လွန်ခဲ့သာ တစ်လလောက်က ၊ "ဆောင်းတွင်းနက်ချိန်"မှ တရုတ်ကွန်မြူနစ်ပါတီ၏ လျှို့ဝှက်သော အစီအစဉ်တစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ CCPသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ခိုလှုံခွင့်တောင်းခံသူတို့၏ ဆွေမျိုးကို ခေါ်၍ ကိုးရီးယားသို့ ရောက်စေခဲ့သည်။ ထို့နောက် တရုတ် အစွန်းရောက်ဘာသာဆန့်ကျင်သော လူများ၏ အကူအညီကိုယူ၍ မှားယွင်းသော "အလိုအလျောက် ဆန္ဒပြပွဲ" ပြုလုပ်ခဲ့သည်။ ၂၀၁၈ခုနှစ်၈လ၄ရက်နေ့တွင် "ဆောင်းတွင်းနက်ချိန်"မှ CCP၏ လျှို့ဝှက်သော စာရွက်စားတမ်းများကို ဖော်ထုတ်ခဲ့သည်။ထို လျှို့ဝှက်သော စာရွက်စာတမ်းအရ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ကိုးရီးယားတွင် ခိုလှုံခွင့် လျှောက်ထားပေးသူကို နောက်ယှက်တားစီးရန် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်သည် တရုတ်ပြည်တွင် ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသော ဘာသာရေးနှင့်ဆိုင်သော ထွန်းသစ်စ အုပ်စု တစ်ခုဖြစ်သည်။ CCPသည် တရုတ်ပြည်တွင် ရှိနေသော ခိုလှုံခွင့် တောင်းခံသူတို့၏ ဆွေမျိုးကို လိုအပ်လျှင် ချိန်းခြောက်အကျပ်ကိုင်သော နည်းလမ်းကို အသုံးပြုရန် မိန့်ဆိုခဲ့သည်။ အကြောင်းမှာ ထိုခိုလှုံခွင့် တောင်းခံသူတို့ကို "အိမ်ပြန်စေဖို့ရန်" အတွက်ဖြစ်သည်။ သိသာထင်ရှားသည်မှာ ထိုခိုလှုံခွင့် တောင်းခံသော ဒုက္ခသည်တို့သည် တရုတ်ပြည်သို့ ပြန်ရောက်လျှင် "အိမ်ပြန်"သည် မဟုတ်၊ ဖမ်းဆီးခံရပြီး "အကျဉ်းထောင်ဝင်ရန်" ဖြစ်သည်။ အဆိုပါအစီအစဉ်ကိုလည်း ကိုးရီးယားတွင် ရှိသော တရုတ်အားပေးသူနှင့် အန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို မုန်းတီး၍ အစွန်းရောက်ဘာသာအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်သောသူ တို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။ ယနေ့တွင် CCPသည် ဤအစီအစဉ်ကို စတင်ဆောင်ရွက်နေကြောင်းကို "ဆောင်းတွင်းနက်ချိန်"မှ သိခဲ့ရသည်။ ၈လ၂၇ရက်နေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်သူ၊ တရုတ်ကို အားပေးသူ ဖြစ်သော (ဝူမင်ယွင်) 吳明玉(오명옥)သည် "ဘာသာရေးနှင့် သမ္မာတရား" အစရှိသည့် ကိုးရီးယားရှိ တရုတ်အားပေးသူ (သို့) အစွန်းရောက်ဘာသာကို ဆန့်ကျင်သော မီဒီယာတွင် အစီရင်ခံစာများ တင်ပြခဲ့သည် သာမက မှားယွင်းသော သတင်းကိုလည်း တင်ပြခဲ့သည်။ သူမသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ခိုလှုံခွင့်တောင်းခံသူတို့သည် အတုအယောင်ဖြစ်ကြောင်း၊ ဒုက္ခသည်စနစ်ကို အလွဲသုံးစားပြုကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လျှင် မိသားစုဆွေမျိုး အချင်းချင်းတို့၏ ဆက်ဆံမှု မကောင်းစေကြောင်းအစရှိသည် မှားယွင်းသော သတင်းများကို တင်ပြ၍ ထိုအသင်းတော်(CAG)မှ ခိုလှုံခွင့်တောင်းခံသူတို့ကို တရုတ်ပြည်သို့ ပြန်သွားအောင် ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။ ၈လပိုင်း၃၀ရက်နေ့မှ ၉လပိုင်း၄ရက်နေ့ အကြားတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှရှိသော ခိုလှုံခွင့် တောင်းခံသူတို့၏ ဆွေမျိုး ၁၀ယောက်ကျော်နှင့် ကိုးရီးယား ခရစ်ယာန်ဘာသာမှ "အစွန်းရောက်ဘာသာ"ကို တက်ကြွပြင်းထန်စွာ ဆန့်ကျင်သောသူ၅ယောက်အပါအဝင် စုစုပေါင်း လူဦးရေ ၅၀ကျော်တို့သည် Jeju တရားရုံး၊ Jeju လွှတ်တော်၊ onsu တွင်ရှိသော CAG အသိုင်းအဝိုင်း၊ CAG ကိုးကွယ်မှု အဆောက်အဦး (CAG အဖွဲ့ဝင်များ ပုံမှန်ဆုတောင်းပဌနပြုသော နေရာ) နှင့် အိမ်တော်ပြာ ( တောင်ကိုးရီးယား သမ္မတ၏အလုပ်အမှုဆောင် ရုံးခန်း၊ အရာရှိနေအိမ် အစရှိသည့်နေရာများ) နှင့် အခြားနေရာများတွင် ဆန္ဒပြမည်ဖြစ်ကြောင်းကို ထိုမီဒီယာများမှ သိရပါသည်။ ၈လပိုင်း ၃၁ရက်နေ့တွင် ထိုသူတို့သည် သတင်းထောက်ဧည့်ခံပွဲများ ပြုလုပ်ခဲ့သည်ကိုလည်း သိရပါသည်။ ကိုးရီးယားမှ လျှို့ဝှက်သော သတင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် (CAG )အဖွဲ့ဝင်များက ဖြစ်ရပ်မှန်ကို အင်တာဗျူးခြင်းအားဖြင့် ဖော်ပြခဲ့ပြီးကြောင်းလည်း သိခဲ့ရပါသည်။ လွန့်ခဲ့သော နှစ်လခန့်က ကွန်မြူနစ် အရာရှိများသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ယုံကြည်သူတစ်ယောက်၏ အိမ်ကို ရောက်သွား၍ သူ၏ မိသားစုများကို ထိုယုံကြည်သူအား အိမ်သို့ ပြန်ခိုင်းဖို့ရန် နှိုးဆော်ခဲ့သည်ကို ၈လပိုင်း ၃၀ရက်နေ့ ညနေခင်းတွင် ထိုယုံကြည်သူ၏ တရုတ်ပြည်တွင် ရှိသော မိခင်မှ သိခဲ့ရသည်။ ကွန်မြူနစ်၏ နှိုးဆော်မှုကို ခံရသော ယုံကြည်သူ မိသားစုမှာ အကြမ်းအားဖြင့် ၁၀အိမ်နီးပါးရှိပါသည်။ ထိုသို့ပြုသည် သာမက WeChat တွင် ထိုအစီအစဉ်ဆောင်ရွက်ရန် အဖွဲ့များဖွဲ့ထားသေးသည်။ ထိုယုံကြည်သူ၏ အမနှင့် အကိုတို့သည် အစိုးရက ဝန်ထမ်းများနှင့်အတူ Jeju ကျွန်းသို့ သွားရောက်ခဲ့ကြောင်းနှင့် သူမအား "ကိစ္စသည် ဆိုးရွားသည်ဖြစ်၍ သင် အကောင်းဆုံးသူတို့နှင့် အတူပြန်လာပါ၊ သို့မဟုတ်လျှင် ကျွန်မတို့ ကြီးမားသော ဒုက္ခကို ကြုံရမည်"ဟု ပြန်လာရန် ပြောဆိုတိုက်တွန်းခဲ့ကြောင်းကို ယုံကြည်သူ၏မိခင်မှ သိခဲ့ရသည်။ ထို့နောက် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ယုံကြည်သူတစ်ယောက်နှင့် သူမ၏ ကိုးရီးယားလူမျိုးဖြစ်သော အမျိုးသားသည်လည်း ကွန်မြူနစ်၏ နှိပ်စက်ညှဉ်းပန်းမှု ကြောင့် ကိုးရီးယားသို့ ထွက်ပြေးခိုလှုံခဲ့သည်။ သူမ၏ မိခင်နဲ့ အကိုတို့သည် Jejuသို့ သွားရောက်ဖို့ရန် အဆင်သင့်ဖြစ်နေသည်ကို ၈လ၂၉ရက်နေ့တွင် ဖုန်းပြောခြင်းအားဖြင့် သိခဲ့ရသည်။ သူမနှင့် အမျိုးသားသည် ဆိုလ်းတွင် နေထိုင်သောကြောင့် သူမ၏ မိခင်အား ဆိုလ်းသို့ လာရောက်ရန်ပြောသော်လည်း မိခင်က ဝန်ထမ်းများနှင့်အတူJeju လက်မှတ်ဝယ်ပြီးကြောင်းနှင့် Jeju အပြန်မှ ဆိုလ်းသို့ သွားမည်ဟု ပြောခဲ့သည်။ ထိုသို့ ဖုန်းပြောရာတွင်လည်း သူမ မိခင်၏ အသံသည် တွန့်ဆုတ်ကြောက်ရွံ့၍ စကားပြည့်စုံစွာ မပြောနိုင်ဘဲ သူ၏ အစိုးရတီဗီဘူတာရုံတွင် အလုပ်လုပ်နေသော အကိုဝမ်းကွဲတစ်ဦးနှင့် ပြောဆိုစေသည်။ ၈လ၃၀ရက်နေ့ ညနေခင်းတွင် ဝူမင်ယွင့်သည် လေယာဉ်ကွင်းတွင် ဆိုလ်းမှလာသော ကင်မရာမန်း ၅ယောက်(ကျား၃ မ၂ယောက်)ကို ကြိုခဲ့သည်။ တရုတ်မှလာသော ဆွေးမျိုးနှင့်မိသားစု စုစုပေါင်း ၁၅ယောက်သည် ၃၀ရက်ညတွင် Jeju ကျွန်းသို့ ရောက်ခဲ့သည်။ ကွန်မြူနစ် အရာရှိက သူတို့ ကိုးရီးယားတွင် ဆောင်ရွက်မည့် အစီအစဉ်ကို ညွှန်ကြားရန် အတူတကွပါလာခဲ့သည်။ ၈လ၃၁ရက်နေ့နှင့် ၉လ၁ရက်နေ့တွင် ထိုသူတို့သည် Jeju တရားရုံးနှင့် လွှတ်တော်ရှေ့ ဆန္ဒပြရန်နှင့် သတင်းထောက် စည်းဝေးပွဲပြုမည်ဖြစ်ကြောင်း၊ ၉လ ၂ရက်နေ့မှာ onsu တွင်ရှိသော CAG အသိုင်းအဝိုင်းသို့ ဆန္ဒပြရန်၊ ၉လ၃ရက်နေ့တွင် အိမ်တော်ပြာသို့ ဆန္ဒပြရန် နှင့် ၉လ၄ရက်နေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ဆုတောင်းပဌနပြုသည့် အဆောက်အဦးသို့ သွားရောက်ဆန္ဒပြရန် စသည်တို့ကို အချိန်ဇယားအရ သိခဲ့ရသည်။ CAG အသင်းတော်မှ ယုံကြည်သူ ဒုက္ခသည်များသည် မိဘ၊ဆွေမျိုးရောက်လာသည်ကို စောလျင်စွာ တွေ့ဆုံလို၍ အသင်းတော်က ကိုးရီးယား၏ နိုင်ငံခြားရေး ရဲတပ်ဖွဲ့အား စီစဉ်ပေးဖို့ရန်အတွက် ဆက်သွယ်ပေးသည်။ ရဲတပ်ဖွဲ့မှ ဝူမင်ယွင့်နဲ့ ဆက်သွယ်သော် ဝူမင်ယွင့်က ဆန္ဒပြပြီး၊ သတင်းထောက် စည်းဝေးပွဲပြီးမှ ထိုသူတို့အား ဆွေမျိုးမိဘတို့နှင့် ဆုံတွေ့ခွင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဝူမင်ယွင့်နှင့် CCP တို့သည် အနန္တတန်ခိုးရှင် အသင်းတော်မှ ယုံကြည်သူတို့ကို တားဆီးရန်နှင့် ဆွေမျိုးတို့အား ဆုံတွေ့ခွင့်ပေးရန် ကိုးရီးယားသို့ လာသည်ကို ကိုးရီးယားကျိုးကြောင်း သိသူမှတစ်ဆင့် သိခဲ့ရသည်။ သို့သော် ဖြစ်ရပ်မှန်ကား ဝူမက်ယွင့်က ယုံကြည်သူနှင့် မိသားစုတို့ ဆုံတွေ့မှုကို တားဆီးဖို့အတွက်ဖြစ်သည်။ CCP နှင့် အစွန်းရောက်ဘာသာကို ဆန့်ကျင်သူတို့၏ ရည်ရွယ်ချက်မှာ အသင်းတော်၏ ယုံကြည်သူမိသားစုတို့အတွက် စဉ်းစားပေးသည်မဟုတ်၊ နိုင်ငံရေးဆိုင်ရာ မူဝါဒကို ဖြန့်ချိ ဖို့ရန်အတွက် ဖြစ်ကြောင်းကို ဤဖြစ်ရပ်အရ သိသာစွာ မြင်တွေ့ရသည်။ ဘာသာရေး လွတ်လပ်ခွင့် ကာကွယ်သော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ NGO အဖွဲ့ဝင်ကိုးခုမှ ECOSOC တွင်အတိုင်ပင်ခံ အဆင့်အတန်းရှိပြီး ဖြစ်သော အသင်းအဖွဲ့များ CAP-LC အပါအဝင်မှ ထိုသို့အပြစ်မဲ့ ဒုက္ခသည်များအား နှိပ်စက်ညှဉ်းပန်းမှုကို အဆုံးသတ်ရန် သြဂုတ်လ ၃၁ရက်နေ့တွင် ဆင့်ခေါ်စာ၌ လက်မှတ်ရေးထိုးခဲ့သည်။ CCP နှင့် အစွန်းရောက်ဘာသာကို ဆန့်ကျင်သူတို့၏ အပြုအမူများကိုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ဘာသာရေး လွတ်လပ်ခွင့် ကာကွယ်သော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ NGO အဖွဲ့ဝင်ကိုးခုမှ ဆင့်ခေါ်စာ တရုတ်ပြည်ကလာတဲ့အနန္တတန်ခိုးရှင်ကဒုက္ခသည်များကိုညှင်းပန်းနှိပ်စက်မှုပြုခြင်းက ရပ်တန့်လိုက်ပါ။ အနန္တတန်ခိုးရှင်အသင်းတော်ကအဖွဲ့ဝင် ဟာ တရုတ်ပြည်မှာညှင်းပန်းနှိပ်စက်ခြင်း ခံနေရတယ်။ ဒီ အတောအတွင်းမှာ သေလောက်အောင် ရိုက်နှက်နှိပ်စက်ညှင်းပန်းခြင်းအမှုတွေကိုစစ်ဆေးနိုင်တယ်။ ဒီအတွက်ကြောင့် ရာနှင့်ချီပြီး အနန္တတန်ခိုးရှင်အဖွဲ့ဝင်က ကိုရီးယားအဖွဲ့ကိုနိုင်ငံရေးခိုလှုံခွင့် တောင်းလျှောက်ကြတယ်။ သို့သော်ကိုရီးယားတွင် CCP ရဲ့စက်ကွင်းက ဆက်လိုက်နေဆဲဖြစ်တယ်။ CCP ကတရုတ်ပြည်မှာကျန်ခဲ့သော ယုံကြည်သူ တို့၏ မိဘကို ခြိမ်းခြောက်ပြီး ကိုရီးယားကိုသွားခိုင်း၍ ဒုက္ခသည်တွေကို နေရပ်ကိုပြန်လာခိုင်းတယ်။ တစ်ကယ်တော့သူတို့တွေဟာ မိမိနေရပ်ပြန်လာရခြင်းမဟုတ်ဘဲ ထောင်ထဲဖမ်းဆီးခံရခြင်းဖြစ်တယ်။ CCPက ကိုရီးယားက ဒေသဆိုင်ရာ "အစွန်းရောက်ဘာသာ"တိုက်ဖျက်ရေး အဖွဲ့အစည်းကူညီမှုအောက် မှာ "ဆန္ဒပြ"ဟန်ဆောင်လှုပ်ရှားမှုကိုသရုပ်ဆောင်ကြသည်။ CCP ကဆိုယင်တရုတ်ပြည်မှာရှိတဲ့ ဘာသာရေးဂိုဏ်းကဏ္ဍ ကို ဖျက်ဆီးရုံမက အခြား နိုင်ငံကိုထွက်ပြေးပြီးနောက် CCP က"အစွန်းရောက်ဘာသာ”တိုက်ဖျက်ရေးနှင့်“pro” တရုတ်လူမျိုးထောက်ခံရေး အသုံးပြုပြီး ဆက်လက်ဖမ်းဆီးခိုင်းတယ်။ အရမ်းကို စိတ်အမျက်ကိုထွက်စေတယ်။ တရုတ်ပြည်အာဏာပိုင်ကိုတောင်းဆိုချင်တယ် အပြစ်မရှိတဲ့ဒုက္ခသည်တွေပေါ်မှာ ဆန့်ကျင်မုန်းတီးခြင်းမှရပ်တန့်စေချင်တယ်။ကိုရီးယားအစိုးရကိုလည်တောင်းဆိုချင်တယ် အနန္တတန်ခိုးရှင်ယုံကြည်သူဒုက္ခသည်အဖွဲ့တွေကို နေရာပေးစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့တရုတ်ပြည်ကိုပြန်သွားမယ်ဆိုယင်ဖမ်းဆီး နှိပ်စက်ခြင်းတွေကိုခံရနိုင်တယ်။ ၂၀၁၈ခုနှစ် သြဂုတ်လ ၃၁ရက် CAP-LC Coordination des Associations et des Particuliers pour la Liberté de Conscience CESNUR – Center for Studies on New Religions EIFRF European Inter-Religious Forum for Religious Freedom FOB – European Federation for Freedom of Belief FOREF – Forum for Religious Freedom Europe HRWF – Human Rights Without Frontiers LIREC – Center for Studies on Freedom of Belief, Religion and Conscience ORLIR – International Observatory of Religious Liberty of Refugees Soteria International Source from: BITTER WINTER
0 Comments
Leave a Reply. |