Myanmar Worship Song | အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်နှလုံးသားကို ပိုင်ဆိုင်၏Ⅰ ဘယ်သူ့စကားများက အချိုမြိန်ဆုံးဖြစ်ပြီး ကျွန်ုပ်ဝိညာဉ်အတွက် အဟာရဖြစ်စေခဲ့သလဲ။ ဘယ်သူ့အချစ်က အလှပဆုံးဖြစ်ပြီး ကျွန်ုပ်နှလုံးသားကို ဖမ်းဆုပ်ခဲ့သလဲ။ ဘယ်သူ့အမှုက အဆန်းကြယ်ဆုံးဖြစ်ပြီး လူတို့ဒုစရိုက်များကို သန့်စင်စေခဲ့သလဲ။ ဘယ်သူက ကယ်တင်ခြင်းပေးပြီး၊ ဘုရား၏ ပလ္လင်တော်သို့ ကျွန်ုပ်ကို ခေါ်ဆောင်လဲ။ လူတို့ကိုကယ်တင်ဖို့ ဘယ်သူက သမ္မာတရားကိုဖော်ပြသလဲ။ အလင်းကိုပြန်မြင်အောင် တို့ကိုလုပ်ပေးခဲ့တာ ဘယ်သူလဲ။ ဘယ်သူဟာ ချစ်ဖွယ် အ ကောင်းဆုံးလဲ။ ကျွန်ုပ်အမြဲတွေးနေတာ ဘယ်သူ့အကြောင်းလဲ။ ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဘုရားဟာကျွန်ုပ်နှလုံးသားထဲမှာပါ။ ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။ Ⅱ ဘုရား၊ လူတို့ကို စီမံခန့်ခွဲနေတာ နှစ်ခြောက်ထောင်ရှိပါပြီ လူတို့ကိုရရှိဖို့ လူဇာတိခံတယ်။ ကောင်းကင်ဘုံကနေ လူအားလုံးကို ကြည့်လျက် လူတို့ရဲ့ကြီးမားသောဒုစရိုက်များကို မြင်ကာ သက်ပြင်းချသည်။ လူတို့ကြားမှာ သွားလာဆက်ဆံပြီး ဘုရားဟာ လောကဒဏ်ကို တွေ့ကြုံခံစားနေတယ်။ ကိုယ်တော်သည်စကားပြောပြီး၊ အလုပ်လုပ်ကာ ကိုယ်တော်နှလုံးသားရှိသွေးတော်ဖြင့် ကိုယ်တော်ကို အမှန်ချစ်သော သူတို့အားလုံး စုံလင်စေသည် ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဘုရားဟာကျွန်ုပ်နှလုံးသားထဲမှာပါ။ ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။ Ⅲ ဘုရားကိုယုံကြည်ခြင်းကနေ လူ တို့ဘာရသင့်သလဲ။ ဘုရားအကြောင်းသိပြီး သမ္မာတရားကို သူတို့ရသင့်တယ်။ ခံစားရကျိုးအနပ်ဆုံး ဆင်းရဲဒုက္ခဟာ ဘာလဲ။ လူတို့စိတ်သဘောထားကို ပြောင်းစေတဲ့ ဒုက္ခမျိုးပါ။ ဘယ်လမ်းကြောင်းဟာ အောင်မြင်မှုကိုရစေသလဲ။ ဘုရားကိုချစ်တဲ့ ပေတရုရဲ့ ချစ်ခြင်းလမ်းကြောင်းပါ။ ဘုရားကိုအချစ်စစ်နဲ့ချစ်တယ်ဆိုတာ ဟာ ဘာလဲ။ နှလုံးသားထဲကနေ အရေးပေးတာပါ။ ဘုရားဟာ လူတို့ကိုပြောင်းလဲပြီး ရယူနိုင်ဖို့ မျှော်လင့်တယ်။ ကျွန်ုပ် သူ့ကိုကျေနပ်စေဖို့၊ သူ့နှလုံးသားကိုဖြေသိမ့်ဖို့ ကြိုးစားမယ်။ ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဘုရားဟာကျွန်ုပ်နှလုံးသားထဲမှာပါ။ ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။ ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
0 Comments
Leave a Reply. |