ယနေ့ခေတ်အချိန်အခါမှာ မွေးလာသောသူများသည် စာတန်နှင့် ညစ်ညမ်းသော နတ်ဆိုးများ၏ ဖျက်ဆီးမှုအောက်တွင် ရှိနေရသော်လည်း၊ သူတို့သည် ဤကဲ့သို့ အကျင့်ပျက်မှုကြောင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဤကယ်တင်ခြင်းသည် ယောဘရရှိ ပိုင်ဆိုင်ခဲ့သော မိသားစုပိုင်ဆိုင်မှုများနှင့် မြေနေရာများ၊ တောင်များတွင် လွမ်းခြုံနေသော သူ၏တိရစ္ဆာန်များနှင့် ယောဘ အသက်တာ၌ ဒုက္ခပြဿနာများ တွေ့ကြုံခဲ့ပြီးနောက် ယေဟောဝါနှင့် တွေ့ဆုံခွင့်ရပြီး လက်ခံရရှိခဲ့သော ကောင်းချီးမင်္ဂလာများထက်ပင် ကြီးမားပါသည်။ ဤအရာများကို ယောဘသည် သေခြင်းဝေဒနာကို ရင်ဆိုင်ခဲ့ရ ပြီးမှသာ ယေဟောဝါ၏ မိုးခြိမ်းသံကဲ့သို့သော အသံကို မိုးတိမ်တိုက်မှ ကြားခဲ့ရခြင်းဖြစ်သည်။ သို့သော်ငြားလည်း သူသည် ယေဟောဝါ၏ မျက်နှာနှင့် သူ၏စိတ်နေသဘောထားကို မတွေ့မြင်ခဲ့ပါ။ ယောဘရရှိလိုက်သည့် အရာမှာ သွေးသားဆန္ဒ ပြည့်ဝ၀မ်းမြောက်စေသည့် စည်းစိမ်ဥစ္စာများ၊ ပတ်ဝန်းကျင်တခွင်ရှိ မြို့များတွင် အလှပဆုံး ဖြစ်သော သားသမီးများနှင့် ကောင်းကင်တမန်များ၏ ကာကွယ်စောင့်ရှောက်ပေးမှုများ မျှသာဖြစ်သည်။ သူသည် တစ်ခါမျှ ယေဟောဝါကို မမြင်ခဲ့ပါ။ သူသည် ဖြောင့်မတ်သူဟု ခေါ်ဆိုခြင်း ခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ စိတ်နေသဘောထားကို မသိမြင်ခဲ့ပါ။ ယနေ့ခေတ်လူများသည် လောကပျော်ရွှင်မှုများအရာမှာ ခေတ္တဆင်းရဲ နေရပြီး ခက်ခဲကြမ်းတမ်းသော ပြင်ပပတ်ဝန်းကျင်နှင့် ရင်ဆိုင်တွေ့ကြုံနေရသော်လည်း ခေတ်အဆက်ဆက် လျှို့ဝှက်ထားခဲ့ပြီး တခါမျှ မဖော်ပြခဲ့သော ငါ၏ စိတ်နေသဘောထားကို ဖော်ပြခဲ့ပြီး ငါ၏နက်နဲသော အရာများ ကိုလည်း အနိမ့်ဆုံးသော လူသားများကို ပြသခဲ့ပြီး ကြီးမားသော ကယ်တင်ခြင်းကိုလည်း ပေးခဲ့သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းမှာ ငါ၏ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤကဲ့သို့အလုပ်မျိုးကို ယခင်က တစ်ခါမျှ ငါမလုပ်ခဲ့ပါ။ သင်တို့သည် ယောဘကို မည်သို့မျှ မမှီနိုင်သော်လည်း၊ သင်တို့ရရှိသောအရာနှင့် သင်တို့မြင်တွေ့ခဲ့ရသော အရာများသည် ယောဘကို သာလွန် ကျော်လွန်နေပြီဖြစ်သည်။ သင်တို့သည် ဒုက္ခဆင်းရဲ အမျိုးမျိုး၊ ညှင်းဆဲမှု အမျိုးမျိုးကို ခံစားခဲ့ရသော်လည်း ထိုခံစားရမှုများသည် ယောဘ၏ ဒုက္ခဆင်းရဲများနှင့် မတူပါ။ ဤအရာသည် လူသားများ၏ ပုန်ကန်မှုနှင့် တော်လှန်မှုများကြောင့် ခံစားရသော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းဖြစ်ပြီး ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကြောင့်လည်း ဖြစ်သည်။ ဤအရာသည် ဖြောင့်မတ်သော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းပင်ဖြစ်သည်။ ယောဘသည် ဣသရေလလူမျိုး တစ်ဦးဖြစ်ပြီး ယေဟောဝါ၏ ကြီးမားသောချစ်ခြင်းနှင့် သနားခြင်းဂရုဏာကို လက်ခံရရှိသော ဖြောင့်မတ်သောသူ တစ်ဦးလည်းဖြစ်သည်။ သူသည် မည်သည့်မကောင်းမှုကိုမျှ မလုပ်ခဲ့ပါ။ ယောဟောဝါကိုလည်း မခုခံ မတော်လှန်ခဲ့ပါ။ သူသည် သစ္စာရှိစွာ ယေဟောဝါကို ကိုးကွယ်ခဲ့သည်။ သူ၏ဖြောင့်မတ်မှုကြောင့် ဒုက္ခဆင်းရဲခြင်းကို ခံခဲ့ရသည်။ သူသည် ယေဟောဝါ၏ သစ္စာရှိသော ကျွန်ဖြစ်သောကြောင့် မီးကဲ့သို့ပြင်းထန်သော ဒုက္ခဆင်းရဲကို ကျော်ဖြတ်ခဲ့ရသည်။ ယနေ့ခေတ် လူများသည် ငါ၏ တရားစီရင်ခြင်းနှင့် ကျိန်ခြင်းကိုခံရခြင်းမှာ သူတို့၏ ညစ်ညမ်းမှုနှင့် မဖြောင့်မတ်ခြင်းများကြောင့် ဖြစ်သည်။ သူတို့၏ ခံစားရမှုများသည် ယောဘဖြတ်ကျော်ခဲ့ရသော သူ၏ တိရစ္ဆာန်များ၊ စည်းစိမ်ဥစ္စာများ၊ ကျွန်များ၊ သားသမီးများနှင့် သူချစ်ခင်နှစ်သက်သော အရာများအားလုံးကို ဆုံးရှုံးရခြင်းမျိုး မဟုတ်ဘဲ မီးနှင့် အညစ်အကြေးကင်းစင်အောင် စစ်ကြောခြင်းနှင့် လောင်ကျွမ်းခြင်းမျိုး ဖြစ်သည်။ ယောဘကြုံတွေ့ခဲ့ရသည်ထက် ပိုပြင်းထန်သည်မှာ သူတို့၏ အားနည်းချက်ကြောင့် ဤဒုက္ခ ဆင်းရဲများကို လျော့ပစ်ခြင်း၊ ဖယ်ပစ်ခြင်းများ ရှိမည်မဟုတ်ဘဲ သူတို့၏ နောက်ဆုံးနေ့ရက်အထိ တစ်သက်လုံး ရှိနေခြင်းပင် ဖြစ်ပါသည်။ ဤအရာသည် အပြစ်ပေးခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ခြင်းဖြစ်သည်။ ဤအရာသည် သနားခြင်းမရှိ လောင်ကျွမ်းခြင်း ဖြစ်ပြီး ဒီထက်ပိုသည်မှာ လူသားများ အမွေခံထိုက်သော အရာလည်းဖြစ်သည်။ ဤအရာသည် သူတို့နှင့် ထိုက်တန်သောအရာဖြစ်ပြီး ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို ဖော်ထုတ် ပြသရာနေရာလည်း ဖြစ်သည်။ ၎င်းသည် သိပြီးသား အချက်ဖြစ်သည်။ သို့သော် လူများရရှိသည့် အရာသည် သူတို့ယခု ခံစားနေရသည့်အရာထက် လွန်စွာသာလွန်နေသည်။ သင်တို့ခံစားနေရသည်များမှာ သင်တို့၏ မိုက်မဲမှုကြောင့်ဖြစ်သော အတားအဆီးများသာဖြစ်ပြီး သင်တို့ရရှိလိုက်သောအရာသည် သင်တို့ခံစားရသော ဒုက္ခဆင်းရဲများထက် အဆတစ်ရာသာလွန်ပါသည်။ ဓမ္မဟောင်းကျမ်းတွင်ရှိသော ဣသရေလလူမျိုးများ၏ ပညတ်ချက်များအရ၊ ငါ့ကို ခုခံတော်လှန်သူများ၊ ထင်ရှားစွာ ဝေဖန်သူများနှင့် ငါ၏လမ်းခရီးအတိုင်း မလိုက် သော်လည်း ရဲရဲဝံ့ဝံ့ မသန့်ရှင်းသောယဇ်ကို ပူဇော်သောသူများ အားလုံးသည် ဗိမာန်တော်ထဲ၌ရှိသောမီးနှင့် အဖျက်ဆီးခံရမည်မှာ အသေချာပင်ဖြစ်သည်။ သို့မဟုတ် ရွေးချယ်ခြင်းခံရသူတစ်ချို့၏ ကျောက်တုံးဖြင့် အသေပစ်သတ်ခြင်းကို ခံရမှာဖြစ်ပြီး သူတို့၏ ဆွေစဉ်မျိုးဆက်နှင့် ဆွေမျိုးသားချင်းများပင် ငါ၏ ကျိန်ခြင်း အမင်္ဂလာကို ခံရမည်ဖြစ်သည်။ လာမည့် ကမ္ဘာအဆက်ဆက်တွင်လည်း လွတ်မြောက်မည် မဟုတ်ဘဲ ငါ့ကျွန်များ၏ ကျွန်ဖြစ်ရလိမ့်မည်။ သူတို့ကို တပါးအမျိုးသားများအလယ်သို့ နှင်ထုတ်ပြီး ကိုယ့်မွေးရပ်မြေသို့ မပြန်နိုင်အောင်ဖြစ်ရမည်။ သူတို့၏ လုပ်ရပ်များ၊ အကျင့်များ အပေါ်မူတည်၍ ယနေ့ခေတ်လူများ ခံစားနေရသော ဒုက္ခဆင်းရဲများသည် ဣသရေလလူမျိုးများ ခံစားရသော အပြစ်ပေးခြင်းလောက် မပြင်းထန်ပါ။ ခုလောလော လတ်လတ် သင်တို့ ရင်ဆိုင်နေရသော ဒုက္ခပြဿနာများသည် အကျိုးအကြောင်းမဲ့ အပြစ်ဒဏ်ခတ်ခံရခြင်း မဟုတ်ဘဲ၊ ဤအရာများသည် သင်တို့ စည်းကျော်ခြင်းကြောင့်ဖြစ်ပြီး၊ သင်တို့သာ ဣသရေလလူမျိုးဖြစ်နေပါက သင်တို့သည် ထာဝရအပြစ်သားများ ဖြစ်နေမှာဖြစ်ပြီး၊ ဣသရေလလူမျိုးများမှ ကြာမြင့်စွာကတည်းက အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ဖြတ်ခြင်း ခံခဲ့ရလောက်မည်ဖြစ်ကာ၊ ယေဟောဝါ၏ ဗိမာန်တော်ထဲတွင် ကောင်းကင်မှမီးဖြင့်လည်း အလောင်ကျွမ်းခံရပြီးလောက်ပြီ ဖြစ်သည်။ ယခု သင်တို့ရရှိသည့်အရာမှာ ဘယ်အရာ ဖြစ်သနည်း။ ဘာကို လက်ခံရရှိခဲ့ရသနည်း။ ဘာကို ကျေနပ်ဝမ်းမြောက်ရသနည်း။ ငါ၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို သင်တို့၌ ဖော်ပြခဲ့ပြီးဖြစ်သည်၊ သို့ပေမယ့် အရေးအကြီးဆုံးအချက်မှာ လူသားမျိုးနွယ်၏ ရွေးနုတ်ကယ်တင်ခြင်းအတွက် ငါ၏စိတ်ရှည်ခြင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ သင်တို့အတွက် ငါလုပ်ခဲ့သော အရာများသည် စိတ်ရှည်ခြင်းလုပ်ငန်းဖြစ်ကြောင်း ပြောနိုင်ပါသည်။ ဤအရာမှာ လူသားမျိုးနွယ်၏ ပျော်ရွှင် ဝမ်းမြောက်ဖို့အတွက် ငါ၏အစီအစဉ်ဖြစ်သည်။ ယောဘသည် ယေဟောဝါထံမှလာသော ဒုက္ခဆင်းရဲများကို ရင်ဆိုင်ခဲ့ရသော်လည်း၊ သူသည် ယေဟောဝါကို ကိုးကွယ်သော ဖြောင့်မတ်သူမျှသာ ဖြစ်သည့်အပြင်၊ ဤဒုက္ခများကို ဖြတ်ကျော်ရသော်လည်း ဘုရားသခင်ကို စောဒကမတက်ခဲ့ပါ။ ယေဟောဝါနှင့် ဆုံတွေ့ခွင့်ရသည်ကို သူတန်ဖိုးထားခဲ့သည်။ ယနေ့ခေတ် လူများသည် ဘုရားသခင်၏ မျက်မှောက်တော်ကို တန်ဖိုးမထားရုံမက သူတို့သည် ငြင်းပယ်ခြင်း၊ မုန်းတီးခြင်း၊ စောဒကတက်ခြင်းနှင့် သူ၏အသွင်အပြင်ကို ပျက်ရယ်ပြုကြသူများဖြစ်သည်။ အနည်းငယ်ထက်ပိုအောင် သင်တို့ ရရှိပြီးမဟုတ်လော။ သင်တို့ခံစားနေရသည်များက အရမ်းကြီးမားနေသလား။ မာရိတို့ ယာကုပ်တို့ထက် သင်တို့ ကောင်းချီးမင်္ဂလာခံစားရသည် မဟုတ်ဘူးလား။ သင်တို့၏ ခုခံတွန်းလှန်ခြင်းမှာ သေးနုပ်ခြင်း ရှိခဲ့၍လား။ သင်တို့ဆီက ငါတောင်းဆိုသည့်အရာ၊ လိုအပ်သည့်အရာမှာ ကြီးလွန်း များလွန်းနေခြင်းကြောင့်များလား။ ငါ၏ ဒေါသအား ငါ့ကို ခုခံတော်လှန်သော ဣသရေလလူမျိုးများအပေါ်တွင် ဖွင့်ပြခဲ့ပြီး သင်တို့အပေါ် တိုက်ရိုက် မသက်ရောက်ပါ။ သင်တို့ရရှိသောအရာမှာ ငါ၏ သနားခြင်းကင်းမဲ့သော တရားစီရင်ခြင်းနှင့် သနားညှာတာမှု ကင်းမဲ့သော မီးဖြင့်သန့်စင်ခြင်းကဲ့သို့သော ထုတ်ဖော်ချက်သာဖြစ်သည်။ ဤလူများသည် နာခံမှုအနည်းမျှပင် မရှိဘဲ ငါ့ကိုဆက်လက်၍ ခုခံတော်လှန်၊ ချေပနေသည်။ ငါနှင့်ဝေးရာသို့ထွက်သွားပြီး ငါ့ကို ငြင်းပယ်ကြသော သူအချို့ပင် ရှိသေးသည်။ ဤကဲ့သို့သော လူများသည် မောရှေကို ဆန့်ကျင်သော ကောရနှင့် ဒါသန်ထက် ပိုမကောင်းနိုင်ကြပါ။ ဤလူများ၏ စိတ်နှလုံးသည် ခိုင်မာကြပြီး သူတို့၏ အကျင့်စရိုက်များသည် အလျော့ မပေးလိုသော သူများဖြစ်သည်။ သူတို့၏ လမ်းဟောင်းများကို ဘယ်တော့မှ ပြောင်းလိမ့်မည်မဟုတ်။ ငါ၏ စကားကြောင့် သူတို့သည် ပြည့်တန်ဆာများကဲ့သို့ အဝတ်ဗလာဖြင့် နေ့အလင်းရောင်အောက်တွင် ဗလာကျင်း ဖြစ်နေပါသည်။ ငါ၏ စကားများသည် အလွန်ပြင်းထန်သောကြောင့် ၎င်းတို့သည် နေ့အလင်းရောင်အောက်တွင် လူတို့၏ သဘောသဘာဝများကို ‘’မလျော်မကန်စွာ’’ လှန်ထားလျက် ရှိကြသည်။ သို့သော်လည်း ဤလူများသည် ခေါင်းကလေးညိမ့်၊ မျက်ရည်လေးကျရုံလောက်သာရှိပြီး ဝမ်းနည်းခြင်းအနည်းငယ်မျှပင် မရှိကြပေ။ ကိစ္စများ ပြီးသည်နှင့် သူတို့သည် တောင်ပေါ်က သားရဲတိရစ္ဆာန် ဘုရင်ကြီးကဲ့သို့ တဖန်ပြန်၍ ကြောက်စရာကောင်း၊ ခက်ထန်ပြီး ဘာကိုမျှ ဂရုမထားတော့ပါ။ ဤကဲ့သို့ စိတ်နေသဘောထားမျိုး ရှိသောလူများသည် ယောဘထက် အဆတစ်ရာသာသော ကောင်းချီးမင်္ဂလာကို ၎င်းတို့ ခံစားနေရကြောင်း မည်ကဲ့သို့ နားလည်နိုင်မည်နည်း။ သူတို့ခံစားနေရသော ဒီကောင်းချီးမင်္ဂလာများသည် ယခင်ခေတ်အဆက်ဆက်က မြင်တွေ့ရန် ခက်ခဲလှသော၊ မည်သူမျှမခံစားရသော ကောင်းချီးများဖြစ်ကြောင်း မည်ကဲ့သို့ သိနိုင်ပါ့မည်နည်း။ လူတို့၏ သြတ္တပ္ပစိတ်က ယခုကဲ့သို့ ကောင်းချီးတွင် အပြစ်ဒဏ်ပေးခြင်းပါရှိကြောင်း မည်ကဲ့သို့ ခံစားရနိုင်မည်နည်း။ ပွင့်ပွင့်လင်းလင်း ပြောရပါက၊ သင်တို့ထံမှ ငါအလိုရှိသောအရာမှာ ငါ့အလုပ်အတွက် စံပြဖြစ်နေပေးဖို့နှင့် ငါ၏လုပ်ဆောင်မှုများနှင့် စိတ်နေသဘောထားအတွက် သက်သေခံ ဖြစ်နေပေးရန်ဖြစ်ပြီး၊ သို့အားဖြင့် သင်တို့သည် စာတန်၏ ဒုက္ခ ဝေဒနာများမှ ကင်းလွတ်မှာဖြစ်သည်။ သို့ပေမယ့် လူသားမျိုးနွယ်သည် ငါ၏အလုပ်ကို အမြဲရွံရှာပြီး တမင် သက်သက် ဖျက်ဆီးတတ်ကြသည်။ ဤကဲ့သို့သော လူသည် ငါ့ကို ဣသရေလူမျိုး၏ ပညတ်တော်များကို ပြန်ယူဆောင်လာပြီး ဣသရေလလူမျိုးများ အပေါ်ရှိ ငါ၏ အမျက်ဒေါသကို ၎င်းတို့ အပေါ်ကျရောက်ဖို့ မည်ကဲ့သို့ မဟစ်အော်ပဲ နေနိုင်မည်နည်း။ ငါ့အား ‘’နာခံသော’’သူများ သင်တို့အထဲတွင် အများရှိသော်လည်း ကောရအမျိုးများက ပိုတောင်များနေပါသည်။ ငါ၏ဘုန်းအပြည့်အဝအား ငါရယူပြီးသောအခါ ၎င်းတို့အား ပြာကျသည့် တိုင်အောင် လောင်စေရန် ကောင်းကင်မှမီးကို ငါယူမည်။ သင်တို့သိထားရမည်မှာ လူများအား ငါသည် စကားနှင့်ပင် ပြစ်တင်ဆုံးမမည် မဟုတ်ဘဲ ဣသရေလအတွက် အလုပ်မလုပ်ဆောင်ခင်၌ ကြာမြင့်စွာ ကတည်းက ငါပယ်ရှင်းခဲ့ပြီး ငါ့ကို ခုခံဆန့်ကျင်သော ကောရအမျိုးများကို အကြွင်းမဲ့ မီးရှိုဖျက်ဆီးမည် ဖြစ်သည်။ လူသား မျိုးနွယ်သည် ငါ့ကို နှစ်သက်ကျေနပ်နိုင်မည့် အခွင့်အရေးမျိုး ရတော့မည်မဟုတ်ချေ။ ငါ၏ အမျက်ဒေါသနှင့် ကောင်းကင်မှ ဆင်းသက်သော ငါ၏ ’’မီးတောက်များ’’ကိုသာ တွေ့မြင်ရမည်ဖြစ်သည်။ လူများ၏ ရလဒ်အဖြေများကို ဖော်ပြပြီး အမျိုးအစားအလိုက် လူအားလုံးကို ခွဲခြားမည်ဖြစ်သည်။ သူတို့၏ ဆန့်ကျင် တော်လှန်သည့် လုပ်ရပ်အားလုံးကို မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ငါ၏အလုပ်ကို အဆုံးသတ်မည် ဖြစ်သည်။ လူတွေ၏ အကျိုးဆက်များကို သူတို့ မြေကြီးပေါ်မှာ အသက်ရှင်စဉ်နှင့် သူတို့၏ ငါ့အပေါ်မှာထားသော သဘောထားများပေါ် မူတည်ပြီး ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်သည်။ ထိုအချိန် ရောက်လာသော အခါတွင်မူ၊ သူတို့၏ အကျိုးဆက်များကို ပြောင်းလဲပေးနိုင်မည့်အရာ ဘာမျှရှိလိမ့်မည် မဟုတ်ပါ။ လူအားလုံး သူတို့၏ လုပ်ရပ် ရလဒ်အဖြေကို ဖော်ပြကြပါစေ။ လူများ၏ ရလဒ်အဖြေကို ကောင်းကင်ဘုံ၌ရှိသော အဖခမည်းတော် ထံသို့ ငါလက်လွဲပေးမည် ဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ အကြံပြုစာများဖတ်ရှုလေ့လာရန်: တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
0 Comments
Leave a Reply. |