အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များအားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစားနိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါတို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။ ထို့ကြောင့် ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အစောပိုင်းအမှု၌ ငါသည် ပညတ်တော်အမှုကို ဆောင်ရွက်ခဲ့ကာ၊ ယင်းသည် ယေဟောဝါက လူတို့ကို လမ်းပြခဲ့သော အမှုဖြစ်ခဲ့၏။ ဒုတိယအဆင့်သည်ကား ကျေးဇူးတော်ခေတ်၏ အမှုကို ယုဒပြည်၏ ကျေးရွာတို့တွင် စတင်ခဲ့၏။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။
0 Comments
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်လွဲပြီးသောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြသော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ကိုယ်ကို စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏စိတ်ဝိညာဉ်များအကြောင်း မသိသည့် လူစင်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံပွေ့ဖက်လေမည်။”
ဆောင်ရွက်မှုများ ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် - ကောက်နုတ်ချက်အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "အရှေ့တိုင်း၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့် အခါမှ ကမ္ဘာတဝန်းရှိအမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည်လွန်ခဲ့သော ကာလများစွာတွင် ဣသရေလပြည်မှ ထွက်သွား၍ အရှေ့တိုင်းတွင် အသစ်တစ်ဖန် ပေါ်ထွက်လာနေသည်ကို တွေ့ရှိကြမည် ဖြစ်သည်။ ဣသရေလပြည်သို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ၎င်းမှထွက်ခွာလာခဲ့ခြင်းကြောင့် ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပါ။ အကြောင်းမူကား ငါ၏အမှုသည် စကြာဝဠာတစ်ခုလုံးကို လမ်းပြခြင်း ဖြစ်သည့်အပြင် အရှေ့တိုင်းမှ အနောက်တိုင်းသို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ၎င်းအကြောင်းရင်းကြောင့် ငါသည် အရှေ့တိုင်းသို့ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့တိုင်း သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။ ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ "
အသိပညာမျာ: ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်) အပိုင်း နှစ်အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို လူသားအား အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကိုသိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်ဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။”
သတင်းအချက်အလက်များ ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်) အပိုင်း တစ်အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို လူသားအား အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကိုသိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်ဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။”
မိတ်ဆက်ပေးချင်တဲ့ဟာတွေပါ ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက် ခရစ်တော်၏ဖော်ပြချက်များ(သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်)ပထမပိုင်းအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “ဖျက်ဆီးခြင်းခံရသော လူတို့အားလုံးသည် စာတန်၏ထောင်ချောက်တွင် နေကြ၏။ ၎င်းတို့သည် ဇာတိပကတိ၌ နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် နေကြကာ ၎င်းတို့အကြားတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးမျှ မရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ၎င်းတို့အားလုံးသည် မရေရာသော ရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားလုံးများသည် ဝင့်ဝါမှု၊ မိမိကိုယ်ကို ယုံကြည်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် အရင်းခံအားဖြင့် ၎င်းတို့အားလုံးသည် ငါ့အပေါ်ဆန့်ကျင်ကြလျက် ငါနှင့် သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် ထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ ကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်ရမည်ကို မသိကြပေ။ ငါနှင့်မသင့်မြတ်ခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း မသိကြပေ။ ထို့အပြင် ကျမ်းပိုဒ်များကို မျက်ကန်းတောတိုး ဖတ်ရုံသာဖတ်ကြ၏။ ကျမ်းစာအတွင်း၌ ၎င်းတို့မမြင်ဖူးသော၊ မြင်နိုင်စွမ်းမရှိသော မရေရာသည့်ဘုရားသခင် တစ်ပါးကို ၎င်းတို့ ဘောင်ခတ်ထားကာ ၎င်းတို့အားသည့်အချိန်၌ ထုတ်၍ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ အတိုင်းအတာအတွင်း၌သာ ငါ၏ဖြစ်တည်မှုကို ယုံကြည်ကြ၏။ ၎င်းတို့အတွက် ငါသည် သမ္မာကျမ်းစာနှင့် အတူတူပင်ဖြစ်၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိနိုင်၊ ထို့အပြင် ငါမရှိဘဲ သမ္မာကျမ်းစာမရှိနိုင်ပေ။ ၎င်းတို့သည် ငါ၏ဖြစ်တည်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြသော်လည်း သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကာ မြှုပ်နှံကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါသည် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု ၎င်းတို့အများအပြားက ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအပေါ် အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့်နှုတ်ကပတ်တော်တိုင်းကို တိုင်းတာရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြု၍ ငါ့ကို ပြစ်တင်ရှုတ်ချသည့်အတိုင်းအတာအထိ စကားလုံးများနှင့် ထုတ်ဖော်ချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေနေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း မဟုတ်ဘဲ သမ္မာကျမ်းစာ၏စကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းခရီးဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် အရာတစ်ခုခုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများထံမှ တာဝန်ကျေသည့် ဆင်းသက်လာသူများ မဟုတ်ပေဘူးလော။ ယုဒ ဖာရရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။”
ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လူအများစုမှာ “ဘုရားသခင်” ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၄င်းတို့သည် ယောင်ချာချာနှင့်သာ နောက်လိုက်နေကြခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်အား မည်သည့်အတွက်ကြောင့် ယုံကြည်သင့်သည်ကို လုံးဝမသိ၊ ဘုရားသခင် ဟူသည် အဘယ်နည်းကိုလည်း အတိအကျမသိပါ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်လျက် နောက်လိုက်ရန်သာ သိ၍ ဘုရားသခင်ဟူသည် အဘယ်နည်းကို မသိ၊ ဘုရားသခင်ကိုလည်း နားမလည်ပါက၊ ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပြက်လုံးတစ်ရပ်ပင် မဟုတ်ပါလား။ ယခုလောက်ဆိုလျှင် လူတို့သည် ကောင်းကင်နှင့် ပတ်သက်သည့် နက်နဲသောအရာများကို တွေ့မြင်ခဲ့ပြီး ဖြစ်သော်လည်း၊ ယခင်က လူသားတို့ တစ်ခါမျှ နားမလည်ခဲ့သော လေးနက်သည့် အသိဉာဏ်များအကြောင်း ကြားခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့သည် အခြေခံအကျဆုံး အရာအများအပြား၊ ချင့်ချိန်စဉ်းစားခြင်း မပြုရသေးသည့် သမ္မာတရားများကို နားမလည်ပါ။ အချို့သူများက “ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ။ ဘုရားသခင်ဟူသည် အဘယ်အရာဖြစ်ကြောင်း မသိဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ကို နှိမ်ရာ မရောက်ပေဘူးလား” ဟု ပြောချင်ပြောနိုင်သည်။ သို့သော် လက်တွေ့တွင် ယနေ့လူတိုင်း ငါ့နောက်သို့ လိုက်နေသော်လည်း မည်သူမျှ ယခုလက်ရှိ အလုပ် အားလုံးကို နားမလည်ပါ။ ဘုရားသခင်အကြောင်း အလွန်ရှုတ်ထွေးသည့် ထိုမေးခွန်းများကို မဆိုထားနှင့် ၎င်းတို့သည် အရိုးရှင်းဆုံးနှင့် အလွယ်ဆုံး မေးခွန်းများကိုပင် လက်လွှတ်ကုန်ကြသည်။ သင်ဘေးဖယ် လိုက်သည့် မေးခွန်းများ၊ သင်သိရှိနိုင်စွမ်း မရှိသော ထိုမေးခွန်းများသည် သင်နားလည် သင့်ဆုံးသော မေခွန်းများဖြစ်ကြောင်း သင်သိသင့်သည်။ အကြောင်းမှာ သင်သည် လူအုပ်နောက်သို့ လိုက်ရန်သာသိကာ မိမိလိုအပ်မည့် အရာများကို ရယူထားရန် အာရုံမစိုက်၊ ဂရုမပြုသောကြောင့် ဖြစ်၏။ သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်သည်ကို အမှန်တကယ် သိပါသလား။ ဘုရားသခင်ဟူသည် အဘယ်နည်းဆိုသည်ကို သင်အမှန်တကယ် သိပါသလား။ လူသားဟူသည် အဘယ်နည်းဆိုသည်ကို သင်အမှန်စင်စစ် သိပါသလား။ ဘုရားသခင်ကို ယုံကြည်သော လူသားတစ်ဦး အနေဖြင့် ဤအရာများကို နားမလည်နိုင်ပါက သင်သည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် သိက္ခာမကျပေဘူးလား။ ငါ၏ ယနေ့အမှုမှာ လူတို့ ၎င်းတို့၏ အနှစ်သာရကို နားလည်ရန်၊ ငါလုပ်သည့် အမှုအရာ ခပ်သိမ်းကို နားလည်ရန်နှင့် ဘုရားသခင်၏ မျက်နှာ အစစ်အမှန်ကို သိရန်ဖြစ်သည်။ ဤသည်မှာ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ နိဂုံးလုပ်ရပ်၊ ငါ့အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ထို့ကြောင့် ဘဝ၏ နက်နဲသော အရာခပ်သိမ်းကို ကြိုတင်၍ သင်တို့အား ငါပြောခြင်းဖြစ်၏။ သို့မှသာ ငါ့ထံမှ ထိုအရာများကို သင်တို့အားလုံး လက်ခံနိုင်မည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၏ အမှုဖြစ်သဖြင့် သင်တို့နားလည်ခြင်းမရှိ၊ ခံနိုင်ရည် မရှိသော်လည်း သင်တို့ယခင်က တစ်ခါမျှ ခံယူခဲ့ခြင်းမရှိသော ဘဝ၏ သမ္မာတရား ခပ်သိမ်းကို သင်တို့အား ငါပြောပြရမည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အလွန်ချို့တဲ့လွန်းလျက် လိုအပ်သည့် အရာများ ကင်းမဲ့လွန်း၍သာ ဖြစ်သည်။ ငါသည် ငါ၏အမှုကို နိဂုံးချုပ်လိုသည်။ ငါ၏ လိုအပ်သည့်အမှု ခပ်သိမ်းကို ပြီးဆုံးလိုပြီး ငါသင်တို့အား စေခိုင်းနေသည့်အရာကို အပြည့်အစုံ အသိပေးလိုသည်။ ဤသည်မှာ အမှောင်ထု လွှမ်းမိုးချိန်၌ သင်တို့သည် နောက်တစ်ဖန် လမ်းလွဲ၍ စာတန်၏ လှည့်ဖြားမှုအတွင်း ကျရောက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ သင်တို့ နားမလည်နိုင်သည့် လမ်းခရီး များစွာရှိ၏။ သင်တို့ နားမလည်သည့် ကိစ္စများစွာရှိ၏။ သင်တို့သည် အသိဉာဏ် ကင်းမဲ့လွန်း၏။ ငါသည် သင်တို့၏ ဝိညာဉ်အသက်တာနှင့် အားနည်းချက်များကို ကောင်းစွာသိ၏။ ထို့ကြောင့် သင်တို့ နားလည်နိုင်စွမ်း မရှိသည့် နှုတ်ကပတ်တော်များစွာ ရှိသော်လည်း သင်တို့ယခင်က တစ်ခါမျှ ခံယူခဲ့ခြင်းမရှိသည့် သမ္မာတရား အားလုံးအကြောင်း ငါသင်တို့ကို ပြောပြလိုသေး၏။ အကြောင်းမှာ သင်တို့၏လက်ရှိ ဝိညာဉ်အသက်တာဖြင့် သင်တို့သည် ငါ့အတွက် သက်သေခံနိုင်ခြင်း ရှိ၊ မရှိကို ငါ စိုးရိမ်နေ၍ဖြစ်သည်။ ငါသည် သင်တို့ကို အထင်သေး၍မဟုတ်။ သင်တို့ခပ်သိမ်းသည် ငါ၏ စနစ်တကျသင်ကြားမှု မခံယူရသေးသော သားရဲ တိရစ္ဆာန်များဖြစ်ကာ သင်တို့အတွင်း ဘုန်းတော် မည်မျှရှိသည်ကို အမှန်စင်စစ် မေးခွန်းထုတ်ဖွယ်ရာ ကောင်းပေသည်။ သင်တို့အပေါ် လုပ်ဆောင်ချက်အတွက် ငါသည် ကြီးမားသော အင်အားကို အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း သင်တို့အတွင်းရှိ အပြုသဘောဆောင်သော အရာများသည် လုံးဝ မရှိလုနီးပါးပင် ဖြစ်ချိန်တွင် အပျက်သဘောဆောင်သော အရာများကိုမူ လက်ချောင်းများတွင် ရေတွက်နိုင်ပြီး စာတန်ကိုအရှက်ရစေသည့် သက်သေခံချက်များအဖြစ်သာ အသုံးဝင်ကြသည်။ သင်တို့ အတွင်းရှိ ကျန်အရာခပ်သိမ်းနီးပါးသည် စာတန်၏ အဆိပ်ဖြစ်၏။ သင်တို့ကို ကြည့်ရသည်မှာ သင်တို့ကို ကယ်တင်နိုင်ခြင်း မရှိတော့သကဲ့သို့ ဖြစ်၏။ ထို့ကြောင့် လက်ရှိ အခြေအနေသည် ဤသို့ ဖြစ်နေသည့်အတွက် ငါသည် သင်တို့၏ ပြုမူပြောဆိုပုံ အမျိုးမျိုးကို ကြည့်၍ နောက်ဆုံးတွင် သင်တို့၏ ဝိညာဉ်အသက်တာအမှန်ကို သိ၏။ ထို့ကြောင့် ငါသည် သင်တို့အတွက် ပူပန်နေရခြင်း ဖြစ်သည် - မိမိဘဝကို မိမိဘာသာ အသက်ရှင်ရမည့်အခါတွင် လူသားသည် ယနေ့ထက် ပို၍ကောင်းသည့် ဘဝ သို့မဟုတ် အလားတူဘဝသို့ အမှန်တကယ် ရောက်ရှိမည်လား။ သင်တို့၏ ကလေးဆန်သည့် ဝိညာဉ်အသက်တာအတွက် စိုးရိမ်ပူပန်ခြင်း မရှိဘူးလား။ သင်တို့သည် အခြေအနေ ခပ်သိမ်းတွင် ငါနှင့် ငါ့အပေါ်သာ သစ္စာရှိသော ရွေးချယ်ခံရသည့် ဣသရေလအမျိုးကဲ့သို့ အမှန်စင်စစ် နေနိုင်မည်လား။ သင်တို့အထဲက ထုတ်ဖော်ပြသည့်အရာမှာ မိဘများထံမှ လမ်းလွဲသွားကြသည့် ကလေးသူငယ်များ ကျီစယ်ဆော့ကစားခြင်း မဟုတ်ဘဲ သခင်၏ ကျာပွတ်များ လက်လှမ်းမမီနိုင်သည့် တိရစ္ဆာန်များမှ ပေါက်ကွဲထွက်လာသော ဆိုးရွားယုတ်မာမှုဖြစ်၏။ သင်တို့သည် သင်တို့၏ သဘောသဘာဝကို သိထားသင့်သည်။ ဤသဘောသဘာဝသည် သင်တို့အားလုံးတွင် ရှိနေသည့် အားနည်းချက်လည်းဖြစ်၍ သင်တို့အားလုံးတွင် ရှိနေသည့် ဖျားနာမှုဖြစ်သည်။ ထို့ကြောင့် ယနေ့ သင်တို့အပေါ် ငါ၏ တစ်ခုတည်းသော တိုက်တွန်းနှိုးဆော်မှုမှာ ငါ့အတွက် သက်သေခံရန်သာ ဖြစ်သည်။ မည်သည့် အခြေအနေတွင်မှ အနာဟောင်းကို တစ်ဖန်ပြန်၍ ထကြွခွင့် မပြုပါနှင့်။ အရေးကြီးဆုံး အရာမှာ သက်သေခံရန်ပင် ဖြစ်သည်။ ဤသည်မှာ ငါ့အမှု၏ အဓိကအချက်ဖြစ်သည်။ မာရိသည် အိပ်မက်တွင် ပေါ်လာသော ယေဟောဝါ၏ ဗျာဒိတ်ပေးသည်ကို ယုံကြည်၍ နာခံကာ လက်ခံသကဲ့သို့ သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ ဤသည်သာလျှင် ဖြူစင်ရာရောက်သည်။ အကြောင်းမှာ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အများဆုံး ကြားသူများဖြစ်၍ ငါ၏ ကောင်းချီးမင်္ဂလာ ကို ခံစားရဆုံး သူများ ဖြစ်၍ဖြစ်သည်။ ငါသည် သင်တို့ကို ငါ၏တန်ဖိုးရှိသော ပိုင်ဆိုင်မှု ခပ်သိမ်းကို ပေးနေကာ အရာခပ်သိမ်းကို သင်တို့ကို လုံးဝ အပ်နှင်းပေးနေ၏။ သို့ရာတွင် သင်တို့၏ အနေအထားနှင့် ဣသရေလ အမျိုးတို့၏ အနေအထားတို့မှာ လွန်စွာ ကွဲပြား၏။ လုံးဝခြားနား၏။ သို့ရာတွင် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက သင်တို့သည် များစွာပို၍ ရရှိနေပေသည်။ ထိုသူတို့သည် ငါပေါ်ထွက်လာရန် အသည်းအသန် စောင့်သော်လည်း သင်တို့သည် သာယာသော နေ့များတွင် ငါနှင့်အတူရှိလျက် ငါ၏ ကြွယ်ဝ ချမ်းသာမှုများကို အတူခံစားကြ၏။ ထိုသူတို့နှင့် နှိုင်းယှဉ်လိုက်သည့်အခါ သင်တို့တွင် ငါ့ကိုကျယ်လောင်စွာ ညည်းညူ၍ ငါနှင့် ကျယ်လောင်စွာ ခိုက်ရန်ဖြစ်ပွားကာ ငါ၏ပိုင်ဆိုင်မှုမှ ဝေစုများကို တောင်းခွင့် အဘယ်သို့ရှိသနည်း။ သင်တို့ ရသည်များမှာ မလုံလောက်ပေဘူးလား။ ငါသည် သင်တို့ကို များစွာပေးသော်လည်း သင်တို့ငါ့ကို ပြန်ပေးသည်မှာ ငါ့ကို အသည်းကွဲစေသည့် ဝမ်းနည်းမှု၊ စိုးရိမ်လွန်ကဲမှုနှင့် ဖိနှိပ်၍ မရသော မကျေချမ်းမှုနှင့် မကျေနပ်မှုသာ ဖြစ်၏။ သင်တို့သည် လွန်စွာရွံမုန်းစရာ ကောင်းသော်လည်း သင်တို့အပေါ် သနားစိတ်ကိုလည်း နှိုးဆွ၏။ ထို့ကြောင့် ငါသည် အခြားလမ်းမရှိဘဲ ငါ၏ မကျေချမ်းမှုကို မျိုသိပ်၍ ငါ၏ ကန့်ကွက်ချက်များကို သင်တို့ထံ အဖန်ဖန် ဖွင့်ဟဖို့ရန်သာရှိ၏။ ဤ နှစ်ထောင်ပေါင်း များစွာသော လုပ်ဆောင်မှုကာလတွင် ယခင်က ငါသည် လူသားအပေါ် မည်သည့် ကန့်ကွက်မှုမျှ မပြုခဲ့။ အကြောင်းမူကား လူသား၏ တိုးတက်မှု ရာဇဝင်တွင် သင်တို့အကြား အလှည့်ဖြားဆုံးတို့သာလျှင် ကျော်ကြားကြောင်း ငါတွေ့ခဲ့၍ဖြစ်သည်။ ၎င်းတို့သည် ကျော်ကြားသော ရှေးဘိုးဘေးမှ သင်တို့ကိုပေးခဲ့သော တန်ဖိုးရှိသည့် အမွေများကဲ့သို့ ဖြစ်၏။ ထိုလူသား အဆင့်မမီသော ဝက်များနှင့် ခွေးများကို ငါမုန်းတီးလှသည်။ သင်တို့တွင် အသိတရား ကင်းမဲ့လွန်းသည်။ သင်တို့၏ အကျင့်စာရိတ္တသည် အောက်တန်းကျလွန်း၏။ သင်တို့၏ အသည်းနှလုံးသည် မာကြောလှ၏။ ငါ၏ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုတို့ကို ဣသရေလသို့ ယူသွားခဲ့ပါက ငါသည် လွန်လေပြီးသော ကာလများစွာကပင် ဘုန်းတန်ခိုးရရှိခဲ့မည် ဖြစ်သည်။ သင်တို့အကြားတွင်ကား ဤသို့မဟုတ်။ သင်တို့အကြားတွင် ရက်စက်သည့် လစ်လျူရှုမှု၊ သင်တို့၏ တမင်ဂရုမပြုမှုနှင့် သင်တို့၏ အကြောင်းပြချက်များသာလျှင် ရှိ၏။ သင်တို့သည် ခံစားချက် ကင်းမဲ့လွန်းလျက် တန်ဖိုးမဲ့လွန်းသည်။
အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။
အနားယူခြင်းထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အလုံးစုံသော အရာတို့ ရပ်တန့်သွားခြင်း သို့မဟုတ် အလုံးစုံသော အရာတို့ ဖွံ့ဖြိုးမှု မရှိတော့ခြင်းကို မဆိုလိုသကဲ့သို့ ဘုရားသခင်က အလုပ်လုပ်မှု ရပ်တန့်သွားခြင်း သို့မဟုတ် လူသားများ အသက်ရှင်မှု မရှိတော့ခြင်းကိုလည်း မဆိုလိုပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်သည့် လက္ခဏာမှာ ဤသို့ဖြစ်သည်၊ စာတန်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်၊ စာတန်၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့် ပါဝင်ကြသော ထိုကောက်ကျစ်စဉ်းလဲသူများသည် အပြစ်ဒဏ်ပေးခြင်းခံရကာ ဖယ်ရှားခံခဲ့ရသည်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံးသည် တည်ရှိခြင်း မရှိကြတော့။ အနားယူခြင်းထဲသို့ ဘုရားသခင်ဝင်ရောက်ခြင်း ဆိုသည်မှာ လူသားများအား ကယ်တင်ခြင်းအမှုကို သူမလုပ်ဆောင်တော့ခြင်းကို ဆိုလိုသည်။ အနားယူခြင်းထဲသို့ လူသားတို့ ဝင်ရောက်ခြင်းဆိုသည်မှာ လူသားအားလုံးတို့သည် ဘုရားသခင်၏အလင်းအတွင်းနှင့် သူ၏ကောင်းချီးမင်္ဂလာအောက်တွင် နေထိုင်ခြင်းကို ဆိုလိုသည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မဖြောင့်မတ်သော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကာ လူသားတို့အကြား ဘုရားသခင်၏အမှု လုံးဝဥဿုံပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။ ဘုရားသခင်သည် လူတို့အကြားတွင် အလုပ်ဆက်လုပ်တော့မည် မဟုတ်ဘဲ၊ လူသားတို့သည်လည်း စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက်အလုပ်မများတော့ဘဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။
ဆောင်ရွက်မှုများ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။ ယနေ့ခေတ်အချိန်အခါမှာ မွေးလာသောသူများသည် စာတန်နှင့် ညစ်ညမ်းသော နတ်ဆိုးများ၏ ဖျက်ဆီးမှုအောက်တွင် ရှိနေရသော်လည်း၊ သူတို့သည် ဤကဲ့သို့ အကျင့်ပျက်မှုကြောင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဤကယ်တင်ခြင်းသည် ယောဘရရှိ ပိုင်ဆိုင်ခဲ့သော မိသားစုပိုင်ဆိုင်မှုများနှင့် မြေနေရာများ၊ တောင်များတွင် လွမ်းခြုံနေသော သူ၏တိရစ္ဆာန်များနှင့် ယောဘ အသက်တာ၌ ဒုက္ခပြဿနာများ တွေ့ကြုံခဲ့ပြီးနောက် ယေဟောဝါနှင့် တွေ့ဆုံခွင့်ရပြီး လက်ခံရရှိခဲ့သော ကောင်းချီးမင်္ဂလာများထက်ပင် ကြီးမားပါသည်။ ဤအရာများကို ယောဘသည် သေခြင်းဝေဒနာကို ရင်ဆိုင်ခဲ့ရ ပြီးမှသာ ယေဟောဝါ၏ မိုးခြိမ်းသံကဲ့သို့သော အသံကို မိုးတိမ်တိုက်မှ ကြားခဲ့ရခြင်းဖြစ်သည်။ သို့သော်ငြားလည်း သူသည် ယေဟောဝါ၏ မျက်နှာနှင့် သူ၏စိတ်နေသဘောထားကို မတွေ့မြင်ခဲ့ပါ။ ယောဘရရှိလိုက်သည့် အရာမှာ သွေးသားဆန္ဒ ပြည့်ဝ၀မ်းမြောက်စေသည့် စည်းစိမ်ဥစ္စာများ၊ ပတ်ဝန်းကျင်တခွင်ရှိ မြို့များတွင် အလှပဆုံး ဖြစ်သော သားသမီးများနှင့် ကောင်းကင်တမန်များ၏ ကာကွယ်စောင့်ရှောက်ပေးမှုများ မျှသာဖြစ်သည်။ သူသည် တစ်ခါမျှ ယေဟောဝါကို မမြင်ခဲ့ပါ။ သူသည် ဖြောင့်မတ်သူဟု ခေါ်ဆိုခြင်း ခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ စိတ်နေသဘောထားကို မသိမြင်ခဲ့ပါ။ ယနေ့ခေတ်လူများသည် လောကပျော်ရွှင်မှုများအရာမှာ ခေတ္တဆင်းရဲ နေရပြီး ခက်ခဲကြမ်းတမ်းသော ပြင်ပပတ်ဝန်းကျင်နှင့် ရင်ဆိုင်တွေ့ကြုံနေရသော်လည်း ခေတ်အဆက်ဆက် လျှို့ဝှက်ထားခဲ့ပြီး တခါမျှ မဖော်ပြခဲ့သော ငါ၏ စိတ်နေသဘောထားကို ဖော်ပြခဲ့ပြီး ငါ၏နက်နဲသော အရာများ ကိုလည်း အနိမ့်ဆုံးသော လူသားများကို ပြသခဲ့ပြီး ကြီးမားသော ကယ်တင်ခြင်းကိုလည်း ပေးခဲ့သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းမှာ ငါ၏ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤကဲ့သို့အလုပ်မျိုးကို ယခင်က တစ်ခါမျှ ငါမလုပ်ခဲ့ပါ။ သင်တို့သည် ယောဘကို မည်သို့မျှ မမှီနိုင်သော်လည်း၊ သင်တို့ရရှိသောအရာနှင့် သင်တို့မြင်တွေ့ခဲ့ရသော အရာများသည် ယောဘကို သာလွန် ကျော်လွန်နေပြီဖြစ်သည်။ သင်တို့သည် ဒုက္ခဆင်းရဲ အမျိုးမျိုး၊ ညှင်းဆဲမှု အမျိုးမျိုးကို ခံစားခဲ့ရသော်လည်း ထိုခံစားရမှုများသည် ယောဘ၏ ဒုက္ခဆင်းရဲများနှင့် မတူပါ။ ဤအရာသည် လူသားများ၏ ပုန်ကန်မှုနှင့် တော်လှန်မှုများကြောင့် ခံစားရသော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းဖြစ်ပြီး ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကြောင့်လည်း ဖြစ်သည်။ ဤအရာသည် ဖြောင့်မတ်သော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းပင်ဖြစ်သည်။ ယောဘသည် ဣသရေလလူမျိုး တစ်ဦးဖြစ်ပြီး ယေဟောဝါ၏ ကြီးမားသောချစ်ခြင်းနှင့် သနားခြင်းဂရုဏာကို လက်ခံရရှိသော ဖြောင့်မတ်သောသူ တစ်ဦးလည်းဖြစ်သည်။ သူသည် မည်သည့်မကောင်းမှုကိုမျှ မလုပ်ခဲ့ပါ။ ယောဟောဝါကိုလည်း မခုခံ မတော်လှန်ခဲ့ပါ။ သူသည် သစ္စာရှိစွာ ယေဟောဝါကို ကိုးကွယ်ခဲ့သည်။ သူ၏ဖြောင့်မတ်မှုကြောင့် ဒုက္ခဆင်းရဲခြင်းကို ခံခဲ့ရသည်။ သူသည် ယေဟောဝါ၏ သစ္စာရှိသော ကျွန်ဖြစ်သောကြောင့် မီးကဲ့သို့ပြင်းထန်သော ဒုက္ခဆင်းရဲကို ကျော်ဖြတ်ခဲ့ရသည်။ ယနေ့ခေတ် လူများသည် ငါ၏ တရားစီရင်ခြင်းနှင့် ကျိန်ခြင်းကိုခံရခြင်းမှာ သူတို့၏ ညစ်ညမ်းမှုနှင့် မဖြောင့်မတ်ခြင်းများကြောင့် ဖြစ်သည်။ သူတို့၏ ခံစားရမှုများသည် ယောဘဖြတ်ကျော်ခဲ့ရသော သူ၏ တိရစ္ဆာန်များ၊ စည်းစိမ်ဥစ္စာများ၊ ကျွန်များ၊ သားသမီးများနှင့် သူချစ်ခင်နှစ်သက်သော အရာများအားလုံးကို ဆုံးရှုံးရခြင်းမျိုး မဟုတ်ဘဲ မီးနှင့် အညစ်အကြေးကင်းစင်အောင် စစ်ကြောခြင်းနှင့် လောင်ကျွမ်းခြင်းမျိုး ဖြစ်သည်။ ယောဘကြုံတွေ့ခဲ့ရသည်ထက် ပိုပြင်းထန်သည်မှာ သူတို့၏ အားနည်းချက်ကြောင့် ဤဒုက္ခ ဆင်းရဲများကို လျော့ပစ်ခြင်း၊ ဖယ်ပစ်ခြင်းများ ရှိမည်မဟုတ်ဘဲ သူတို့၏ နောက်ဆုံးနေ့ရက်အထိ တစ်သက်လုံး ရှိနေခြင်းပင် ဖြစ်ပါသည်။ ဤအရာသည် အပြစ်ပေးခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ခြင်းဖြစ်သည်။ ဤအရာသည် သနားခြင်းမရှိ လောင်ကျွမ်းခြင်း ဖြစ်ပြီး ဒီထက်ပိုသည်မှာ လူသားများ အမွေခံထိုက်သော အရာလည်းဖြစ်သည်။ ဤအရာသည် သူတို့နှင့် ထိုက်တန်သောအရာဖြစ်ပြီး ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို ဖော်ထုတ် ပြသရာနေရာလည်း ဖြစ်သည်။ ၎င်းသည် သိပြီးသား အချက်ဖြစ်သည်။ သို့သော် လူများရရှိသည့် အရာသည် သူတို့ယခု ခံစားနေရသည့်အရာထက် လွန်စွာသာလွန်နေသည်။ သင်တို့ခံစားနေရသည်များမှာ သင်တို့၏ မိုက်မဲမှုကြောင့်ဖြစ်သော အတားအဆီးများသာဖြစ်ပြီး သင်တို့ရရှိလိုက်သောအရာသည် သင်တို့ခံစားရသော ဒုက္ခဆင်းရဲများထက် အဆတစ်ရာသာလွန်ပါသည်။ ဓမ္မဟောင်းကျမ်းတွင်ရှိသော ဣသရေလလူမျိုးများ၏ ပညတ်ချက်များအရ၊ ငါ့ကို ခုခံတော်လှန်သူများ၊ ထင်ရှားစွာ ဝေဖန်သူများနှင့် ငါ၏လမ်းခရီးအတိုင်း မလိုက် သော်လည်း ရဲရဲဝံ့ဝံ့ မသန့်ရှင်းသောယဇ်ကို ပူဇော်သောသူများ အားလုံးသည် ဗိမာန်တော်ထဲ၌ရှိသောမီးနှင့် အဖျက်ဆီးခံရမည်မှာ အသေချာပင်ဖြစ်သည်။ သို့မဟုတ် ရွေးချယ်ခြင်းခံရသူတစ်ချို့၏ ကျောက်တုံးဖြင့် အသေပစ်သတ်ခြင်းကို ခံရမှာဖြစ်ပြီး သူတို့၏ ဆွေစဉ်မျိုးဆက်နှင့် ဆွေမျိုးသားချင်းများပင် ငါ၏ ကျိန်ခြင်း အမင်္ဂလာကို ခံရမည်ဖြစ်သည်။ လာမည့် ကမ္ဘာအဆက်ဆက်တွင်လည်း လွတ်မြောက်မည် မဟုတ်ဘဲ ငါ့ကျွန်များ၏ ကျွန်ဖြစ်ရလိမ့်မည်။ သူတို့ကို တပါးအမျိုးသားများအလယ်သို့ နှင်ထုတ်ပြီး ကိုယ့်မွေးရပ်မြေသို့ မပြန်နိုင်အောင်ဖြစ်ရမည်။ သူတို့၏ လုပ်ရပ်များ၊ အကျင့်များ အပေါ်မူတည်၍ ယနေ့ခေတ်လူများ ခံစားနေရသော ဒုက္ခဆင်းရဲများသည် ဣသရေလလူမျိုးများ ခံစားရသော အပြစ်ပေးခြင်းလောက် မပြင်းထန်ပါ။ ခုလောလော လတ်လတ် သင်တို့ ရင်ဆိုင်နေရသော ဒုက္ခပြဿနာများသည် အကျိုးအကြောင်းမဲ့ အပြစ်ဒဏ်ခတ်ခံရခြင်း မဟုတ်ဘဲ၊ ဤအရာများသည် သင်တို့ စည်းကျော်ခြင်းကြောင့်ဖြစ်ပြီး၊ သင်တို့သာ ဣသရေလလူမျိုးဖြစ်နေပါက သင်တို့သည် ထာဝရအပြစ်သားများ ဖြစ်နေမှာဖြစ်ပြီး၊ ဣသရေလလူမျိုးများမှ ကြာမြင့်စွာကတည်းက အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ဖြတ်ခြင်း ခံခဲ့ရလောက်မည်ဖြစ်ကာ၊ ယေဟောဝါ၏ ဗိမာန်တော်ထဲတွင် ကောင်းကင်မှမီးဖြင့်လည်း အလောင်ကျွမ်းခံရပြီးလောက်ပြီ ဖြစ်သည်။ ယခု သင်တို့ရရှိသည့်အရာမှာ ဘယ်အရာ ဖြစ်သနည်း။ ဘာကို လက်ခံရရှိခဲ့ရသနည်း။ ဘာကို ကျေနပ်ဝမ်းမြောက်ရသနည်း။ ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို သင်တို့၌ ဖော်ပြခဲ့ပြီးဖြစ်သည်၊ သို့ပေမယ့် အရေးအကြီးဆုံးအချက်မှာ လူသားမျိုးနွယ်၏ ရွေးနုတ်ကယ်တင်ခြင်းအတွက် ငါ၏စိတ်ရှည်ခြင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ သင်တို့အတွက် ငါလုပ်ခဲ့သော အရာများသည် စိတ်ရှည်ခြင်းလုပ်ငန်းဖြစ်ကြောင်း ပြောနိုင်ပါသည်။ ဤအရာမှာ လူသားမျိုးနွယ်၏ ပျော်ရွှင် ဝမ်းမြောက်ဖို့အတွက် ငါ၏အစီအစဉ်ဖြစ်သည်။
|