Myanmar new Movie | ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ - ရုပ်ရှင်ကလစ် ၄ - ဘာသာရေးဖာရိရှဲတို့၏ ချည်နှောင်ခြင်းမှလွတ်မြောက်ပြီး ဘုရားသခင်ဆီသို့ ဦးလှည့်ပါဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးက သင်းအုပ်ဆရာတွေဟာ သမ္မာကျမ်းစာကို အရှေ့ရော အနောက်ရောသိကျွမ်းကြတဲ့သူတွေဖြစ်ပြီးတော့၊ သမ္မာကျမ်းစာထဲက ကျမ်းပိုဒ်တွေကို မကြာခဏလူတွေကို ရှင်းပြလေ့ရှိတယ်။ ကျွန်ုပ်တို့မျက်စိထဲမှာတော့၊ သူတို့ဟာ ဘုရားသခင်ကိုသိကျွမ်းတဲ့သူတွေလို့ ထင်ရပေမဲ့၊ ဘာသာရေးလောကထဲက အများစုက နောက်ဆုံးသောကာလထဲမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ဘာလို့ရှုတ်ချပြီးဆန့်ကျင်နေကြတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် "ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရွတ်နေသည့်တိုင်
ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်သေးပဲ၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် တန်ဖိုးမဲ့၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီ ရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏ နာမကို ကိုင်ဆောင်ပြတတ်သော်လည်း စိတ်ဆန္ဒမှာမူ ဘုရားသခင်ကို ဆန့်ကျင်တတ်ကြ၏။......" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အကြံပြုစာမျာ:ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား
0 Comments
Leave a Reply. |