုပ်နိုင်သည့် အရာများဖြစ်ပြီး၊ သင့်အိတ်ထဲမှ ငွေစက္ကူအရေအတွက်က သင့်တန်ဖိုးနှင့် အဆင့်အတန်းတို့ကို ဆုံးဖြတ်ပေး သည်။ သင့်ထံတွင် ငွေများစွာရှိပါက၊ အခြားသူများက သင့်ကို အလုပ်အကျွေး ပြုဖို့နှင့် မြှောက်ပင့်ဖို့ အလုအယက်တိုးဝှေ့ကြိုးပမ်းကြမည်၊ သို့သော်လည်း ငွေမရှိပါက အခြားသူများက သင့်ကို အထင်သေးစေပြီး၊ မိတ်ဆွေများနှင့် ဆွေမျိုးများက သင့်ကို ရှောင်ရှားစေသည်။ “ ချမ်းသာဝပြောသည့်အချိန်တွင် မိတ်ဆွေများလိမ့်မည်၊ ဘေးဒုက္ခဆင်းရဲရောက်ချိန်တွင် အယောက်နှစ်ဆယ် တွင် တစ်ယောက်မှမရှိပါ” ဆိုသည့် ဆိုရိုးစကားနှင့်အညီပင် ဖြစ်သည်။ အရာအားလုံးကို အကဲဖြတ်ဖို့ ငွေကို အသုံးပြုကြသည့် လူများ ပိုပို၍ များလာသည်။ ချမ်းသာကြွယ်ဝသူများသာလျှင် သူတို့တစ်ဦးချင်းစီ၏ တန်ဖိုးကို ဖော်ပြနိုင်ပြီး၊ သာလွန်သောဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ခွင့် ရသည် ဟူ၍ ယုံကြည်ကြသည်။ ထို့ကြောင့် လူများစွာတို့က ငွေ၏ကျေးကျွန်ဖြစ်လာကာ၊ ငွေပိုရရှိရန် အရာအားလုံး ကို စတေးရန်လိုလားကြသည်။ သူတို့၏ ဘဝများ၊ ကျန်းမာရေးများနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာများကိုပင် စတေးရန် လိုလားကြသည်၊ တစ်ခါက ကျွန်မက အဓိပ္ပါယ်အရှိဆုံး ဘဝမှာ မည်သည့်အရာဖြစ်မှန်း မသိခဲ့သောကြောင့် ငွေရှာရန် အလုပ်လုပ်ခြင်းသည် ကျွန်မ၏ ပန်းတိုင်ဖြစ်လာခဲ့သည်။ စိုးရိမ်ရသည့် နာမကျန်းဖြစ်ခြင်း က ရုတ်တရက် နားလည်သဘောပေါက်မှုကို သယ်ဆောင် လာပြီး၊ ငွေနောက်မှ မှောင်မိုက်သည့် ဇတ်ကောင်ကို သတိပြုမိစေသည့်အပြင်၊ ငွေရှာခြင်းထက် ပိုပြီး အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုကို ကူညီရှာဖွေပေးခဲ့သည့် နေ့ရက်အထိပင် ဖြစ်ပါသည်။
0 Comments
ချောင်ဝေ၊ ရှန်ဟိုင်းမြို့ လွန်ခဲ့သောအချိန်ကာလ၌ ကျွန်မနှင့်အတူ တာဝန်များအား လုပ်ဆောင်ခဲ့သော ညီအစ်မ တစ်ယောက်သည် သူမက ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဖတ်နေစဉ် ရရှိခဲ့သည့် ဉာဏ်အလင်းပေး ခြင်းများကို ဝေမျှသောအခါ လှုံ့ဆော်အားပေးခြင်းနှင့် အကျိုးအမြတ်အချို့ကို ကျွန်မ အမြဲ လက်ခံရရှိခဲ့ သော်လည်း၊ ကျွန်မထံတွင် သူမ ကြွားနေသည်ဆိုသော အသိတစ်ခု အမြဲတမ်း စွဲကျန်နေခဲ့သည်။ ကျွန်မက “အကယ်၍ ငါသူ့ကို အခုချက်ချင်းတုန့်ပြန်လိုက်ရင်၊ ငါ သူ့ဆန္ဒရိုင်းကို အလိုဖြည့်ပေးတာ မဟုတ်လား အဲဒီသဘောတရား အရဆိုရင် ငါက နိမ့်ကျနေမယ် မဟုတ်ဘူးလား” ရလဒ်အနေဖြင့် ကျွန်မသည် သူမဝေမျှသော အတွေးအမြင်တစ်ခုကိုမျှ မိမိကိုယ်ပိုင် အမြင်ရှုထောင့်ဖြင့် မိတ်ဿဟာယပြုခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းများ ပြုလုပ်ရန် ငြင်းဆန်ခဲ့ပါသည်။ တစ်ကြိမ်တွင်တော့၊ ကျွန်မ၏ညီအစ်မသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ခုအား ဖတ်ရာမှ ထိုးထွင်းအမြင်အချို့ရရှိခဲ့ပြီး၊ ကျွန်မတို့၏ အခြေအနေများ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရကာ ဘုရားသခင်၏ နှုတ်ကပတ်တော် ထိုကျမ်းပိုဒ် အတွက် သူမနှင့် မိတ်ဿဟာယဖွဲ့ဖို့ရန် ကျွန်မ၌ ဆန္ဒရှိသလောဟုမေးခဲ့ပါသည်။ သူမေးလျှင်မေးခြင်း ဤမကျေမချမ်းဖြစ်နေသည့် အတွေးအမြင်အားလုံးနှင့် ခံစားချက်များအားလုံးသည် ပေါ်ထွက်လာခဲ့သည်၊ “အစ်မက အစ်မရဲ့ အကြောင်းကိုပဲ သက်သေခံချင်တာ၊ ဟောပြောဖို့ ပရိတ်သတ်ရှိချင်တာ။ ကျွန်မက ဘာဖြစ်လို့ အစ်မနဲ့ မိတ်ဿဟာယဖွဲ့ရမှာလဲ” သူမပြောသည်ကို မကြားရဖို့ ကျွန်မသည် တွေ့ဆုံမှုမှ လစ်ပြေးဖို့ရန် အတော်ဝေးဝေးသို့ပင် သွားလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မနှလုံးသားထဲ၌ လေးလံမှု တစ်ခုကို ခံစားခဲ့ရသည်၊ ကျွန်မ၏ အခြေအနေနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေသည်ဆိုသည်ကိုသိခဲ့သော်လည်း ကျွန်မ၏ အတွင်းထဲမှဖြစ်နေသော ပဋိပက္ခကို ဖြေရှင်းဖို့ရန် နည်းလမ်းကောင်းကိုမူ ကျွန်မ မစဉ်းစားနိုင်ခဲ့ပေ။ ကျွန်မလုပ်နိုင်သည်က ကျွန်မ၏တာဝန်များထဲ၌ မိမိကိုယ်ကို အပြည့်အဝ မြှုပ်နှံဖို့ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ဖို့ရန်နှင့် ဤအပျက်သဘောဆောင်သော ခံစားချက်များမှ မိမိကိုယ်ကိုယ် အာရုံပြောင်းစေဖို့ရန် ဓမ္မသီချင်းများ ဆိုခြင်းတို့သာ ဖြစ်သည်။ သို့သော်လည်း၊ လက်ရှိအခြေအနေကို ကျွန်မရင်ဆိုင်ရတိုင်း ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ကျွန်မ၏ နှလုံးသားထဲ၌ ပေါ်ထွက်လာခဲ့သည်၊ အရေးကိစ္စများသည် ပို၍ဆိုးလာသည်၊ ပို၍မကောင်းလာသည့်အပြင်၊ ကျွန်မမှာ ၎င်းမှ မည်သို့ လွတ်မြောက်နိုင်မည်ကိုလည်း တစိုးတစမျှပင် မသိရှိခဲ့ပါ။
ဝိညာဉ်ရေးရာ ရင့်ကျက်ကြီးထွားခြင်း- စစ်မှန်သည့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် မည်သည့်အရာပါဝင်သနည်း လီချန် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း နှင့် ဓမ္မသီချင်းများ သီဆိုခြင်းတို့ ပါဝင်သည်ဟု ကျွန်မယုံကြည်သည် ကျွန်မ ဘုရားကျောင်းသို့ သွားပြီး သင်းအုပ်ဆရာက ဒေသနာဟောကြားသည်ကို နားထောင်သည့် ပထမဆုံး အချိန်ကို သတိရမိသည်၊ ထို့နောက်တွင် ကျွန်မက သခင်ယေရှု၏ ကယ်တင်ခြင်း အကြောင်း သိကျွမ်းခြင်း အချို့ ရရှိလာခဲ့ပြီး၊ သခင့်ကို ယုံကြည်လိုသည့် ကျွန်မ ဆန္ဒကို ချက်ချင်း ထုတ်ဖော်ခဲ့သည်။ ကျွန်မထွက်ခွာလာစဉ် သင်းအုပ်ဆရာက “ ခရစ်ယာန်တစ်ယောက်လို နေဖို့ဆို တာက၊ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင် ရမယ်” ဟု ကျွန်မ့ကို သတိပေးခဲ့သည်။ ကျွန်မက သင်းအုပ်ဆရာကို “ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းဆိုတာ ဘာလဲ၊ ဆရာ။ ကျွန်မတို့ ဘယ်လို လက်တွေ့ လုပ်ဆောင်ရမလဲ” ဟု မေးခဲ့သည်။ ထို့နောက်တွင် သင်းအုပ်ဆရာက ကျွန်တော့်ကို “ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း ဆိုတာ နေ့စဉ်နေ့တိုင်း သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနဲ့ ဓမ္မသီချင်းတွေကို သီဆိုခြင်း တို့ဖြစ်တယ်။ ကျွန်မတို့ ဆုတောင်းတဲ့အချိန်မှာ ကျွန်မတို့က ကျွန်မတို့ မိသားစုတွေအတွက် ဆုတောင်းရမယ်၊ ကျွန်မတို့ အသင်းတော်က အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက် ဆုတောင်းရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အစေခံတွေအတွက် ဆုတောင်းရမယ်။ ကျွန်မတို့က နေ့စဉ် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုပြီး ဓမ္မသီချင်းတွေကိုလည်း နေ့တိုင်းသီဆိုရမယ်၊ ပြီးတော့ ကျွန်မတို့က အနှောင့်အယှက် မရှိပဲ ဆက်ပြီး လုပ်ရမယ်။ ကျွန်မတို့က ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို နေ့စဉ် လုံ့လဝီရိယနဲ့ လက်တွေ့လုပ်ဆောင် သမျှ ကာလပတ်လုံး အစ်ကို့ရဲ့ ဝိညာဉ်အနှစ်သာရ ပြည့်ဝခြင်း က တိုးတက်လာပြီး၊ အစ်ကိုလည်း သခင့်ဆီကို ပိုပို နီးကပ်လာမယ်၊ ပြီးတော့ ဘုရားသခင်ကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လိမ့်မယ်” ဟု ပြောခဲ့ပါ သည်။
ရှင်ချို နန်ယန်းမြို့၊ ဟီနန် စီရင်စု ကျွန်မ တွေးလေ့ရှိတာက ဘုရားသခင်က လူသားရဲ့ပင်ကိုယ် ဖောက်ပြန်ပျက်ဆီးမှုကို ပြသတဲ့အခါ ဒါမှမဟုတ် လူသားရဲ့နောက်ဆုံးခရီးပန်းတိုင်ကို တရားစီရင်တဲ့ ပြင်းထန်တဲ့နူတ်ကပတ်တော်တွေကို သိရှိစေတဲ့အခါမှသာ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတတ်တာလို့ပေါ့။ နောက်ပိုင်း တော်တော်ကြာမှ မတော်မဆမှုတစ်ခုကြောင့် ကျွန်မ သဘောပေါက်လာရတာက ဘုရားသခင်ရဲ့ နူးညံ့တဲ့ နူတ်ကပတ်တော်တွေကလည်း သူ့ရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေပဲဆိုတာကိုပါ။ ကျွန်မ သဘောပေါက်ခဲ့တာက ဘုရားသခင်မိန့်မြွက်တဲ့ နူတ်ကပတ်တော်တိုင်းက သူရဲ့လူသားကို တရားစီရင်ခြင်း ဖြစ်တယ် ဆိုတာကိုပါ။
နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်း- ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာကျမ်းစာထဲ၌ အမှန်တကယ် ရှိပါသလား ရှီရူ တရုတ်ပြည် “ ရှီရူ၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၃ အငယ် ၂၂ မှာ သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်။” လို့ အကြိမ် ပေါင်းများစွာ ပရောဖက်ပြုခဲ့တယ်။ ကျွန်မတို့က သခင်ယေရှု ပြန်ကြွလာဖို့ကို နှစ်ပေါင်းများစွာ တောင့်တခဲ့ကြပြီး၊ အခုတော့ ကိုယ်တော်ဟာ သူ့နှုတ်ကပတ်တော်တွေကို ပြောဖို့နဲ့ အမှုတော် အဆင့်သစ်ကို ပြုဖို့တို့အတွက် ပြန်ကြွလာခဲ့ပြီ …”
ရှီရူက ပြတင်းပေါက်တွင် မတ်တပ်ရပ်ပြီး၊ မျက်မှောင်ကြုတ် ကာ သူမအိမ်နီးချင်း အစ်မဂျိုး၏ စကားများက သူမနားထဲတွင် ထပ်ကာတလဲလဲ ပဲ့တင်ထပ်နေသည်။ သို့သော်လည်း သင်းအုပ် ဆရာများနှင့် အကြီးအကဲများက “ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ အားလုံးဟာ သမ္မာ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပြီး၊ သမ္မာကျမ်းစာပြင်ပမှာ လုံးဝ မရှိဘူး။ သခင့်ကြွလာခြင်းကို ကျွန်တော်တို့ စောင့်ချင်တယ် ဆိုရင်၊ ကျွန်တော်တို့က သမ္မာကျမ်းစာကို ဆုပ်ကိုင်ထားရမယ်” ဟု မကြာခဏ တရားဟောကြသည်ကို သူမ တွေးမိသည်။ ရှီရူက သူမဘာသာ “ သခင်က နောက်ဆုံးသော ကာလမှာ အတိအကျကို ပြန်ကြွလာမယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်အားလုံးက သမ္မာကျမ်းစာထဲမှာ ရှိတယ်ဆိုရင်၊ သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန်ကျရင် နောက်ထပ်နှုတ်ကပတ်တော်တွေကို ပြောတာ၊ ဒါမှမဟုတ် အမှုတော်အသစ်တစ်ခုတစ်လေကိုပြုတာကို ဘယ်လိုလုပ်နိုင်မှာလဲ။” ဟု တွေးမိသည်။ ဤအချက်ကိုတွေးရင်းဖြင့် ရှီရူသည် အလွန်စိတ်ရှုပ်ထွေးခဲ့သည်။ သူမက စားပွဲဆီသို့ ပြန်လျှောက်သွားခဲ့ပြီး၊ ထို့နောက် ဘုရား သခင်ထံ ဆုတောင်းကာ၊ အဖြေများ ရှာဖွေခဲ့သည်။ ထို့နောက် ရှီယူက သမ္မာကျမ်းစာကို ဖွင့်လိုက်ပြီး၊ ထိုအခိုက်အတန့်တွင်ပင် သူမသည် ဗျာဒိတ်ကျမ်း အခန်းကြီး ၂ အငယ် ၇ကို စိတ်ဝင်စား သွားခဲ့သည်။ သူမက တိုးညှင်းသောအသံဖြင့် ဖတ်ရှုလိုက်သည်။ “ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” “ ဝိညာဉ်တော်က အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူ သည်ကို” ဟု သူမက တွေးခဲ့သည်။ “ နားရှိသောသူမည်သည်ကား ကြားပါစေ ဟုတ်လား။ ဗျာဒိတ်ကျမ်းကသခင့်ပြန်ကြွလာခြင်းနဲ႔ ပတ်သက်တဲ့ ပရောဖက်ပြုခြင်းကျမ်းတစ်ခုဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာသခင်ပြန်ကြွလာတဲ့အချိန်မှာ ကိုယ်တော်က နှုတ်ကပတ်တော်တွေကိုတကယ်ပဲ ထပ်ပြောနိုင်သလား။ ဒါပေမဲ့လည်း သင်းအုပ်ဆရာတွေ နဲ့ အကြီးအကဲတွေက သခင့်နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ က အားလုံး သမ္မာကျမ်းစာထဲမှာလို့ ပြောကြတယ်။ ဒီကိစ္စရဲ့ သမ္မာတရား အတိအကျက ဘာလဲ” ရှီရူက ဤအကြောင်းကို အချိန်ကြာမြင့်စွာ စဉ်းစားချင့်ချိန်သော်လည်း အတော်အတန် နားမလည်နိုင်သေးပဲ ဖြစ်ခဲ့သည်။ မှန်သောခေါင်းဆောင်များနှင့် မှားသောခေါင်းဆောင်များ၊ မှန်သောသိုးထိန်းများနှင့် မှားသောသိုးထိန်းများအကြားရှိ ကွာခြားမှုကို သင် မည်ကဲ့သို့ ပြောမည်နည်း။ ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ - သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ် နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ ၎င်းတို့ မည်မျှပင် ဟိုဟိုဒီဒီ အလုပ်များနေပါစေ၊ ထိုအရာ တစ်ခုမျှ ဘုရားသခင် အတွက် အဓိပ္ပါယ် မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့အား ချီးကျူးမည် မဟုတ်။ ယနေ့ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်နောက်သို့ လိုက်လျှောက်သော သူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် စိမ်းကားသော သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း ပြင်ပ၌ ရှိကြပြီး ယင်းကဲ့သို့သော သူများသည် ဘုရားသခင်၏ ချီးကျူးမှုကို မခံရကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ ဖွင့်ဆိုချက်များနှင့် ကင်းကွာသော အစေခံခြင်းသည် ဇာတိပကတိနှင့် အယူအဆများနှင့် ဆိုင်သော အစေခံခြင်း ဖြစ်ပြီး ၎င်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်စွမ်း မရှိ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများ အကြား၌သာ အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်နှင့် အံဝင်ခွင်ကျ ဖြစ်သော အရာ တစ်စုံတစ်ခု ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အား အစေခံသည် ဖြစ်ပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်ထင်ရာများနှင့် အယူအဆများ အကြား၌သာ အစေခံကြခြင်း ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံနိုင်စွမ်း လုံးဝ မရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသော သူများသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြ၊ ဘုရားသခင်၏ အလိုတော်ကို နားမလည်သော သူများသည် ဘုရားသခင်အား အစေမခံနိုင်ကြ။ ဘုရားသခင်၏ စိတ်တော်နှင့် ညီသော အစေခံခြင်းကို ဘုရားသခင် အလိုရှိသည်၊ အယူအဆများနှင့် ဇာတိပကတိနှင့် ဆိုင်သော အစေခံခြင်းကို ဘုရားသခင် အလိုမရှိ။ အကယ်၍ လူအများသည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်၏ ခြေလှမ်းများ နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိပါက ၎င်းတို့သည် အယူအဆများ အကြား၌ အသက်ရှင်ကြပြီး ထိုသူတို့၏ အစေခံခြင်းသည် ကာဆီးခြင်းနှင့် အနှောက်အယှက် ဖြစ်စေသည်။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်အား ဆန့်ကျင်ခြင်း ဖြစ်သောကြောင့် ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသော သူများသည် ဘုရားသခင်အား အစေခံနိုင်ခြင်းမရှိ၊ ဘုရားသခင်၏ ခြေရာများ နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသော သူများသည် ဘုရားသခင်အား ဧကန်မုချ ဆန့်ကျင်ကြခြင်း ဖြစ်ပြီး ဘုရားသခင်နှင့် သဟဇာတ ဖြစ်နိုင်စွမ်း မရှိကြချေ။ "သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း" ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ် အဖြစ်ဆုံးသော ဖွင့်ဆိုချက်များနှင့်အညီ ဝင်ရောက်ခြင်းကို ဆိုလိုသည်။ ဤသို့ ဝင်ရောက်နိုင်သူမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း ထဲ၌ ရှိသောသူသာ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင် ပြုသော နောက်ဆုံး အလုပ်အားဖြင့် သိနိုင်ပြီး လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကို သာမက လူတို့၏ သဘာဝ နှင့် လူဖြစ်ခြင်း၏ အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံး အလုပ်အားဖြင့် သိနိုင်ပါသည်။ ထို့အပြင် ၎င်းတို့ အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်း ရှိကြသည်။ ဤကဲ့သို့သော သူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်း ရှိကြပြီး မှန်သော လမ်းကို အမှန်တကယ် တွေ့ရှိသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင် ပြုသော နောက်ဆုံး အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသော သူများ ဖြစ်ကြပြီး ဘုရားသခင်၏ နောက်ဆုံး အလုပ်ကို ဆန့်ကျင်ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်အား ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့် အကြောင်းမှာ ဘုရားသခင်သည် အလုပ် အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည် သာမက ဘုရားသခင်၏ သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကအတိုင်း မတူညီခြင်းကြောင့် ဖြစ်သည်၊ ၎င်းတို့ ဘုရားသခင်အား ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ခြင်းနှင့် ဘုရားသခင်အား စီရင်ခြင်းကြောင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို အကျိုးဆက် တစ်ခုအဖြစ် ခံရခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေရာများအတိုင်း လိုက်လျှောက်ပါ" မှ
၆။ ဖောက်ပြန်ပျက်ဆီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တယ်ခြင်းကို ပို၍လိုအပ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည ![]() ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ် သို့မဟုတ် လက်ဆုပ်လက်ကိုင်မပြနိုင်သော အရာမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အတွက် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည်လူသားကို သူ့ကယ်တင်ခြင်း၏ အဆင့်အားလုံးတောက်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့တူညီသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်သည့် လူ့ဇာတိကိုခံယူရန်ဖြစ်လာသည်။ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို တိကျစွာဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှု ရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန်၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ ကွဲပြားမှုကို သိနိုင်မည်မဟုတ်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူတို့အကြားတွင် သူ၏ ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန်လူ့သဘာဝတွင် သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်။ ထို့အပြင် သူ၏ သာမန်လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန်လူ့သဘာဝသည် လူတို့ကြား များစွာသော အုတ်အော်သောင်းနင်းကို ဖြစ်စေခဲ့သော်လည်း ထိုအုတ်အော်သောင်းနင်းဖြစ်မှုသည် သူ့အမှု၏ ပုံမှန် အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံသော်လည်း သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊ သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်းဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။ ဇာတိခန္ဓာရှိ သူ၏အမှုမှတဆင့် ဘုရားသခင်၏ သာမန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့ကြား၌ရှိနေသော အယူအဆများထက် လူသားတို့သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာ ပိုသောအရာတို့ကို လက်ခံရရှိပါသည်။ ထိုအယူအဆများအားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှုတော်၏ ၀ါးမြိုခြင်းကို ခံရလိမ့်မည်။ သူ့အမှုကရရှိသော အကျိုးသက်ရောက်မှုများ၊ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူ၏အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏အယူအဆများထက် သာလွန် များပြားလာမည်။ ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန် သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် လူသား၏ဇာတိခန္ဓာနှင့် တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်။ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်။ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် လူတို့ကိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း ရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူပါသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် ဤဘုရားသခင်က ပြုလုပ်ရန် အလိုအရှိဆုံး အရာဖြစ်သော မိမိ၏ ကိုယ်ပိုင်ဘုရားသခင်ကို စိတ်အကျေနပ်ဆုံးဖြစ်စေသည့် မည်သည့်အရာကိုမဆို လူသည် သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိ၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာ ဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်။ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။ ၅။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင်အသုံးပြုခဲ့သည့် လူတို့အကြား ပဓာနကျသောံကွဲပြားမှုများမှာ အဘယ်နည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။" (ရှင်မဿဲခရစ်ဝင် ၃:၁၁) ၄။ ဘုရားသခင်သည် နောက်ဆုံးသောကာလသူ၏တရားစီရင်ခြင်း အမှုတော်ကိုလုပ်ဆောင်ရန် အဘယ်ကြောင့် လူကိုအသုံးမပြုဘဲ ၄င်းအစား ကိုယ်တော်သည် လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရပါသနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။" (ရှင်ယောဟန်ခရစ်ဝင် ၅:၂၃) "သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။" (ရှင်ယောဟန်ခရစ်ဝင် ၅:၂၇) ၃။ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုရှိသနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -
"တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက ... သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊" (ထွက်မြောက်ရာကျမ်း ၃၃:၁၈-၂၀) "ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။ ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။" (ထွက်မြောက်ရာကျမ်း ၁၉: ၂၀-၂၁) "လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။" (ထွက်မြောက်ရာကျမ်း ၂၀:၁၈-၁၉) "ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။" (ရှင်ယောဟန်ခရစ်ဝင် ၁၂:၂၈-၂၉) |
Click & Join usတံဆိပ်များ
All
|