မိတ်ဆက်ခြင်း
ဇန်မုသည် အိမ်အသင်းတော်တစ်ခုတွင် ဆရာတစ်ပါးဖြစ်ပြီး၊ "ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။" (ရောမ ၁၀:၁၀) ကို သူ ယုံကြည်လေသည်။ သူက သခင်ယေရှု၌ သူယုံကြည်သောကြောင့် ဖြောင့်မတ်သောသူဟု အမည်တွင်ပြီးဖြစ်သည်၊ ကတယ်ခြင်းကို သူရရှိနှင့်ပြီးဖြစ်ကာ သခင် ပြန်ကြွလာသောအခါ ကောင်းကင်နိုင်ငံထဲသို့ သူ တိုက်ရိုက်ချီဆောင်ခံရမည်ဟု ထင်မြင်လေသည်။ တစ်နေ့တွင်၊ အခြားဒေသများတွင် သာသနာပြုသည့်အလုပ်မှ သူ၏သမီး အိမ်ပြန်လာပြီး သူ နှစ်များစွာ ကိုင်စွဲခဲ့သည့် အမြင်နှင့် ပတ်သက်၍ သူ့ကို သံသယဖြစ်စေလေသည်။ ထို့နောက်၊ မိသားစုဝင် သုံးဦးသည် ကယ်တင်ခြင်းရရှိခြင်းက လူတစ်ယောက်ကို ကောင်းကင်နိုင်ငံထဲ ဝင်ခွင့်ပေးနိုင် မပေးနိုင်၊ ကောင်းကင်နိုင်ငံထဲသို့ မည်ကဲ့သို့သော လူအမျိးအစားများ ဝင်ရောက်နိုင်သည် နှင့် ပတ်သက်သော အကြောင်းအရာများအကြောင်း အကြိတ်အနယ် စကားစစ်ထိုးပွဲတစ်ခု စတင်ကြလေသည်....... သတင်းအချက်အလက်များ ဒီလောက် သာယာလိုက်တဲ့ အသံ - သခင်ယေရှုပြန်လာမည့်ပရောဖက်ပြုချက်ဟာ ဘယ်လိုမျိုးမှန်လာမှာလဲ (အပိုင်း ၁/၅)
0 Comments
Leave a Reply. |